အာဟာရဗေဒ ပညာရှင်တွေကလည်း ခရမ်းချဉ်သီးကို အာဟာရဂိုထောင်တစ်ခုလို သတ်မှတ်ပြီး နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းဖို့ အကြံပြုကြတာပါ။

လူတစ်ယောက်ကို ကျန်းမာရေးကောင်းကြောင်း ချီးမွမ်းလိုတဲ့အခါမှာ သုံးနှုန်းတဲ့ အင်္ဂလိပ်ဆိုရိုး စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ "မင်းရဲ့ပါးလေးက ခရမ်းချဉ်သီးလေးလိုပဲ နီရဲနေတာပဲ" တဲ့။ တကယ်တော့ ကျန်းမာရေးကောင်းခြင်းနဲ့ နီရဲရွှမ်းမှည့်နေတဲ့ ခရမ်းချဉ်သီးတွေဟာ ဆက်စပ်နေပါတယ်။

 

အာဟာရဗေဒ ပညာရှင်တွေကလည်း ခရမ်းချဉ်သီးကို အာဟာရဂိုထောင်တစ်ခုလို သတ်မှတ်ပြီး နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းဖို့ အကြံပြုကြတာပါ။ ခရမ်းချဉ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...

၁။ ရေဓာတ်ပြည့်ဝစေတယ်

3756275.jpg 

ခရမ်းချဉ်သီးထဲမှာ ရေဓာတ်မြင့်မားစွာ ပါဝင်တာမို့ ခရမ်းချဉ်သီး စားပေးခြင်းဖြင့် အရေပြားနဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင် ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာမှာ ကပ်ပေးခြင်းဖြင့် အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးပြီးသား ဖြစ်စေနိုင်ပါတယ်။

၂။ ဗိုက်တာမင်ကြွယ်ဝတယ်

ခရမ်းချဉ်သီးထဲမှာ တစ်နေ့တာလိုအပ်တဲ့ ဗိုက်တာမင် (၂၀) ရာခိုင်နှုန်းပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးထဲမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အားလုံးပါဝင်နေပါတယ်တဲ့။

၃။ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးတယ်

basic-tomato-sauce-horiz-a-1200.jpg 

ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်တဲ့အတွက် ခရမ်းချဉ်သီးဟာ နှလုံးရောဂါနဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စွာ အထောက်အကူပြုနိုင်ပါတယ်။ ခရမ်းချဉ်သီးတစ်လုံးထဲမှာ ပိုတက်စီယမ် (၂၃၇) မီလီဂရမ် ပါဝင်ပြီး နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီး စားပေးခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၄။ မျက်စိရောဂါတွေကို ကာကွယ်နိုင်တယ်

ဗိုက်တာမင်အေ၊ ဖလာဗိုနွိုက် ဘီကွန်းပလက်စ်၊ သိုင်ယာမိုင်း၊ ဖိုလိတ်၊ နိုင်ယာစင် စတဲ့ ဗိုက်တာမင်တွေ ခရမ်းချဉ်သီးထဲမှာ ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်စိကို အားကောင်းစေနိုင်ပါတယ်။ မနက်တိုင်း ခရမ်းချဉ်သီး ဖျော်ရည်တစ်ခွက်ကို သောက်ပေးမယ်ဆိုရင် မျက်စိအားနည်းလို့ ပါဝါမျက်မှန်တပ်ရတဲ့ ဒုက္ခကင်းဝေးစေမှာပါ။ ဒါ့အပြင် မျက်စိတိမ်စွဲတာတို့၊ မျက်စိနာတာတို့လို ရောဂါတွေလည်း မဖြစ်တော့ဘူးပေါ့။

၅။ သွေးတိုးကျစေတယ်

tomato-tarte-tatin-82867-1.jpeg

ဆရာဝန်တွေက လူကြီးသူမတွေကို ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက် သောက်ဖို့တိုက်တွန်းတာ အလကားတော့ မဟုတ်ပါဘူး။ သက်ကြီးပိုင်းအရွယ်မှာ သွေးတိုးနိုင်ခြေ ပိုများတဲ့အတွက် အာဟာရဓာတ်နဲ့ သတ္ထုဓာတ်မျိုးစုံ ကြွယ်ဝတဲ့ ခရမ်းချဉ်သီးကို စားပေးခြင်းဖြင့် သွေးတိုးနဲ့ ကိုလက်စ်ထရောကို ကျစေနိုင်ပါတယ်။

၆။ အရိုးနဲ့သွားကျန်းမာရေးအတွက် ကောင်းမွန်တယ်

chicken_stuffed_tomatoes.jpg 

ကယ်လ်ဆီယမ်ဟာ အရိုးနဲ့သွား ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ခရမ်းချဉ်သီးထဲမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်ပြီး လူ့ခန္ဓာကိုယ်ရဲ့ အရိုးနဲ့သွား ကြံ့ခိုင်ကျန်းမာရေးအတွက်တော့ လုံလောက်တဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။ သွားတွေဖြူဝင်းပြီး ခိုင်မာနေစေချင်တယ်ဆိုရင် ခရမ်းချဉ်သီး များများစားပေးဖို့ လိုအပ်ပါလိမ့်မယ်။

Source: Stylecraze

Share

Loading Next Article...
က္က