Food Lover လေးတွေနဲ့ သူငယ်ချင်းတော်ရတာ ဒီလိုကောင်းကျိုးလေးတွေ ရနိုင်စေတယ်လေ။

ချစ်ခြင်းမေတ္တာဆိုတာ ကမ္ဘာကြီးမှာလိုအပ်ပါတယ်။ တစ်ခုခုကို မုန်းနေတာထက် ချစ်နေတာလေးက ပိုကောင်းတာပေါ့။ မဟုတ်ဘူးလား။ ချစ်ခြင်းမေတ္တာ ပုံစံမျိုးစုံရှိတဲ့ထဲမှာမှ အစားအသောက်တွေကို ချစ်မြတ်နိုးသူတွေဟာ ချစ်စရာအကောင်းဆုံးပါပဲ။ သူတို့နားမှာ သူတို့ချစ်တဲ့ အစားအသောက်တွေသာရှိရင် ပြီးပြည့်စုံနေပါပြီ။ အစားအသောက်ချစ်သူလေးတွေကို သူငယ်ချင်းတော်ရခြင်းရဲ့ အကောင်းဆုံး အချက်တွေကတော့...

၁။ တကယ်လို့ သင့်မှာ အစားချည်းပဲတစ်လိုင်းဆိုတဲ့ food lover သူငယ်ချင်းတစ်ယောက် ရှိနေပြီဆိုရင် အပြင်ထွက်ပြီး တစ်ခုခုစားမယ်ဆိုရင် တစ်ယောက်တည်းငေါင်နေစရာ မလိုတော့ပါဘူး။ အစားအသောက်နဲ့ ပတ်သက်လာရင် ဘယ်တော့မှ ငြင်းဆန်မှာမဟုတ်တဲ့ သူငယ်ချင်းတွေ ရထားခြင်းဟာ ပျော်စရာအစားစားချိန်လေးတွေကို ရရှိစေနိုင်မှာပါ။

 

၂။ အပြင်ထွက်မုန့်စားရင် မုန့်တွေအများကြီး မှာမိတာမျိုးကိုလည်း ကြုံဖူးကြမှာပါ။ မုန့်တွေပိုနေလို့ ထားခဲ့ရမှာကို စိတ်မပူပါနဲ့။ သင့်ရဲ့ food lover သူငယ်ချင်းလေးတွေက စားပွဲပေါ်မှာ ဘာအစားအစာမှ ချန်ထားခဲ့မှာ မဟုတ်ပါဘူး။

၃။ သူတို့တွေက အချိန်တိုင်းလိုလို ဗိုက်ဆာနေတတ်တော့ ညဘက်ကြီးဗိုက်ဆာလို့ မုန့်ထွက်စားမယ်ဆိုရင် ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ သင့်အနား အပြေးရောက်လာမယ့် သူတွေပါ။

၄။ ရည်းစားနဲ့ အဆင်မပြေဘူးလား။ အလုပ်မှာ စိတ်ဖိစီးမှုများနေလား။ အရာရာကို စိတ်ကုန်စိတ်ပျက်ပြီး စိတ်ဓာတ်ကျနေလား။ Food Lover သူငယ်ချင်းလေးတွေက သင့်ကို ကမ္ဘာပေါ်က အကောင်းဆုံး စိတ်ဖြေဆေးတစ်မျိုးနဲ့ ပေးတွေ့ပါလိမ့်မယ်။ အဲဒါကတော့ အစားအသောက်ပါပဲ။

 

၅။ တစ်ခါတလေကျရင် တစ်ခုခုကိုစားချင်နေပြီး ဘာစားရမလဲမသိ ဖြစ်နေပါသလား။ သင့်ရဲ့ food lover သူငယ်ချင်းလေးတွေက အစားအသောက်နဲ့ ပတ်သက်လာရင် နှံ့နှံ့စပ်စပ်ရှိတဲ့အတွက် ဘယ်နေရာမှာ ဘာကောင်းတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကိုပေးပြီး သင့်ကိုခေါ်ဆောင်သွားပါလိမ့်မယ်။

 

၆။ တစ်ခါတလေမှာ Menu ကို ကြည့်ပြီး ဟိုဟာလည်းစားချင်၊ ဒီဟာလည်း မြည်းချင်နဲ့ ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။ Food Lover သူငယ်ချင်းလေးတွေသာ အနားမှာရှိရင် သူတို့က အကုန်လုံးကိုမှာဖို့ တိုက်တွန်းပြီး ကုန်အောင်လည်း ဝိုင်းကူစားပေးပါလိမ့်မယ်။

 

၇။ ရုတ်တရက်ဗိုက်ဆာလာရင် သိပ်ခေါင်းမစားပါနဲ့။ Food Lover သူငယ်ချင်းရဲ့ ကျောပိုးအိတ် (သို့) လက်ကိုင်အိတ်ထဲကိုသာ လက်နှိုက်လိုက်ပါ။ အနည်းဆုံးတော့ ကိတ်မုန့်တစ်ထုပ် (သို့) ပေါင်မုန့်တစ်ထုပ်တော့ ထွက်လာပါလိမ့်မယ်။

Source: theodysseyonline

Share

Loading Next Article...
က္က