ကိတ်မစ်ဒယ်လ်တန်ဟာ သူမရဲ့ဆံပင်တွေကို ဖြတ်ပြီး ကင်ဆာပရဟိတအဖွဲ့တစ်ခုကို လှူဒါန်းလိုက်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ ကင်ဆာရောဂါဖြစ်နေတဲ့ ကလေးတွေနဲ့ လူငယ်တွေကို ဆံပင်အစစ်နဲ့လုပ်ထားတဲ့ ဆံပင်တုတွေ လှူဒါန်းပေးအပ်နေတဲ့အဖွဲ့ပါ။ ကိတ်အနေနဲ့ ကန်ဆင်တန်နန်းတော်မှာ ဆံပင်ညှပ်နေရင်း ဒီလိုမျိုးလှူဒါန်းဖို့ အတွေးရခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့လေးလလောက်တုန်းက ဆံပင်ညှပ်ဆရာ Joey ဟာ ကိတ်ကို ဆံပင်ညှပ်ပေးနေတုန်း ကိတ်က Little Princess Trust ကို ဆံပင် ၇ လက်မ လှူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Joey က သတင်းသမားတွေကို ဖြေကြားခဲ့တယ်။ ဆံပင်တွေကို လွှင့်ပစ်ရတာထက်စာရင် လှူလိုက်ရတာ ပိုကောင်းမယ်လို့ ယူဆပြီး ကိတ်က Joey ကို ပြောခဲ့တာပါ။ အဲ့ဒီနောက် Joey က ကိတ်ရဲ့ဆံပင်တွေကို သွားရောက်ပေးအပ်ခဲ့တယ်။
အဖွဲ့က ဒီဆံပင်တွေဟာ တော်ဝင်မိသားစုဝင် တစ်ယောက်ရဲ့ ဆံပင်တွေဖြစ်တယ်ဆိုတာ မသိခဲ့ကြဘူး။ ကန်ဆင်တန်တဝိုက်က အမျိုးသမီးအလှူရှင်တစ်ဦးရဲ့ ဆံပင်တွေဖြစ်မှာလို့ ထင်ခဲ့ကြတယ်။ မင်းသမီးတစ်ဦးဆံပင်တွေကို ကလေးမလေး တစ်ယောက်ကတော့ ပျော်ပျော်ကြီးတပ်ထားရတယ်ဆိုတဲ့အတွေးက တကယ်နှစ်လိုဖွယ်ကောင်းပါတယ်။
The Little Princess အဖွဲ့ဟာ Herefordshire မှာ အခြေစိုက်ပြီး ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တဲ့ ပရဟိတလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကင်ဆာအကျိတ်ကြောင့် သေဆုံးသွားတဲ့ ၅ နှစ်သမီးလေးတစ်ဦးရဲ့ မိဘတွေက စတင်ခဲ့တာပါ။ အဆိုတော် ဟယ်ရီစတိုင်လ်ကလည်း သူ့ရဲ့ဆံပင်တွေကိုဖြတ်ပြီး ဒီအဖွဲ့ကို လှူခဲ့ဖူးပါသေးတယ်။
Source : Independent