Heather Hansen ကို သာမာန် မီးသွေးပန်းချီ ပညာရှင်တစ်ယောက်လို့ ပြောလို့တော့မရဘူး။ သူ့ရဲ့ ဖန်တီးပုံတွေက တမူထူးခြားတယ်လေ။ ဟီသာက မီးသွေးခဲနဲ့ ပန်းချီဆွဲတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားလေ့ရှိတယ်။
သူမက အနုပညာတင်ဆက်သူတစ်ဦးလည်း ဖြစ်သလို အကသမားတစ်ဦးလည်း ဖြစ်ပါတယ်။ နယူးအော်လိန်းမှာ နေထိုင်တယ်လို့ သိရတယ်။ စက္ကူဖြူ စာရွက်ကြီးပေါ်မှာ ထိုင်ပြီး မီးသွေးခဲနဲ့ ပန်းချီတွေဆွဲတယ်။ တီးလုံးသံနဲ့အတူ ခန္ဓာကိုယ်က ယိမ်းနွဲ့လှုပ်ရှားပြီး မီးသွေးခဲကိုကိုင်ကာ ခြယ်ပါတယ်။
စက္ကူစကြီးပေါ်မှာထိုင်ကာ မီးသွေးခဲကိုင်ထားတဲ့ လက်တွေကို ဆန့်ထုတ်လိုက်ပြီး စက်ဝိုင်းခြမ်းတွေလို စတင်ရေးဆွဲတယ်။ ပြီးတော့မှ ဆက်ဆက်ပြီးတော့ ဆွဲသွားလိုက်တာ နောက်ဆုံးမှာ ထူးခြားတဲ့ ရုပ်ပုံကားချပ်တွေ ဖြစ်လာခဲ့တယ်။ ၂၀၁၃ ခုနှစ်ကစပြီး မီးသွေးပန်းချီတွေကို ဆွဲနေခဲ့တာပါတဲ့။ တစ်နေ့ကိုတစ်ပုံ ဆွဲနေခဲ့တယ်လို့ သိရတယ်။ ဝိုင်းအုံကြည့်နေတဲ့ ပရိသတ်ရှေ့မှာလည်း သူမက သက်ဝင်ခံစားမှုအပြည့်နဲ့ ရေးဆွဲနေခဲ့တာပါပဲ။
၂၀၁၃ ခုနှစ် နောက်ပိုင်းကစပြီး တောက်လျှောက် ရေးဆွဲနေခဲ့ပါတယ်။ တစ်နေ့ကို အနုပညာတစ်ခု လုပ်တယ်ဆိုရင်ပဲ ဖန်တီးနိုင်မှုစွမ်း မြင့်တက်လာပြီး စိတ်ဓာတ်တက်ကြွစေတယ်လေ။ ဟီသာက သူမရဲ့ ဖန်တီးမှုတွေကို ဗီဒီယိုရိုက်ထားပြီး သူမရဲ့ဝက်ဘ်ဆိုက် heatherhansen.net မှာ ပြန်တင်ထားပါတယ်။ ဝယ်ချင်တယ်ဆိုရင်တော့ သူမရဲ့ ဖန်တီးမှု မီးသွေးပန်းချီတွေက တစ်ပုံကို ဒေါ်လာ ၆၉၅ နဲ့ ဝက်ဘ်ဆိုက်ကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Source : Bore Panda