ဒီနေ့ (ဇန်နဝါရီ ၂၅) ရက်နေ့မှာ google ကို ဖွင့်လိုက်မယ်ဆိုရင် Google Doodle မှာ အမျိုးသမီးတစ်ဦးရဲ့ ပန်းချီကို တွေ့ရမှာပါ။ ပိန်လျလျအမျိုးသမီးတစ်ဦးနဲ့ သစ်ရွက်ခြောက်တွေဟာ စာရေးဆရာမ Virginia Woolf ကို အမှတ်ရဂုဏ်ပြုတဲ့အနေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဗြိတိန်စာရေးဆရာမ ဗာဂျီးနီးယားဝုဖ်ရဲ့ ၁၃၆ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။
Mrs Dalloway ၊ To The Lighthouse နဲ့ A Room of One's Own စတဲ့ စာအုပ်တွေဟာ ကျော်ကြားခဲ့ပြီး ကမ္ဘာအနှံ့ကိုလွှမ်းမိုးခဲ့တယ်။ စာပေနယ်ပယ်ထက်ကို ကျော်လွန်ပြီးတော့ ကျယ်ပြန့်တဲ့လွှမ်းမိုးမှု ရှိခဲ့တယ်။ ၂၀ ရာစုရဲ့ အထင်ရှားဆုံး စာရေးစရာတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဗာဂျီးနီးယားဝုဖ်ကို ၁၈၈၂ ခုနှစ်က လန်ဒန်မှာ မွေးဖွားခဲ့ပြီး ၁၉၀၀ ပြည့်နှစ်မှာ ပရော်ဖက်ရှင်နယ် စာရေးသူဖြစ်လာတယ်။ လန်ဒန်ရဲ့စာပေအသိုင်းအဝိုင်းမှာ ထင်ရှားသူတစ်ဦး ဖြစ်လာပြီးနောက် နာမည်ကျော်ခေတ်ပြိုင်အနုပညာရှင်များအသိုက်အဝန်း Bloomsbury Group ထဲမှာ ပါဝင်ခဲ့ပါတယ်။
ဗာဂျီးနီးယားဝုဖ်ရဲ့ စာရေးသားဟန်ဟာ တစ်မူထူးခြားခဲ့ပါတယ်။ မော်ဒန်စာပေ၊ အမျိုးသမီးသမီးဝါဒဆန်ဆန်ဇာတ်ကြောင်းတွေကို ရေးသားခဲ့တယ်။ စာပေနယ်ပယ်ထဲက ဦးဆောင်သူတစ်ဦး ဖြစ်လာခဲ့တယ်။
စိတ်ဓာတ်ကျဆင်းမှုကို အကြီးအကျယ် ခံစားနေခဲ့ရတယ်။ အချိန်အတော်ကြာ ခံစားနေခဲ့ရပြီးနောက် ၁၉၄၁ ခုနှစ်၊ မတ်လ ၂၈ ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါတယ်။ အိမ်အနီးက Ouse မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့သွားခဲ့တာပါ။
Source : Time