Dietary Fibre လို့ခေါ်တဲ့ အာဟာရဖြစ်စေတဲ့ အမျှင်ဓာတ်ဟာ သဘာဝအစားအစာတွေမှာ ပါရှိတတ်ပြီး လူ့ခန္ဓာကိုယ်အတွက် (အထူးသဖြင့် အစာချေစနစ်အတွက်) အလွန်အရေးပါပါတယ်။

Dietary Fibre လို့ခေါ်တဲ့ အာဟာရဖြစ်စေတဲ့ အမျှင်ဓာတ်ဟာ သဘာဝအစားအစာတွေမှာ ပါရှိတတ်ပြီး လူ့ခန္ဓာကိုယ်အတွက် (အထူးသဖြင့် အစာချေစနစ်အတွက်) အလွန်အရေးပါပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးမယ်ဆိုရင် အစာချေစနစ်ကို ပိုမိုကောင်းမွန်စေသလို အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဝိတ်ချဖို့ ကြိုးစားနေသူတွေကတော့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးသင့်ပါတယ်။

၁။ ဂေါ်ဖီထုပ်ငယ်

crispy-balsamic-brussels-sprouts-2.jpg 

ဂေါ်ဖီထုပ်ငယ်ထဲမှာ ဗိုက်တာမင်အေ၊ အမျှင်ဓာတ်၊ ကယ်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရော ပမာဏကို လျော့ကျစေနိုင်ပါတယ်။ ကိုလက်စ်ထရော ပမာဏနည်းပါးတော့ ကိုယ်အလေးချိန်လည်း ကျဆင်းစေနိုင်ပါတယ်။

၂။ စားတော်ပဲ

နေ့စဉ်လိုအပ်တဲ့ အာဟာရဖြစ်စေတဲ့ အမျှင်ဓာတ်၊ ပရိုတိန်းဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ စားတော်ပဲကတော့ နေ့စဉ်စားသုံး ပေးမယ်ဆိုရင် ကိုယ်အလေးချိန် ချရေးစီမံကိန်းမှာ အကောင်းဆုံးရလဒ်တွေ ရရှိအောင် ကူညီစွမ်းဆောင် ပေးနိုင်ပါတယ်။

၃။ မာလကာသီး

1200px-Guava_ID.jpg 

မာလကာသီးဟာ တခြားသစ်သီးတွေနဲ့ နှိုင်းစာရင် သကြားဓာတ်ပိုမိုနည်းပါးစွာ ပါဝင်ပြီး မရှိမဖြစ်လိုအပ်တဲ့ ပရိုတိန်းဓာတ်တွေကတော့ ပိုမိုကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ မာလကာသီးဟာ အမျှင်ဓာတ်နဲ့ မျိုးစုံသော ဗိုက်တာမင်ဓာတ်တွေကို ပေးစွမ်းနိုင်တယ်လို့လည်း နာမည်ကြီးပါတယ်။

၄။ အယ်လ်မွန်စေ့

ကြွပ်ရွတဲ့ သစ်စေ့လေးတွေကို ဝါးပေးခြင်းက လွယ်လွယ်နဲ့ ဗိုက်ပြည့်စေနိုင်ပါတယ်။ အယ်လ်မွန်စေ့ထဲမှာ အမျှင်ဓာတ်လည်း ကြွယ်ဝတော့ အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုပေးနိုင်ပြီး ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

၅။ ငှက်ပျောသီး

171262723.jpg 

ငှက်ပျောသီးမှာ အမျှင်ဓာတ်ကြွယ်ဝတာကိုတော့ အားလုံးမျက်မြင် ကိုယ်တွေ့ပါပဲ။ ငှက်ပျောသီးဟာ အာဟာရဓာတ်လည်း အထူးကြွယ်ဝတဲ့အတွက် သွေးလှူထားတဲ့သူတွေကိုဆိုရင် ငှက်ပျောသီးတစ်လုံးနဲ့ ကြက်ဥတစ်လုံး ကျွေးလို့ရှိကြပါတယ်။ ငှက်ပျောသီးဟာ ကိုယ်အလေးချိန်ကျဆင်းစေဖို့ ကူညီပေးနိုင်တယ်လို့လည်း နာမည်ကြီးပါတယ်။

၆။ ရွှေဖရုံသီး

ရွှေဖရုံသီးဟာ ဟင်းသီးဟင်းရွက်ထဲမှာ အမျှင်ဓာတ်အကြွယ်ဝဆုံးထဲမှာ ပါဝင်ပြီး သဘာဝအတိုင်း ချိုမြိန်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်လို့ တစ်ပတ်မှာ အနည်းဆုံး (၂) ကြိမ် (၃) ကြိမ်တော့ စားပေးသင့်ပါတယ်။ အဲဒီလိုစားပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက ခေါင်းမာတဲ့အဆီဓာတ်တွေကို မြန်မြန်ဆန်ဆန်နဲ့ ချေဖျက်ပေးနိုင်ပါတယ်။

၇။ မုယောစပါး

5e8978d1-89ab-41b9-b433-89c5f90036aa--food52_07-17-12-2080.jpg 

အမျှင်ဓာတ်အကြွယ်ဝဆုံးနဲ့ မနက်စာအတွက် အရွေးချယ်သင့်ဆုံး အစားအစာတစ်မျိုးကတော့ မုယောစပါးပါပဲ။ မုယောစပါးဖျော်ရည် တစ်ခွက်ကို အစာမစားခင် သောက်သုံးပေးခြင်းက အစာချေခြင်းကို ပိုမိုမြန်ဆန်စေပြီး အဆီပိုတွေကိုလည်း အမြန်ဆုံးချေဖျက်ပေးနိုင်ပါတယ်။

၈။ ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ အစရှိတဲ့ ဘယ်ရီသီးနွယ်ဝင် အသီးလေးတွေဟာ အာဟာရဓာတ်ပေါင်းစုံ ပေါင်းစုနေတဲ့ အသီးလေးတွေပါပဲ။ သူတို့ဟာ ခန္ဓာကိုယ်ထဲမှာ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ထိန်းညှိပေးတဲ့ antioxidant တွေ ကြွယ်ဝတဲ့ ရင်းမြစ်လေးတွေဖြစ်သလို အဆီပိုတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။

၉။ ပင်ပွားစေ့

smoothie-with-chia-flax-seeds.jpg 

ပင်ပွားစေ့လေးတွေဟာ သေးငယ်တဲ့ မျက်စိလေးတွေနဲ့ ဆင်တူတဲ့ အစေ့သေးသေးလေးတွေပါ။ သူ့ချည်းပဲ ဖျော်ရည်အဖြစ် ဖျော်သောက်လို့ရသလို တခြားအသီးအနှံတွေနဲ့လည်း ရောနှောသောက်သုံး နိုင်ပါတယ်။ ပင်ပွားစေ့လေးတွေကတော့ အမျှင်ဓာတ်ကြွယ်ဝပြီး အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ သတ္တိရှိတော့ နေ့စဉ်သောက်ပေးသင့်တဲ့ထဲမှာ ပါဝင်ပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က