ရင်ဘတ်အောင့်တာတွေ ဖြစ်နေသေးလား

အလွန်အကျွံ ဖြစ်လာရင် ဘာမှမကောင်းဘူးဆိုတာ သိထားကြပြီးသားပါ။ အဲ့ဒီ အလွန်အကျွံထဲမှာ ရေသောက်ခြင်းလည်း ပါဝင်နေပါတယ်။ ရေဟာ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်ပေမဲ့ လိုတာထက် အများအပြားကို သောက်နေမိရင်တော့ ကျန်းမာရေးကိုတောင် ထိခိုက်စေလာနိုင်ပါတယ်။ ရေကို အလွန်အကျွံသောက်လို့ ကျန်းမာရေးချို့ယွင်းလာမှုကို water intoxication လို့ ခေါ်ပါတယ်။

၁။ သွေးထဲမှာဆိုဒီယံဓာတ်ကျဆင်းလာ

15.jpg 

သွေးထဲမှာ ဆိုဒီယံဓာတ်နည်းလာနိုင်ပါတယ်။ ဆိုဒီယံဟာ electrolytes တွေအတွက် လုပ်ဆောင်ပေးတဲ့အရာဖြစ်ပြီး electrolytes တွေဟာ ခန္ဓာကိုယ်ရဲ့ များပြားတဲ့လုပ်ဆောင်မှုတွေကို ထိန်းချုပ်တဲ့ ဆဲလ်တွေကို အချက်ပြကြပါတယ်။ ရေကို အလွန်အကျွံသောက်တဲ့အခါ သွေးထဲက ဆိုဒီယံဓာတ် နည်းလာပြီး မူးဝေအော့အန်တာ၊ ပျို့အန်တာ၊ နုံးချိမောပန်းတာနဲ့ ဆီးအရမ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ နှလုံးကိုဝန်ပိစေ

နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ မှုတ်ထုတ်ပေးတဲ့အလုပ် လုပ်ပါတယ်။ ဒီအလုပ်ကြောင့်ပဲ အသက်ရှင်နေတာပါ။ ရေအရမ်းသောက်လွန်းရင် ခန္ဓာကိုယ်တွင်းက သွေးထုထည် ပိုများလာပြီး နှလုံးသွေးကြောတွေနဲ့ နှလုံးကို မလိုအပ်တဲ့ဖိအားတွေ ဖြစ်လာစေတယ်။

၃။ Glomeruli ပျက်စီးနိုင်

14.jpg 

Glomeruli ဆိုတာကတော့ ကျောက်ကပ်တွေထဲက ဆံခြည်မျှင်အရွယ်အစုအဝေးလေးဖြစ်ပါတယ်။ ကိုယ်တွင်းက ပိုနေတဲ့ရေတွေကို စွန့်ထုတ်ဖို့ စစ်ထုတ်တဲ့အလုပ်ကို လုပ်တယ်။ ရေကို လိုတာထက်ပိုသောက်တဲ့အခါ ဒီစနစ်ကို ပျက်စီးစေပါတယ်။

၄။ ဆဲလ်တွေရောင်ရမ်းလာ

သွေးတွေဟာ ရေကြောင့် ပိုကျဲလာရပြီး သွေးထဲက electrolytes စုစည်းမှုဟာ ဆဲလ်တွေထဲမှာထက် ပိုမိုကျဆင်းလာပါတယ်။ ဒီနှစ်ခု မျှတနေဖို့ အရေးကြီးပါတယ်။ ရေကို အရမ်းသောက်လွန်းတော့ ဟန်ချက်မညီတော့ဘဲ ဆဲလ်တွေရောင်ရမ်းလာပါတော့တယ်။ ဦးနှောက်ဆဲလ်တွေ ရောင်ရမ်းလာတဲ့အခါ အသက်ရှုရပ်တာ၊ coma ရတာနဲ့ အခြားဦးနှောက်ဆိုင်ရာ ပြဿနာတွေ ကြုံလာရနိုင်တာကို သတိပြုသင့်ပါတယ်။

၅။ ပိုတက်ဆီယံကျဆင်းလာနိုင်

ပိုတက်ဆီယံဆိုတာလည်း ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ရှိသင့်တဲ့ပမာဏ ရှိနေအောင် ထိန်းထားမှ ကျန်းမာမှာပါ။ ရေကို အများကြီးသောက်တော့ ပိုတက်ဆီယံဓာတ် ကျဆင်းလာကာ ယားယံခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေထောက်ကိုက်ခြင်းတွေကို ခံစားရလေ့ရှိပါတယ်။

၆။ ကလိုရင်းတွေပိုသောက်မိနိုင်

Drinking-Water01.jpg 

ရေသန့်အများစုဟာ သန့်စင်ရေးအဆင့်တွေမှာ ကလိုရင်းကို အသုံးပြုကြပါတယ်။ ကလိုရင်းတွေ ခန္ဓာကိုယ်ထဲကို များများဝင်ရောက်လာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ လုပ်ဆောင်မှု ကျဆင်းလာခြင်းနဲ့ ကင်ဆာရောဂါ အန္တရာယ်တို့ ရှိလာနိုင်ပါတယ်။

Source : Style Craze

Share

Loading Next Article...
က္က