လုပ်ရလွယ်ကူပြီး အရသာလည်း ရှိပါတယ်နော်။

Monday Blues ကြောင့် စိတ်ညစ်ညူးနေသူတွေအတွက် Tea time မှာ လက်ဖက်ရည်၊ ကော်ဖီနဲ့ တွဲဖက်မြည်းလို့ကောင်းတဲ့ မုန့်ပဲသရေစာလေးတစ်မျိုးကို ဖော်ပြပေးချင်ပါတယ်နော်။ အဲဒါကတော့ ငှက်ပျောသီးဋ္ဌာပနာာပိုင်မုန့်လေးပါပဲ။ ငှက်ပျောသီးကို Nutella (ချောကလက်ခရင်မ်) နဲ့ရောပြီး ပိုင်မုန့်အတွင်းပိုင်းထဲမှာ ဋ္ဌာပနာထည့်သွင်းထားတာမို့ ချိုမြိန်တဲ့အရသာနဲ့ စားလို့အရမ်းကောင်းပါတယ်နော်။

ပါဝင်ပစ္စည်းများ

8123841942_7c2018a168.jpg 

ရယ်ဒီမိတ် ပိုင်မုန့် မုန့်နှစ်ဂျုံပြား (၁) ထုပ်၊ Nutella ခရင်မ် လက်ဖက်ရည်ဇွန်း (၈) ဇွန်း၊ အအေးခံထားတဲ့ ငှက်ပျောသီး (၂) လုံး၊ ကြက်ဥ (၁) လုံး၊ ဟင်းသီးဟင်းရွက်ဆီ (၁) ခွက်၊ သကြားအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

8123841626_a86bebacd9.jpg 

ပိုင်မုန့်လုပ်ဖို့ မုန့်နှစ်ဂျုံပြားကို (၁/၈) လက်မအရွယ် အပြားလေးဖြစ်အောင် ဒလိမ့်တုံးနဲ့ လှိမ့်လိုက်ပါ။ ပြီးရင် ပီဇာလှီးတဲ့ cutter ကိုအသုံးပြုပြီး (၄) လက်မပတ်လည် မုန့်နှစ်ပြားအဝိုင်းချပ်လေးတွေ ဖြစ်လာအောင် ဖန်တီးလိုက်ပါ။ ပြီးရင် nutella ခရင်မ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ငှက်ပျောသီးကို တစ်ကိုက်စာအတုံးလေးတွေ တုံးတစ်ပြီး (၂) တုံးခန့်ကို ခုနက (၄) လက်မပတ်လည် မုန့်နှစ်ပြားလေးထဲမှာ ထည့်ပေးလိုက်ပါ။

 

ကြက်ဥကို ပန်းကန်လုံးတစ်လုံးထဲမှာ ခေါက်ထည့်ပြီး ရလာတဲ့အနှစ်ကို မုန့်နှစ်ပြားရဲ့ နှုတ်ခမ်းသားနေရာလေးတွေမှာ သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ဖက်ထုပ်ထုပ်သလိုပဲ ဋ္ဌာပနာ အဆာပလာပစ္စည်းတွေကို သေချာဖုံးမိသွားအောင် မုန့်နှစ်ပြားကို ခေါက်ပေးလိုက်ပါ။ ပြီးတော့မှ ခက်ရင်းတစ်ချောင်းနဲ့ အနားသားကို အရာလေးတွေ လိုက်ပေးလိုက်ပါ။ မကြော်ခင် ရေခဲသေတ္တာ အအေးခန်းထဲမှာ မိနစ်အနည်းငယ်ထားပြီး အအေးခံပေးလိုက်ပါဦး။

 

ဒယ်အိုးတစ်လုံးထဲမှာ ဟင်းသီးဟင်းရွက်ဆီထည့်ပြီး အပူချိန် (၃၇၅) ဒီဂရီလောက်နဲ့ အပူပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ပိုင်မုန့်လေးတွေကို ဆီပူထဲထည့်ပြီး ကြော်ပေးလိုက်ပါ။ ရွှေညိုရောင်သမ်းလာပြီဆိုရင် ထက်အောက်လှန်ပေးလိုက်ပါဦး။ ပြီးရင်တော့ ပိုင်မုန့်လေးတွေကို ဆယ်ပေးနိုင်ပါပြီ။

 

ပန်းကန်ပြားထဲမှာ ပိုင်မုန့်ကိုထည့်ပြီး ဆီကိုစက္ကူတစ်ရှူးလေးနဲ့သုတ်ပြီး ဆီစစ်ပေးလိုက်ပါဦး။ ပြီးရင် အပေါ်ကနေ သကြားမှုန့်လေး ဖြူးပေးလိုက်ရင်တော့ အရသာရှိတဲ့ ငှက်ပျောသီးပိုင်မုန့်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: heatherchristo

Share

Loading Next Article...
က္က