သူများတွေနဲ့မတူဘဲ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ ချွေးအရမ်းထွက်တယ်။ ပူပြီဆိုလည်း ချွေးက ထွက်သလားမမေးနဲ့။ ချွေးထွက်သန်လွန်းတော့ လူကြားထဲသွားရင် ကိုယ့်စိတ်ကိုယ်မလုံဘူး။ ခန္ဓာကိုယ်က ချွေးစော်နံ့နေတာကြောင့်မို့လို့လေ။
၁။ အဝတ်အစားကို အရမ်းကျပ်တာတွေ မဝတ်ပါနဲ့။ အဝတ်ကျပ်ကျပ်တွေက ချွေးထွက်လာရင် ပိုပြီးအနံ့ကို ထွက်စေတယ်။
၂။ ချွေးနံ့ပျောက်ဆေးကို ကြိုသုံးပါ။ စပရေးဖြစ်ဖြစ် roll on ဖြစ်ဖြစ် အဆင်ပြေရာကို သုံးနိုင်ပါတယ်။
၃။ အရေးပေါ် ချွေးနံ့ပျောက်ဆေး အနေနဲ့ ခံတွင်းသန့်ဆေးရည်ကို သုံးကြည့်ပါလား။ တစ်ရှုးပေါ်ကို ခံတွင်းသန့်ဆေးရည်ဆွတ်ပြီး ချိုင်းကို သုတ်လိမ်းလိုက်ရင် အနံ့ထိန်းထားပေးလိမ့်မယ်။
၄။ အဝတ်အစားတွေမှာ ချွေးစွန်းနေတာ ပျောက်ဖို့အတွက် ရှာလကာရည်ကို သုံးကြည့်နိုင်ပါတယ်။ ရေထဲကို ရှာလကာရည်ထည့်ပြီး အဝတ်ကို စိမ်ထားလိုက်ပါ။ ချွေးကွက်တွေ ပြောင်သွားရော။