ဆမ်ဆောင်းရေခဲသေတ္တာတွေက ဘာတွေ ပိုပြီး ထူးခြားကောင်းမွန်နေသလဲဆိုတာကို နည်းနည်းလောက်လေ့လာကြည့်ကြရအောင် ....။
 

ရေခဲသေတ္တာလို့ဆိုလိုက်ရင် အစားအသောက်တွေ ကြာကြာခံအောင် အအေးဓါတ်ပေးနိုင်ရုံပဲ။ အားလုံးအတူတူပါပဲလို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ Samsung အမှတ်တံဆိပ်ရေခဲသေတ္တာတွေမှာက သင့်ရဲ့နေ့စဉ်ဘဝကို ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် ၊ ပိုပြီးအဆင်ပြေလွယ်ကူအောင် ကူညီပေးနိုင်တဲ့ အဆင့်မြင့်နည်းပညာတွေပါဝင်နေတာကြောင့် သာမန် ရေခဲသေတ္တာတွေထက်ပိုပြီး စွမ်းဆောင်နိုင်တာကိုတွေ့ရမှာပါ။ ဒါဆိုရင် ဆမ်ဆောင်းရေခဲသေတ္တာတွေက ဘာတွေ ပိုပြီး ထူးခြားကောင်းမွန်နေသလဲဆိုတာကို နည်းနည်းလောက်လေ့လာကြည့်ကြရအောင် ....။

၁) Digital Inverter Compressor

ရေခဲသေတ္တာကို အချိန်ပြည့်ဖွင့်ထားရင် မီတာခတွေအများကြီးကျမယ်ဆိုတဲ့ ခေတ်က ကျန်ခဲ့ပါပြီ။ ဆမ်ဆောင်းရဲ့ Digital Inverter Compressor နည်းပညာက ရေခဲသေတ္တာရဲ့ အပူချိန်ကို လိုအပ်တဲ့အခြေအနေမှာ အမြဲထိန်းသိမ်းထားဖို့ လိုအပ်တဲ့ စွမ်းအင်ပမာဏကိုသာသုံးစွဲတာကြောင့် လျှပ်စစ်စွမ်းအင်သုံးစွဲမှုပမာဏကို လျှော့ချပေးနိုင်ပြီး အမြဲအေးမြ နေစေမှာပါ။Digital Inverter Compressor နည်းပညာက မီတာခသက်သာစေရုံတင်မကဘဲ ရေခဲသေတ္တာရဲ့တခြားအစိတ်အပိုင်းတွေ မလိုအပ်ဘဲအချိန်ပြည့်လည်ပတ်တုန်နေရတာကိုလည်းလျှော့ချပေးနိုင်တာကြောင့် ရေခဲသေတ္တာကိုတာရှည်ခံစေတာ ကြောင့် ၁၀ နှစ်အထိအာမခံပေးနိုင်ပါတယ်။

(၂) Moistfresh Zone

Moistfresh Zone ကတော့ ရေခဲသေတ္တာထဲမှာ စိုထိုင်းဆကို အမြဲတမ်းအကောင်းဆုံးအခြေအနေရှိအောင် ထိန်းသိမ်းပေးထားမှာဖြစ်ပြီး အသီးအရွက်တွေကို သဘာဝအတိုင်းကြာရှည်လတ်ဆတ်နေအောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) Deodorizing Filter

Deodorizing Filter နဲ့ သဘာဝဖိုင်ဘာ Filter ပါဝင်တာကြောင့် ရေခဲသေတ္တာထဲမှာထည့်ထားတဲ့ပစ္စည်းတွေရဲ့ မူလအနံ့အရသာကိုပြောင်းလဲစေတဲ့ အစားအသောက်အနံ့တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးမှာပါ။

(၄) Easy Slide

အထူးဒီဇိုင်းရေးဆွဲထားတဲ့ စင်တွေက အလွယ်တကူအထုတ်အသွင်းပြုလုပ်နိုင်ပြီး ၄၅ ကီလိုဂရမ်အလေးချိန်ထိတင်နိုင်တာ ကြောင့် တကယ့်ကိုအသုံးဝင်ပြီး အလဟဿဖြစ်နေတဲ့နေရာလွတ်တွေမရှိတော့ဘဲ ပစ္စည်းများများထည့်ဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒါတွေကတော့Samsung ရေခဲသေတ္တာတွေရဲ့အားသာချက်တွေအများကြီးထဲကမှ တစ်ချို့ကိုရွေးချယ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်း Samsung ရေခဲသေတ္တာဝယ်ယူသူတွေကို Lock & Lock တံဆိပ် Lunch Box တွေလက်ဆောင်ပေးနေတာကြောင့် အိမ်ကရေခဲသေတ္တာအဟောင်းကြီးကို ခေတ်မီဆန်းသစ်တဲ့ ရေခဲသေတ္တာအသစ်တစ်လုံးနဲ့အစားထိုးဖို့ စဉ်းစားနေရင်တော့ မြန်မြန်လေးသာသွားဝယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒါ့အပြင် ဆမ်ဆောင်းရေခဲသေတ္တာတစ်လုံး ကံထူးနိုင်မယ့် အခွင့်အရေးတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ဇန်နဝါရီလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ ပြည်သူ့ရင်ပြင်မှာကျင်းပမယ့် ဓူဝံအစားအသောက်ပွဲတော် (Duwun Food Carnival 2018 ) က ဆမ်ဆောင်းဆိုင်ခန်းရှိရာနေရာကိုသွားပြီး မေးခွန်းအနည်းငယ်လောက်ဖြေဆိုရုံနဲ့ ဆမ်ဆောင်း ရေခဲသေတ္တာကံထူးရှင်ဖြစ်မယ့် အခွင့်အရေးပါပဲ ။ ဓူဝံမီဒီယာက ကြီးမှူးကျင်းပတဲ့ Duwun Food Carnival 2018 ကို Samsung Myanmar ကပါဝင်ပံ့ပိုးကူညီပေးထားတာဖြစ်ပြီး ရေခဲသေတ္တာတစ်လုံးကံစမ်းမဲဖောက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က