လက်ရှိ ကုမ္ပဏီရဲ့ Valuation ကတော့ ဒေါ်လာဂဏန်းရှစ်လုံး ဖြစ်သွားပြီလို့ ဆိုပါတယ်။

Bagan Keyboard ကိုထုတ်လုပ်တဲ့ မြန်မာ Tech Startup တစ်ခုဖြစ်တဲ့ Bagan Innovation Technology (BIT) ဟာ ဒေါ်လာ ဂဏန်းခြောက်လုံးရှိတဲ့ Pre-Series B ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၈ ဇန်နဝါရီ ၂၆ က ထပ်မံရရှိခဲ့ပါတယ်။ Bagan Innovation Technology ကုမ္ပဏီရဲ့ လူသိများ ထုတ်ကုန်တွေကတော့ Bagan Keyboard, ဝန်ဇင်း(Wun Zinn) စာအုပ်စင် Application နဲ့ မင်းသိင်္ခ (Min Thein Kha) ဆိုတဲ့ အွန်လိုင်းကနေ ဗေဒင် မေးလို့ရတဲ့ app တွေပဲ ဖြစ်ပါတယ်။

ကိုသက်လင်းဟန် (CEO), ကိုစိုးခိုင်ဝင်း (CTO) နဲ့ ကိုဝင်းလှိုင်ဦး (CMO) တိုက ၂၀၁၂ ခုနှစ်မှာ Bagan Innovation Technology ကို စတင်တည်ထောင်ခဲ့တာပါ။  ၂၀၁၆ မှာ seed funding ကို UMJ Ikeya Investment ကနေ ရရှိထားတာဖြစ်ပြီး 2017 မှာတော့ Group Lease Holding မှ Series A ရယူခဲ့ပါတယ်။ ခုနောက်ဆုံး Pre-Series B Investment တန်ဖိုးဟာ ဒေါ်လာဂဏန်းခြောက်လုံး ဖြစ်ပြီး လက်ရှိ ကုမ္ပဏီရဲ့ Valuation ကတော့ ဒေါ်လာဂဏန်းရှစ်လုံး ဖြစ်သွားပြီလို့ ဆိုပါတယ်။

 

Bagan Innovation Technology ဟာ စတင်လုပ်ကိုင်ချိန်ကတည်းက Application တွေ ရေးသားထုတ်လုပ်ရမှာ နာမည်ရခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ယခုချိန်ထိ Mobile App တွေအတွက် ငွေပေးချေမှု အခက်အခဲတွေ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ဒီအကြောင်းနဲ့ ပတ်သတ်ပြီး Bagan Innovation Technology ရဲ့ Business Development Manager ဖြစ်သူ ကိုဝင်းထွဋ် က “အဓိက အခက်အခဲတွေကတော့ Digitization နဲ့ Payment ပါပဲ။ လူတိုင်းအလွယ်တကူ အသုံးပြုနိုင်တဲ့ Payment စနစ်တွေ ဒီထက်ပိုများလာဖို့ လိုပါမယ်” လို့ဆိုပါတယ်။

မင်းသိင်္ခ (Min Thein Kha) ဗေဒင် app ဟာ လက်ရှိ အသုံးပြုသူ ၂ သိန်းကျော်ရှိပြီး Wun Zinn မှာတော့ စာအုပ်ပေါင်း ၅ထောင်ကျော်နဲ့ Register User ပေါင်း ၁ သန်း ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။ Bagan Keyboard ကတော့ လက်ရှိမှာ လစဉ်အသုံးပြုသူ ငါးသန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။

Share

Loading Next Article...
က္က