In partnership with  logo
အမျိုးသမီးတွေကို မုန်းတီးနှိမ့်ချသူတွေက ဆိုးဆိုးရွားရွားတုံ့ပြန်လာမှာကို သိသိလျက်နဲ့ လုပ်ခဲ့တာ။ အမျိုးသမီးတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်၊ တန်းတူညီမျှရေးအတွက် ထုတ်ဖော်ခဲ့တာ။

Shehzil Malik ဆိုတဲ့ ကောင်မလေးတစ်ယောက်က ပါကစ္စတန်နိုင်ငံတွင်းမှာ ကျား၊မ တန်းတူညီမျှမှု မရှိခြင်းတွေကို ရင်ဖွင့်ဖော်ထုတ်ဖို့အတွက် ဂရပ်ဖစ်ပုံရိပ်တွေကို ရေးဆွဲကာ အမျိုးသမီးဝါဒကို ဖော်ထုတ်ခဲ့တယ်။ သူမရဲ့ ခံစားချက်တွေကို ရုပ်ပုံတွေအဖြစ် ဖော်ပြရမှာမှာ hijab ဝတ်ထားတဲ့ ဆိုင်ကယ်မောင်းသူတွေ၊ တက်တူးထိုးထားတဲ့ အမျိုးသမီးတွေရဲ့ပုံတွေ၊ အသားညိုတဲ့ Wonder Woman ပုံတွေကို ရေးဆွဲခဲ့တယ်။ " ပါကစ္စတန်ဟာ မိန်းကလေးတစ်ဦးအဖို့ ခက်ခဲတဲ့နေရာပါ" လို့ သူမက ပြောတယ်။ သူက လာဟိုးမြို့မှာ နေထိုင်သူပါ။


 

သူကိုယ်တိုင်က ကြွယ်ဝတဲ့မိသားစုကနေ ပေါက်ဖွားခဲ့သူပါ။ ပါကစ္စတန်နိုင်ငံတွင်းက အမျိုးသမီးတွေဟာ လက်ထပ်ဖို့ဖိအားပေးခံရတာတွေ၊ လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့အတွက် ကန့်သတ်တားမြစ်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်ခံရတာတွေကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဖြစ်ရိုးဖြစ်စဉ်လို့တောင် ဖော်ပြခံနေရတယ်။

 

အဲ့ဒီဖြစ်ရပ်တွေကို မခံစားနိုင်တဲ့အတွက် အမျိုးသမီးတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို ဖော်ထုတ်လိုတဲ့အတွက် မာလိဟာ ပါကစ္စတန်က နံရံတွေမှာ ရုပ်ပုံတွေကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။

 

ပထမဆုံးစီးရီးအနေနဲ့ အပြင်ထွက်ရခြင်းရဲ့စိုးရိမ်သောကတွေကို ဖော်ပြခဲ့တယ်။ ကာတွန်းပုံစံ သရုပ်ဖော်ရေးဆွဲထားတာတွေမှာ အမျိုးသမီးတွေကို ဝေဖန်ပြစ်တင်မှုတွေအပေါ် မဖြစ်သင့်ကြောင်းတွေကို သရော်ထားပုံတွေလည်း ပါဝင်ပါတယ်။ " လမ်းတွေမှာ လမ်းလျှောက်တာက ပါကစ္စတန်မိန်းကလေးတွေ မလုပ်ရတဲ့အရာပဲ" လို့ မာလိက ပြောပါတယ်။ အဲ့ဒီအတွက် သူမက လူမြင်ကွင်းနေရာတွေမှာ ဂရပ်ဖစ်ပုံတွေ ရေးဆွဲခဲ့တာပါ။ အမျိုးသမီးမုန်းတီးသူတွေ တုန့်ပြန်လာမှာကို ကြိုတွေးထားပေမဲ့ ဒီပုံတွေက အရမ်းကို ပေါ်ပြူလာဖြစ်လာလိမ့်မယ်လို့တော့ မာလိက မထင်ခဲ့ဘူး။

 

မာလိရဲ့ ပုံတွေဟာ လူပြောများပျံ့နှံ့သွားပါတယ်။ အွန်လိုင်းပေါ်မှာလည်း #womeninpublicspaces ဆိုတဲ့ စာနဲ့အတူ ဖော်ပြလာကြတယ်။ အမျိုးသမီးထုအနေနဲ့ နှစ်ကာလကြာညောင်းစွာ စောင့်စားခဲ့ရတဲ့ ဆန္ဒတွေကို ထောက်ခံကြောင်း ပြသလာကြတယ်။ ဝတ်စားဆင်ယင်မှု၊ လမ်းပေါ်က စော်ကားနှောင့်ယှက်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကို ခံနေရတဲ့ ပါကစ္စတန်အမျိုးသမီးတွေဟာ မာလိရဲ့ လက်ရာတွေကို လူမှုကွန်ရက်တွေမှာ ပြန်လည်တင်ပြပြီး ပြောဆိုနေကြပါတယ်။

Source : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က