သေးသေးမွှားမွှားလေး ဆိုပေမဲ့ အားလုံးဟာ အဲ့ဒီကနေ စတော့တာပဲ

သွေးဆောင်ဖြားယောင်းမှုတွေက နေရာတိုင်းမှာရှိတယ်။ ကိုယ့်ချစ်သူ/အိမ်ထောင်ဖက်အပေါ် အပြည့်အဝ ဖောက်ပြန်နေတာမျိုးကြီး မဟုတ်ပေမဲ့ နည်းနည်းလေးလောက်၊ သေးသေးမွှားမွှားလေး ဖောက်ပြန်နေမိတာမျိုးဟာ ဒီခေတ်ဒီအခါမှာ အတွေ့များလာရတယ်။ ဒါကို mirco-cheating လို့ ခေါ်ပါတယ်။

 

Mirco-cheating ဆိုတာ ကိုယ့်မှာ ချစ်သူ/အိမ်ထောင်ဖက် ရှိပါလျက်နဲ့ တခြားတစ်စုံတစ်ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ အာရုံစိုက်နေမိတာကို ဆိုလိုပါသတဲ့။ ကိုယ့်ရဲ့ အချစ်ရေးအခြေအနေမှန်ကို လိမ်ညာတယ်၊ အချစ်ဟောင်းနဲ့ အွန်လိုင်းပေါ်မှာ ပြန်ပတ်သက်တယ်၊ ဒါမှမဟုတ် ကိုယ့်ချစ်သူမဟုတ်တဲ့ တခြားလူတစ်ယောက်ကို ချစ်သူမသိအောင် တောက်လျှောက်ဆိုသလို စာတွေပို့တယ်။ စသဖြင့် နည်းအမျိုးမျိုးပါပဲ။ ဒါတွေအားလုံးဟာ micro-cheating ထဲမှာ ပါဝင်ပါတယ်။

 

လူမှုကွန်ရက်တွေနဲ့ dating app တွေဟာ ဒါတွေဖြစ်လာဖို့အတွက် မီးမောင်းထိုးပေးနေသလိုပါပဲ။ ဖေ့စ်ဘုတ်မက်ဆေ့ဘောက်ကနေ private မက်ဆေ့တွေပို့တာမျိုးကနေ စတာပေါ့။ အရင်ခေတ်တုန်းကလို စာတွေအပြန်အလှန်ပို့၊ ခိုးကြည့်တဲ့ခေတ်မျိုးလည်း မဟုတ်တော့ဘူးလေ။

 

ဒါဆိုရင် micro-cheating ဆိုတာ ဖောက်ပြန်တာပဲလားလို့ မေးစရာရှိလာတယ်။ ဒီအတွက် အဖြေရှင်းရှင်းလင်းလင်းတော့ ပေးလို့မရပါဘူး။ အဲ့လိုသေးသေးမွှားမွှားလေးတွေကနေပဲ အကြီးကြီးထိ ဖြစ်လာနိုင်တယ်။ ကိုယ့်စိတ်က တခြားလူအပေါ်ကို ရိုမန့်တစ်ဆန်ဆန်ပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာအတွေးတွေ ဆက်တိုက်တွေးနေမိရင်တော့ ကိုယ့်ချစ်သူနဲ့ကိုယ့်ကြားမှာ အတားအဆီးတွေ ဖြစ်လာတော့မှာ သေချာတယ်။ ကိုယ်ရောစိတ်ရော အဲ့လိုအတွေးတွေ အပြုအမူတွေ မလုပ်သေးသမျှတော့ micro-cheating ဟာ ဖောက်ပြန်တာ အစစ်ကြီးတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ရှေ့ဆက်လာရင်တော့ တကယ်ဖောက်ပြန်မိတော့မှာမို့ ကိုယ့်စိတ်ကို ကိုယ်ဘယ်လိုထိန်းချုပ် ရပ်တန့်ရမလဲဆိုတာ ကြိုတင်ပြီးတော့သာ နည်းလမ်းရှာထားပါတော့လို့.....။

Source : Red

Share

Loading Next Article...
က္က