ဂရင်းလန်းနိုင်ငံသားတွေ နှစ်ခြိုက်စွာသောက်သုံးကြပြီး ဆောင်းတွင်းအအေးဒဏ်နဲ့ အအေးမိဝေဒနာတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ဆောင်းရာသီ အအေးဓာတ်ကုုန်ခါနီးပြီဆိုပေမယ့် အအေးဓာတ်လေးကတော့ ရှိနေဆဲပါပဲ။ ဆောင်းရာသီရဲ့ အအေးဓာတ်ကို အထာကျကျ ကျော်လွန်လိုသူတွေအတွက် ဂရင်းလန်းလို အအေးပိုင်းဒေသမျိုးမှာ အသောက်များတဲ့ ကော်ဖီတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီကော်ဖီလေးကတော့ ဂရင်းလန်းကော်ဖီပဲ ဖြစ်ပါတယ်။



 

ဂရင်းလန်းနိုင်ငံသားတွေ နှစ်ခြိုက်စွာသောက်သုံးကြပြီး ဆောင်းတွင်းအအေးဒဏ်နဲ့ အအေးမိဝေဒနာတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အိုင်းရစ်ချ်ကော်ဖီနဲ့တော့ နည်းနည်းဆင်တူပြီး လူမှုကွန်ရက်ပေါ်မှာ ခေတ်စားနေတဲ့ ကော်ဖီလေးလည်း ဖြစ်ပါတယ်။ အားလပ်ရက်မှာ အအေးဒဏ်ကို တွန်းလှန်နိုင်ဖို့ မြည်းစမ်းကြည့်သင့်တဲ့ ကော့တေးလ်ကော်ဖီလေးပါ။

ပါဝင်ပစ္စည်းများ

Picture-of-added-whipped-cream-into-a-Greenlandic-Coffee-while-warming-up-the-Grand-Mariner.jpg

ပါဝင်ပစ္စည်းတွေကတော့ ဝီစကီ (၂၀) မီလီလီတာ၊ ကော်ဖီအရက်ချို (၂၀) မီလီလီတာ၊ ဘလက်ခ်ကော်ဖီအပူ (၃၀၀) မီလီလီတာခန့်၊ Whipped Cream အနည်းငယ်၊ လိမ္မော်အရသာ အရက်ချိုပြင်း အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ဝီစကီအရက် (၂၀) မီလီလီတာနဲ့ ကော်ဖီအရက်ချို (၂၀) မီလီလီတာတို့ကို ခွက်တစ်ခွက်ထဲမှာ ရောလိုက်ပါ။ အဲဒီလိုရောနေချိန်မှာ ဘလက်ခ်ကော်ဖီတစ်အိုးကိုလည်း တည်ထားလိုက်ပါ။ ကော်ဖီဆူပြီဆိုရင် (၃၀၀) မီလီလီတာပမာဏခန့်ကို မတ်ခွက်အကြီးတစ်ခွက်ထဲကို လောင်းထည့်လိုက်ပါ။ ပြီးမှ အပေါ်ကနေ ဝီစကီနဲ့ ကော်ဖီအရက်ချို အရောကို ထည့်လိုက်ပါ။

 

အပေါ်ကနေ whipped cream နည်းနည်းကို အုပ်ပေးလိုက်ပါဦး။ ပြီးတော့မှ လိမ္မော်အရက်ချိုကို ဆမ်းပြီး မီးတောက်လာအောင် အပူပေးလိုက်ရင် ဂရင်းလန်းကော်ဖီကို အသင့်သုံးဆောင်နိုင်ပါပြီ။ အရက်ဘားတွေမှာ ရရှိနိုင်သလို အိမ်မှာကိုယ်တိုင် ဖန်တီးလို့လည်းရတယ်လေ။ အနည်းဆုံးတော့ ပါတီပွဲတွေမှာ အပေါင်းအသင်းတွေရှေ့မှာ လက်စွမ်းပြလို့ရတာပေါ့။

 

ဂရင်းလန်းနိုင်ငံသားတွေကတော့ ဒီကော်ဖီကို ဘယ်လိုတင်စားကြလဲဆိုတော့ "ဂရင်းလန်းတစ်ခုလုံးကို မတ်ခွက်တစ်ခုထဲမှာ ထည့်ထားသလိုပဲ" လို့တောင် တင်စားပြောဆိုကြပါတယ်။ ဒီကော်ဖီကို ညစာစားပြီးမှ သောက်တာအကောင်းဆုံးပါပဲ။

Source: Food.ndtv


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က