In partnership with  logo
အမျိုးသမီးတွေလည်း တန်းတူအခွင့်အရေးရဖို့အတွက် တောက်လျှောက်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသမီး မေရီဟာ ပြင်သစ်နိုင်ငံမှာ  Strasbourg မြို့မှာပြုလုပ်တဲ့ ဥရောပကောင်စီ လွှတ်တော်အစည်းအဝေးမှာ မိန့်ခွန်း ပြောသွားခဲ့ပါတယ်။ အသက် ၄၅ နှစ်ရှိ ဒိန်းမတ်မင်းသမီးဟာ ၁၉၆၀ ခုနှစ် ဖက်ရှင်ကို ခပ်ရှင်းရှင်းဝတ်လာခဲ့ပါတယ်။ ဒိန်းမတ်အိမ်ရှေ့စံမင်းသားရဲ့ ကြင်ယာတော် မေရီဟာ ဒီဝတ်စုံကို မကြာခဏဝတ်လေ့ရှိတာကို တွေ့ရပါတယ်။

 

Strasbourg မြို့ကို ရောက်တာနဲ့ ဥရောပကောင်စီ လွှတ်တော်အစည်းအဝေးမတိုင်မီ အစည်းအဝေးပေါင်းများစွာကိုလည်း ဒိန်းမတ်နိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သေးတယ်။ မေရီဟာ တော်ဝင်မျိုးနွယ်မိသားစုဝင် အမျိုးသမီးတွေထဲက ထင်ရှားထက်မြက်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း လူ့အခွင့်အရေးကာကွယ်ဖို့၊ ကျားမ တန်းတူညီမျှဖြစ်ဖို့နဲ့ ဒီမိုကရေစီအရေးအတွက် ထောက်ခံလှုပ်ရှားပေးနေသူပါ။

 

" လူ့အခွင့်အရေးဆိုတာ အခြေခံကျတဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုပဲ၊ အဲ့တာကို လူတိုင်း မွေးဖွားချိန်ကစပြီး သေဆုံးချိန်ထိ ပိုင်ဆိုင်တယ်။ ရှင်ဘယ်ကပဲဖြစ်ဖြစ် ဘာကိုပဲယုံကြည်ပါစေ ဒါမှမဟုတ် ကိုယ့်ဘဝကို ဘယ်လိုရှင်သန်မလဲဆိုတာ ဘယ်လိုပဲရွေးထားပါစေ လူ့အခွင့်အရေးက လူတိုင်းမှာ အကျုံးဝင်သက်ရောက်တယ် " လို့ မေရီက မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ ကျား၊မ တန်းတူညီမျှရေးဟာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူမှုဘဝဖူလုံဖို့၊ လူမှုရေးပိုင်းစည်းလုံးညီညွတ်ဖို့နဲ့ လွတ်လပ်မှုတို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက်တစ်ခုဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါသေးတယ်။

 

အမျိုးသမီးတွေကို အကြမ်းဖက်တာက ကျား၊မ တန်းတူညီမျှမှုမရှိခြင်းရဲ့ အပြင်းထန်ဆုံး သရုပ်သကန်တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူမရဲ့ မိန့်ခွန်းကိုတော့ ကမ္ဘာကြီးကို ပိုပြီးညီမျှဖို့၊ မျှတဖို့နဲ့ အားလုံးရဲ့အနာဂတ်မှာ ပိုမိုတောက်ပပြီး အကျိုးရှိဖို့ကို တိုက်တွန်းရင်းနဲ့ သူမရဲ့မိန့်ခွန်းကို အဆုံးသတ်သွားခဲ့ပါတယ်။ မေရီဟာ ကလေး ၄ ဦး ကို မွေးဖွားထားတဲ့ မိခင်တစ်ဦးလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ အမျိုးသမီးတွေလည်း တန်းတူအခွင့်အရေးရဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ ကုလသမဂ္ဂတို့မှာ ပူးပေါင်းပါဝင်ရင်း တောက်လျှောက်လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က