In partnership with  logo
ဘယ်တော့မှ ငြိမ်မခံနဲ့.... ပြတ်ပြတ်သားသား ငြင်းဆန်ပစ်ပါ။ ငြင်းဆန်ရဲတဲ့သတ္တိကို မွေးပါ။

ကမ္ဘာအရပ်ရပ်က လုပ်ငန်းခွင်တိုင်းမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံရမှုတွေကို ကြုံနေရသူတွေ ရှိပါတယ်။ အများစုကတော့ ဒါကို ထုတ်ဖော်ပြောဆိုခြင်း မပြုကြဘူးလို့ စစ်တမ်းတစ်ရပ်က ဆိုတယ်။ လုပ်ငန်းခွင်ထဲက လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ #MeToo လှုပ်ရှားမှု ပေါ်ပေါက်လာပြီးနောက်မှာ အမျိုးသမီးတွေဟာ ကိုယ့်ကိုထိပါးနှောင့်ယှက်လာသူတွေကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောလာကြတယ်။ အထူးသဖြင့် ဆယ်လီတွေပေါ့။ နာမည်ကျော်ကြားတဲ့ မင်းသမီးတွေ၊ အနုပညာရှင်တွေတောင် သူတို့ရဲ့လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်ခံရမှုတွေ ကြုံခဲ့ရပါတယ်။ ကိုယ့်အလုပ်ထဲမှာလည်း ဒီလိုစော်ကားတာမျိုး ရှိလာရင် ငြိမ်မခံပါနဲ့။ သတ္တိရှိရှိနဲ့ တုံ့ပြန်မှဖြစ်မှာပါ။ မဟုတ်ရင် ပိုပိုပြီးဆိုးလာဖို့ပဲရှိမယ်။

၁။ ပြတ်ပြတ်သားသားငြင်းဆန်

stop.png 

ကိုယ့်ကို တစ်စုံတစ်ယောက်က စော်ကားနှောင့်ယှက်တာတွေ လုပ်လာပြီ ၊ အလုပ်နဲ့မသက်ဆိုင်ဘဲ စိတ်မသက်မသာဖြစ်အောင် နှောင့်ယှက်လာပြီဆိုရင် ထုတ်ပြောဖို့လိုပါတယ်။ အရင်ဆုံးကိုယ့်ဘက်က ငြင်းဆန်ပါ။ သူ့အပြုအမူတွေကို လက်မခံနိုင်ကြောင်း ငြင်းဆန်ရမယ်။ လုံးဝ ငြိမ်ခံနေလို့ မဖြစ်ဘူးနော်။ ငြင်းမရတာမျိုး ကြုံခဲ့တယ်ဆိုရင်လည်း အဖြစ်အပျက်အသေးစိတ်ကို နေ့ရက်၊ အချိန်၊ နေရာ၊ လူပုဂ္ဂိုလ် တွေကို အပြည့်အစုံ ရေးမှတ်ထားပါ။

၂။ ယုံကြည်ရတဲ့အမျိုးသားတွေကို တိုင်ပင်ပါ

mihai-surdu-415698.jpg 

ကိုယ့်အဖေ၊ အစ်ကို၊ သူငယ်ချင်းတွေကို ဖွင့်ဟတိုင်ပင်သင့်ပါတယ်။ ကိုယ်ယုံကြည်ရတဲ့ အမျိုးသားတွေဆီကနေ အကြံဉာဏ်တောင်းလို့ရပါတယ်။ အလုပ်ထဲက တခြားယောက်ျားလေးတွေ ကိုယ့်ကို ကာကွယ်စောင့်ရှောက်ပေးလာအောင် ဘယ်လိုမျိုး ပြောသင့်သလဲဆိုတာကိုလည်း အကြံဉာဏ်တောင်းပါ။ ယောက်ျားချင်းဆိုတော့ သူတို့က ပိုသိတယ်လေ။

၃။ အလုပ်ပိုလုပ်ပြ

31.jpg 

များသောအားဖြင့် အလုပ်ထဲမှာ ထိကပါးရိကပါးလုပ်ကြတာက ကိုယ့်ထက် ရာထူးမြင့်တဲ့လူတွေ ဖြစ်နေတတ်တယ်။ ကိုယ်က အနေမှန်ရင်တောင် သူတို့က ရာထူးကြီးတယ်ဆိုပြီး သွေးတိုးစမ်းချင်ကြတာ။ ဒါကြောင့်မို့လို့ မဒီလေးတို့အနေနဲ့ ကိုယ့်အလုပ်ကို ပိုပြီးတော့ လုပ်စေချင်ပါတယ်။ ကိုယ့်လက်ရှိနေရာထက် ပိုမြင့်လာအောင် ရည်မှန်းချက်မြင့်မြင့်ထားပြီး ပိုကြိုးစားပါ။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ထူးချွန်နေရင် တော်ရုံယောက်ျားက မစော်ကားရဲဘူး။

Share

Loading Next Article...
က္က