သူများပြောတိုင်း အလွယ်တကူ လက်မခံလိုက်နဲ့နော်။

ကိုယ့်အသားအရေကိုက ဝက်ခြံထွက်လွယ်တဲ့ အသားအရေမျိုးဆိုတော့ ဘယ်လိုပဲနေနေ ဝက်ခြံတွေက ထွက်ပြီးရင်း ထွက်နေတော့တာပါပဲ။ နည်းတာနဲ့ များတာပဲကွာတယ်။ ဝက်ခြံကတော့ တစ်လုံးပျောက်ရင် တစ်လုံးက ထွက်လာတာ။ ဝက်ခြံပျောက်စေမယ့် နည်းတွေကိုလည်း အကုန်စမ်းကြည့်ခဲ့တယ်။ ညအိပ်ခါနီးမှာ ဝက်ခြံဖုပေါ်ကို သွားတိုက်ဆေး တို့ထားလိုက်ရင် မနက်ကျတော့ ပျောက်သွားမယ်လို့ ပြောကြတယ်။ ဒီနည်းဟာ တကယ်ပဲ အသုံးတည့်ရဲ့လား။

 

ယူကေက အရေပြားနဲ့ အလှအပရေးရာဆေးခန်း Sondskin ရဲ့ အလှအပဆရာဝန် ဒေါက်တာ Sharkar က ဒီမေးခွန်းအတွက် အဖြေကို ဖြေပေးခဲ့ပါတယ်။ သူကတော့ သွားတိုက်ဆေးနဲ့ ဝက်ခြံကိုကုတာ အားမပေးပါဘူး။ သွားတိုက်ဆေးတို့ထားလို့ ဝက်ခြံက ချပ်သွားတာထက် အသားအရေကို ပိုပျက်စီးစေတယ်လို့ ဆိုပါတယ်။

 

သွားတိုက်ဆေး တို့ထားလိုက်တဲ့အခါ အရေပြားက ခြောက်သွေ့သွားပြီး ယားယံလာတယ်၊ အပေါ်ယံ အရေခွံကို ခွာလိုက်သလို ဖြစ်သွားတာပါလို့ ဆိုတယ်။ သွားတိုက်ဆေးမှာ ပါဝင်တဲ့ မုန့်ဖုတ်ဆိုဒါ၊ ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ်၊ အယ်လ်ကိုဟော၊ ပရုပ်နဲ့ ကယ်လ်ဆီယံကာဘွန်နိတ်တို့ဟာ အရေပြားကို ယားယံစေပြီး အသားလောင်သွားစေပါတယ်။ မကြာခဏ သွားတိုက်ရင်တောင် သွားတွေကို ပျက်စီးစေတာမို့ သွားတိုက်ဆေးကို အရေပြားပေါ်တင်ဖို့ဆိုတာ မလုပ်သင့်တဲ့အရာပါ။

 

ဒါဆိုရင် ဝက်ခြံပျောက်အောင် ဘာလုပ်ကြမလဲ? Benzoyl peroxide ဒါမှမဟုတ် Salicylic acid ပါဝင်တဲ့ ပစ္စည်းတွေကို သုံးပေးရပါမယ်။ အဲ့ဒီပစ္စည်းတွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး ဝက်ခြံကို သက်သာစေပါလိမ့်မယ်။ Tea tree oil ကိုလည်း သုံးနိုင်ပါတယ်။ ဝက်ခြံကို လက်နဲ့မကိုင်ပါနဲ့။ မျက်နှာကို သန့်ရှင်းအောင် ထားပေးဖို့လည်း လိုပါတယ်။

Source : Pop Sugar

Share

Loading Next Article...
က္က