ကိတ်မစ်ဒယ်လ်တန်ဟာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို အလေးထားလုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ သူမရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ဖို့အတွက် စာသင်ကျောင်းတွေမှာ အစီအစဉ်တစ်ခုကို ကြေညာလိုက်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့မှာ Brent မြို့က Roe Green Junior School ကို သွားရောက်ပြီး သူမရဲ့အစီအစဉ်ကို ကျောင်းသားတွေနဲ့ ဆရာတွေကို စတင်မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ကျန်းမာပျော်ရွှင်မှုကို အထောက်အကူပြုမယ့် သင်ခန်းစာတွေကို စီစဉ်ထားပါတယ်။ ပြီးရင်တော့ ကိတ်ဟာ ဧည့်သည်တွေနဲ့ လှုပ်ရှားမှုမှာပါဝင်သူတွေကို မိန့်ခွန့်ပြောဦးမယ်လို့ သိရပါတယ်။ အဲ့ဒီကျမှ ပရော့ဂျက်အသေးစိတ်ကို ထုတ်ဖော်ပြောကြားမှာပါ။
ဒီအစီအစဉ်ကို The Royal Foundation က လူငယ်တွေကိုဦးစားပေးတဲ့ စိတ်ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကို ပရဟိတလုပ်ဆောင်နေတဲ့ Heads Together, Place2Be နဲ့ Young Minds အဖွဲ့တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီပရော့ဂျက်ဟာ ကမ်းဘရစ်ချ်မြို့စားနဲ့ မြို့စားကတော်ကိတ်၊ မင်းသားဟယ်ရီတို့ရဲ့ Heads Together လှုပ်ရှားမှုရဲ့ ကဏ္ဍတစ်ရပ်လည်း ဖြစ်ပါတယ်။
ကိတ်မစ်ဒယ်လ်တန်အတွက်တော့ လူငယ်တွေကို ပံ့ပိုးပေးခြင်းဟာ The Royal Foundation မှာ သူမအနေနဲ့ အဓိကအာရုံစိုက်လုပ်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
Source : Huff Post