ဆောင်းကုန်ခါနီးမှ အသားကုန်အေးနေတယ်နော်။ စောင်ပုံထဲမှာ ကွေးနေရင်း အချမ်းပြေဘာစားရမလဲ တွေးနေတဲ့ ကိုကို၊ မမတွေအတွက် ပူပူစပ်စပ်နဲ့ စားလို့အရမ်းကောင်းတဲ့ ကိုရီးယား အစားအစာလေး တစ်မျိုးကို ဖော်ပြပေးချင်ပါတယ်နော်။

ဆောင်းကုန်ခါနီးမှ အသားကုန်အေးနေတယ်နော်။ စောင်ပုံထဲမှာ ကွေးနေရင်း အချမ်းပြေဘာစားရမလဲ တွေးနေတဲ့ ကိုကို၊ မမတွေအတွက် ပူပူစပ်စပ်နဲ့ စားလို့အရမ်းကောင်းတဲ့ ကိုရီးယား အစားအစာလေး တစ်မျိုးကို ဖော်ပြပေးချင်ပါတယ်နော်။ အဲဒါကတော့ ကိုရီးယား ပင်လယ်စာခေါက်ဆွဲပြုတ် လုပ်နည်းလေးပါပဲ။

ပါဝင်ပစ္စည်းများ

jjamppong-veggies-1-650x473.jpg

စွပ်ပြုတ်ရည်ပြုလုပ်ဖို့အတွက် ငါးပါးနီခြောက် တစ်အောင်စ (၂၄ ကောင်ခန့်)၊ (၆) လက်မပတ်လည် ရေညှိခြောက်တစ်ချပ်၊ ရေ (၁၂) ခွက်စာခန့်လိုအပ်ပါတယ်။ အသီးအရွက်တွေကတော့ ကြက်သွန်မြိတ်တစ်ပင်၊ မုန်ညင်းဖြူ (၄) အောင်စခန့်၊ ဂေါ်ဖီရွက် (၃) ရွက်ခန့်၊ ကြက်သွန်နီ (၄) အောင်စခန့်၊ မုန်လာဥနီအသေး တစ်လုံးခန့်တို့ကို လိုအပ်ပါတယ်။

ပင်လယ်စာအနေနဲ့ကတော့ ဆားရည်စိမ်ကမာကောင် (၈) ကောင်ခန့်၊ ပုစွန်ဆိတ်အရွယ်တော် (၄) ကောင်ခန့်၊ ပြည်ကြီးငါး (၄) အောင်စခန့်၊ ဆားရည်စိမ်ခုံးကောင်အသေး (၂၄) ကောင်ခန့်၊ အမဲသား (သို့) ကြက်သား (သို့) ဝက်သား (၄) အောင်စခန့်တို့ကို လိုအပ်ပါတယ်။

 

ခေါက်ဆွဲနဲ့ ဆက်စပ်ပစ္စည်းအပိုင်းမှာတော့ ကိုရီးယားခေါက်ဆွဲခြောက် (၁) ပေါင်ခန့်၊ ကိုရီးယားငရုတ်သီးခြောက် (၅) ဇွန်းခန့်၊ နှမ်းဆီ (၁) ဇွန်းခန့်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းခန့်၊ ဂျင်းထောင်း (၁) ဇွန်းခန့်၊ ဟင်းသီးဟင်းရွက်ဆီ (၁/၄) ခွက်ခန့်၊ ငံပြာရည် (၁) ဇွန်းခန့်နဲ့ ဆား (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။ ဒါတွေစုံရင် စတင်ချက်ပြုတ်လို့ ရပါပြီ။

ပြုလုပ်နည်း

jjamppong-ladle-620x349.jpg 

အရင်ဆုံး စွပ်ပြုတ်ရည်ကို ဖန်တီးရမှာဖြစ်ပါတယ်။ ငါးပါးနီခြောက်၊ ရေနဲ့ ရေညှိခြောက်တို့ကို အိုးတစ်လုံးထဲမှာ စုထည့်လိုက်ပြီး medium high အပူချိန်မှာ မိနစ် (၂၀) ခန့် ချက်ပြုတ်ပေးလိုက်ပါ။ မိနစ် (၂၀) ပြည့်ရင် အပူချိန်ကို လျှော့ချလိုက်ပြီး နောက်ထပ် မိနစ် (၂၀) ခန့် ထပ်ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့အရည်ကို ဇကာကို စစ်ထုတ်လိုက်ရင် စွပ်ပြုတ်ရည် (၁၀) ခွက်စာခန့် ရရှိမှာပါ။

ငရုပ်သီးမှုန့် (၂) ဇွန်းနဲ့ နှမ်းဆီ (၁) ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်ပေးလိုက်ပါ။ ကောင်းကောင်းသမသွားသည်အထိ ဇွန်းတစ်ချောင်းနဲ့ ရောနယ်ပေးလိုက်ပါဦး။ ပြီးရင် ရလာတဲ့ ငရုပ်သီးအနှစ်ကို ဘေးခနဖယ်ထားလိုက်ပါ။

 

ဒယ်အိုးပြားအကြီးတစ်လုံးထဲမှာတော့ ဟင်းသီးဟင်းရွက်ဆီရယ်၊ ကြက်သွန်ဖြူထောင်းရယ်၊ ဂျင်းထောင်းရယ်ကိုထည့်ပြီး သစ်သားယောက်မနဲ့ စက္ကန့် (၂၀) ခန့် ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်ဖြူဆီသတ်ပြီးရင်တော့ အထဲမှာ အမဲသား (သို့) ဝက်သားကို အသားချည်းပဲ တစ်ကိုက်စာအတုံးလေးတွေဖြစ်အောင် လှီးဖြတ်ထည့်ပေးလိုက်ပါ။ ပြီးရင် မိနစ်အနည်းငယ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။

 

ပြီးရင် ဒယ်အိုးရဲ့တစ်ဖက်ခြမ်းမှာ အသားနဲ့ ကြက်သွန်ဖြူတွေကို ဘေးကပ်လိုက်ပြီး ဒယ်အိုးကို စောင်းလိုက်ပါ။ ဒါမှသာ ဆီတွေက ဒယ်အိုးရဲ့တခြားတစ်ဖက်ခြမ်းကို ကျလာမှာပါ။ အဲဒီနေရာမှာ ငရုပ်သီးမှုန့် (၃) ဇွန်းခန့်ထည့်ပြီး မွှေပေးလိုက်ပါ။ တစ်မိနစ်ခန့်ကြာမှ ဒယ်အိုးထဲက ပါဝင်ပစ္စည်းအားလုံးကို ရောသမမွှေပေးလိုက်ပါ။ ပြီးရင် ကြက်သွန်မြိတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီတို့ကိုပါ ရောထည့်ပြီး (၄) မိနစ်ခန့်ကြာအောင် ထပ်မံချက်ပြုတ်ပေးလိုက်ပါဦး။

 

ခနနေရင် စွပ်ပြုတ်ရည် (၆) ခွက်စာခန့်နဲ့ ပင်လယ်စာတွေကိုပါ ဒယ်အိုးထဲကိုရောထည့်လိုက်ပါ။ အဖုံးအုပ်ထားပြီး (၈) မိနစ်ခန့်ကြာအောင် ထားလိုက်ရင် ပုစွန်တွေကော၊ ကမာတွေ၊ ခုံးတွေပါ ကျက်သွားမှာပါ။ ငံပြာရည်၊ ဆားနဲ့ ခုနကဖယ်ထားတဲ့ ငရုပ်သီးအနှစ်တို့ကိုလည်း ဒယ်အိုးထဲရောထည့်ပြီး မွှေပေးလိုက်ပါဦး။ အပူပျော့ပျော့မှာ အဖုံးအုပ်ပြီး ခနလောက်ချက်ပြုတ်ပေးလိုက်ပါဦး။

အဲဒီအချိန်မှာ အိုးအကြီးတစ်အိုးထဲမှာ ရေနွေးတည်ထားလိုက်ပါ။ ရေနွေးဆူပြီဆိုရင် ခေါက်ဆွဲခြောက်တွေကိုထည့်ပြီး ပြုတ်ပေးလိုက်ပါ။ (၅) မိနစ်ကနေ (၈) မိနစ်ကြားလောက် ပြုတ်ပေးပြီးရင် ခေါက်ဆွဲဖတ်လေးတွေ အကျက်ညီပြီဖြစ်ပြီး မီးကိုပိတ်ပေးနိုင်ပါပြီ။ ပြီးရင်တော့ ခေါက်ဆွဲဖတ်တွေကို ရေအေးထဲမှာ စိမ်ထားလိုက်ရင်တော့ အသင့်စားသုံးနိုင်တဲ့ အဆင့်ကို ရောက်ရှိပါပြီ။

 

ခေါက်ဆွဲဖတ်တွေကို ပန်းကန်လုံးအကြီးတွေထဲမှာ လိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် ခုနကပင်လယ်စာ စွပ်ပြုတ်ရည်နဲ့ ပင်လယ်စာတွေကို ပန်းကန်တစ်လုံးချင်းစီမှာ လိုက်ခွဲထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ဆောင်းတွင်းအေးအေးလေးမှာ အရသာရှိတဲ့ ကိုရီးယား ပင်လယ်စာခေါက်ဆွဲပြုတ် ပူပူစပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီနော်။

Share

Loading Next Article...
က္က