သဘာဝအတိုင်းအာနိသင်ပြည့်ဝတာမို့ ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။

ပန်းဂေါ်ဖီစိမ်းကို ဆားရည်စိမ်ပြုလုပ်ပြီး စားသုံးကြည့်ပါလား။ စားရတာ ကြွပ်ကြွပ်ရွရွလေးဖြစ်ပြီး သဘာဝအတိုင်း အာနိသင် အပြည့်အဝရှိတာမို့ ကျန်းမာရေးကို အထောက်အကူပြုနှုန်းက လျော့ကျသွားဖြင်း မရှိပါဘူး။ ပါဝင်ပစ္စည်း နည်းပါးပြီး ပြုလုပ်ရတာလည်း လွယ်ကူတာကြောင့် လွယ်လင့်တကူ စားသုံးလို့ရပြီး ထမင်းစားမြိန်စေမှာပါ။

 

ပါဝင်ပစ္စည်းများ

 

ပန်းဂေါ်ဖီစိမ်း - ၂ပွင့်

ဆား - ၁/၄ ခွက်

သကြား - ၁/၄ ခွက်

ရှာလကာရည် - ၁/၂ ခွက်

 

ပြုလုပ်နည်း

 

ပန်းဂေါ်ဖီစိမ်းကို အပေါ်ပိုင်း အပွင့်အစိမ်းနားကနေ လှီးဖြတ်ပြီးတော့ အစိတ်လေးတွေ စိတ်ပေးပါ။ ရိုးတံကျန်နေတဲ့အခါမှာ ရိုးတံ အောက်ခြေကို လှီးဖြတ်ပြီး လွှင့်ပစ်ပါ။ ကျန်ရှိနေတဲ့ ရိုးတံတွေကို အလျားလိုက် လေးစိတ်ခွဲပေးပြီးတော့ သုံးပိုင်းလောက် ပိုင်းပေးပြီး ပန်းဂေါ်ဖီစိမ်းတွေနဲ့အတူ ရေစင်ကြယ်နေအောင် ဆေးကြောပေးပါ။

 

အိုးတစ်ခုအတွင်းသို့ ဆား ၁/၄ ခွက်၊ သကြား ၁/၄ ခွက် နဲ့ ရှာလကာရည် ၁/၂ ခွက်ကို ထည့်ပြီး ကျိုပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးအားကို လျှော့ပေးပါ။ ရေဆေးကြောထားတဲ့ ပန်းဂေါ်ဖီစိမ်းတွေကို ဇကာတစ်ခုထဲ ထည့်ပြီးတော့ အောက်မှာ ဇကာဆန့်စေမယ့် ဗန်းတစ်ခုခုခံပေးရပါမယ်။ ပြီးရင်တော့ ပန်းဂေါ်ဖီစိမ်းတွေပေါ်ကို ခုနကကျိုထားတဲ့ အရည်ကို အနှံ့လောင်းပေးရပါမယ်။ လောင်းချလိုက်တဲ့ အရည်တွေက အောက်မှာ ခံထားတဲ့ ခွက်အတွင်းကို ကျသွားပါလိမ့်မယ်။ ပြန်အသုံးပြုရမှာဖြစ်တဲ့အတွက် ဇကာဆန့်စေမယ့် ဗန်းကို အသုံးပြုရတာဖြစ်ပါတယ်။

 

ပန်းဂေါ်ဖီစိမ်းကို အရည်လောင်းပြီးတဲ့အခါမှာတော့ ရေအေးအေးလေးနဲ့ စိမ်ပြီး ဆေးပေးပါ။ ရေခဲတုံးလေးတွေ ထည့်ဆေးရင် ပိုကောင်းပါတယ်။ ပန်းဂေါ်ဖီစိမ်းက အစိမ်းရောင်ပိုတောက်ပြီးတော့ လတ်ဆတ်နေစေမှာဖြစ်ပါတယ်။ ရေအေးအေးနဲ့ ဆေးပေးပြီးရင်တော့ ဖန်ပုလင်းတစ်ခုထဲကို  ပန်းဂေါ်ဖီစိမ်းတွေထည့်ပေးပြီး ဗန်းအတွင်းမှ ကျိုထားတဲ့အရည်တွေကို ဖန်ပုလင်းပြည့်သည်အထိ လောင်းထည့်ပေးရုံပါပဲ။

 

ပြီးရင်တော့ ရေခဲသေတ္တာထဲ ထည့်သွင်းသိမ်းဆည်းထားပြီး မိမိစားချင်တဲ့အချိန်မှာ စားသုံးလို့ရပါပြီ။

Source : maangchi

Share

Loading Next Article...
က္က