သေချာတာတစ်ခုကတော့ ဘာသာစကားသာမရှိခဲ့ရင် ကျွန်တော်တို့ လူသားမျိုးနွယ်စုတွေ ကမ္ဘာဦးကျောက်ခေတ် လူသားတွေ အဆင့်မှာပဲ ကျန်နေခဲ့ဦးမှာပါ။

ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို ဘာသာစကားပေါင်းစုံလည်း ရှိပါတယ်။ ဘာသာစကားဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့အတွက် အဓိကအရေးပါတဲ့ အရာတစ်မျိုးဖြစ်သလို လူ့သမိုင်းတလျှောက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အနုပညာတွေ၊ သိပ္ပံအချက်အလက်တွေ၊ သမိုင်းကြောင်းတွေကို မှတ်တမ်းတင်ဖို့အတွက် အဓိကလိုအပ်ပါတယ်။ သေချာတာတစ်ခုကတော့ ဘာသာစကားသာမရှိခဲ့ရင် ကျွန်တော်တို့ လူသားမျိုးနွယ်စုတွေ ကမ္ဘာဦးကျောက်ခေတ် လူသားတွေ အဆင့်မှာပဲ ကျန်နေခဲ့ဦးမှာပါ။ ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်းစုံ ရှိတဲ့ထဲကမှ သင်ယူရအခက်ခဲဆုံးလို့ အသိအမှတ်ပြုခံထားရတဲ့ ဘာသာစကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁၀။ ခရိုအေးရှားဘာသာစကား

Croatian-text-610x863.jpg

ခရိုအေးရှားဘာသာစကားဟာ Serbo-Croatian ဘာသာစကားကို စနစ်တကျဖြစ်အောင် မွမ်းမံပြင်ဆင်ထားတာဖြစ်ပြီး ဥရောပသမဂ္ဂက တရားဝင်အသိအမှတ်ပြုထားတဲ့ ရုံးသုံးဘာသာစကား တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီဘာသာစကားဟာ အရှေ့ဘက် Herzegovinian အက္ခရာကို အခြေခံထားပါတယ်။ အဲဒီအက္ခရာဟာ Montenegrin, Standard Serbian နဲ့ Bosnian အစရှိတဲ့ ဘာသာစကားတွေရဲ့ အခြေခံအက္ခရာလည်း ဖြစ်ပါတယ်။

၉။ ဟန်ဂေရီဘာသာစကား

ဟန်ဂေရီနိုင်ငံရဲ့ တရားဝင် ရုံးသုံးဘာသာစကားဖြစ်တဲ့ ဟန်ဂေရီဘာသာစကားဟာလည်း ဥရောဂသမဂ္ဂရဲ့ တရားဝင်အသိအမှတ် ပြုထားတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ ဒီဘာသာစကားကို Slovakia, Ukraine, Serbia နဲ့ Romania နိုင်ငံတွေမှာ အသုံးပြုကြပါတယ်။ Uralic ဘာသာစကားအုပ်စုဝင် ဘာသာစကားတစ်ခုဖြစ်ပြီး မှတ်သားရခက်တဲ့ အက္ခရာတွေပါဝင်ပါတယ်။

၈။ ဂေးလစ်ခ်ဘာသာစကား

gaelic-text-610x200.jpg

စကော့တစ်ရှ်ဂေးလစ်ခ်လို့လည်း လူသိများကြတဲ့ ဒီဘာသာစကားဟာ ဆဲလ်တစ်စ်ဘာသာစကား တစ်မျိုးဖြစ်ပြီး စကော့တလန်ဒေသခံတွေ သုံးစွဲကြပါတယ်။ ဒီဘာသာစကားဟာ Goidelic နွယ်ဝင် ဘာသာစကားတစ်ခုဖြစ်ပြီး manx တို့၊ မော်ဒန်အိုင်းရစ်ချ်တို့လို အလယ်ဒေသ အိုင်းရစ်ချ်ဘာသာစကားမှ ဆင်းသက်လာပါတယ်။

၇။ ဂျပန်ဘာသာစကား

အာရှအရှေ့ပိုင်းက ဒီဘာသာစကားဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံတော်သုံး ဘာသာစကားဖြစ်ပြီး ကမ္ဘာတဝှမ်းက လူသန်းပေါင်း (၁၂၅) သန်းခန့်က သုံးစွဲနေကြပါတယ်။ Japonic ဘာသာစကားအုပ်စုထဲမှာ ပါဝင်ပြီး ကမ္ဘာပေါ်က အခက်ခဲဆုံး ဘာသာစကားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်လို့ သတ်မှတ်ခံထားရပါတယ်။ ဒါကလည်း တရုတ်ဘာသာစကားနဲ့ အမျိုးတော်စပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဂျပန်ဘာသာစကားမှာ ရှုပ်ထွေးခက်ခဲတဲ့ ဂုဏ်ပြုချီးမြှောက်စကား စနစ်တစ်ခု ပါဝင်ပါတယ်။

၆။ အယ်လ်ဘေးနီးယား ဘာသာစကား

အယ်လ်ဘေးနီးယား ဘာသာစကားဟာ အင်ဒီယို-ဥရောပ ဘာသာစကားတစ်မျိုးဖြစ်ပြီး Kosovo, Albania, Bulgaria နဲ့ Macedonia နိုင်ငံက နိုင်ငံသားတွေ သုံးစွဲကြတဲ့ ဘာသာစကားတစ်မျိုးပါ။ ဒီဘာသာစကားက ရာစုနှစ်နဲ့ချီပြီး ကြာမြင့်နေပြီဖြစ်ပြီး Montenegro, Italy နဲ့ Greece နိုင်ငံက ရှေးဟောင်းမိသားစုတွေ သုံးစွဲခဲ့ကြပါတယ်။ ဂျာမန်နဲ့ ဂရိဘာသာစကားတွေနဲ့ စကားလုံးတည်ဆောက်ပုံ ဆင်တူပြီး ဝေါဟာရပိုင်းမှာတော့ တခြားဘယ်ဘာသာစကားနဲ့မှ မတူညီဘဲ ကွဲပြားပါတယ်။

၅။ အိုက်စ်လန်းဒစ် ဘာသာစကား

 အိုက်စ်လန်းဒစ် ဘာသာစကားဟာ အင်ဒို-ဥရောပဘာသာစကားတစ်မျိုးဖြစ်ပြီး မြောက်ဂျာမနီဘက်မှာ အသုံးပြုကြပါတယ်။ အမေရိကရဲ့ ကိုလိုနီနယ်ချဲ့မှုနောက်ပိုင်းမှာ ဒန်းနစ်ချ်နဲ့ ဆွီဒင်ဘာသာစကား တွေရဲ့ လွှမ်းမိုးမှုကို တော်တော်ခံခဲ့ရပါသေးတယ်။

၄။ ထိုင်းဘာသာစကား

Bhuddha_Sutra_in_Thai-Khmer_Font-610x458.jpg 

Siamese လို့လည်း လူသိများတဲ့ ထိုင်းဘာသာစကားကတော့ ထိုင်းနိုင်ငံရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ Tai-Kadai ဘာသာစကား မိသားစုဝင်တစ်ခုဖြစ်ပြီး အက္ခရာအများစုဟာ ပါဋ္ဌိ၊ ခမာနဲ့ သက္ကတ ဘာသာစကားတွေက ဆင်းသက်လာပါတယ်။

၃။ ဗီယက်နမ်ဘာသာစကား

ဗီယက်နမ်ဘာသာစကားဟာလည်း ဗီယက်နမ်နိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လူမျိုးစုပေါင်းများစွာ နေထိုင်ကြတဲ့ထဲမှာမှ ဗီယက်နမ်ဘာသာစကားကို လူသုံးအများဆုံးလည်း ဖြစ်ပါတယ်။ ဗီယက်နမ်ဝေါဟာရတွေကို တရုတ်ဘာသာစကားမှ ငှားရမ်းထားပြီါ် အခုအချိန်မှာ အသုံးပြုူနေတဲ့ ဗီယက်နမ်အက္ခရာတွေကတော့ လက်တင်အက္လရာကို အသံနဲ့ စကားလုံး အနည်းငယ် ပြောင်းလဲထားတာဖြစ်ပါတယ်။

၂။ အာရပ်ဘာသာစကား

arabic-script-610x458.jpg 

ယနေ့အသုံးပြုနေကြတဲ့ အာရပ်ဘာသာစကားဟာ ၆ ရာစုနှစ်တုန်းက အသုံးပြုခဲ့ကြတဲ့ ဂန္တဝင်အာရပ် ဘာသာစကားကနေ ဆင်းသက်လာတာပါ။ ဒီဘာသာစကားကို အရှေ့အလည်ပိုင်းကနေ အာဖရိက ကျွန်းဆွယ်အထိ နိုင်ငံတော်တော်များများမှာ အသုံးပြုကြပါတယ်။ အာရပ်ဘာသာစကားကို ခက်ခဲစေတဲ့ လှည့်ကွက်တစ်ခု ရှိပါတယ်။ စာသင်ခန်းထဲမှာ သင်ခဲ့ရတဲ့ ဝေါဟာရတွေက အရေးနဲ့ အဖတ်ပိုင်းမှာ ကူညီပေးနိုင်ပေမယ့် ဒေသခံတွေနဲ့ စကားပြောမယ်ဆိုရင်တော့ ခက်ခဲမှုကို သိသိသာသာ ခံစားရစေမှာပါ။

၁။ တရုတ်ဘာသာစကား

chinese-language-610x408.jpg 

တရုတ်ဘာသာစကားကို ခက်ခဲစေတဲ့ အဓိကအကြောင်းရင်းက မူကွဲများစွာ ရှိတာပါပဲ။ တရုတ်ပြည်မကြီးထဲမှာတောင် ပြည်နယ်အလိုက် ဘာသာစကားနဲ့ သုံးနှုန်းမှု ကွဲပြားမှုတွေ ရှိကြသလို တရုတ်အက္ခရာတွေကလည်း မှတ်သားရခက်ခဲပါတယ်။ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ (၅) ပုံ (၁) ပုံက တရုတ်ဘာသာစကားကို သုံးစွဲကြပြီး ကမ္ဘာအခက်ခဲဆုံး ဘာသာစကားအဖြစ် သတ်မှတ်ခံထားရပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်ဝမ်နဲ့ စင်္ကာပူနိုင်ငံတို့မှာ အဓိကအသုံးပြုကြပါတယ်။

Source: List25

Share

Loading Next Article...
က္က