ချစ်သူများနေ့မှာ ရိုဆန်စေဖို့ ကိတ်မုန့်ကို ကိုယ်တိုင် ဖန်တီးပေးကြမယ်လေ။

ဘာလိုလိုနဲ့ ချစ်သူများနေ့ (Valentine Day) တောင် နီးလာပြီနော်။ ချစ်သူများနေ့မှာ သူများတကာလို ချောကလက်လေးကျွေး၊ ပန်းစည်းလေးပေးတာ သိပ်ပြီး သမရိုးကျဆန်လွန်းပါတယ်။

ချစ်သူများနေ့မှာ ကိုယ့်ချစ်သူလေးအတွက် surprise လေးလည်းဖြစ်သွားအောင်၊ ရိုလည်းဆန်သွားအောင် ဗယ်လင်တိုင်းကိတ်မုန့်ကို ကိုယ်တိုင်ဖန်တီးကြမယ်လေ။ ရွေးချယ်ရ လွယ်ကူအောင် ဗယ်လင်တိုင်းကိတ်လုပ်နည်း (၂) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ မိမိနှစ်သက်သလို ရွေးချယ်ကြပါနော။

ရောင်စုံကိတ်

Cake.jpg 

ပါဝင်ပစ္စည်းများ

ကိတ်မုန့်ဝိုင်းအလွတ်တစ်လုံး (ခရင်မ်အဖြူအုပ်ထားရင် ပိုကောင်း)၊ နို့စိမ်းနို့ဆီ တစ်ပန်းကန်ခန့်၊ Food Coloring အရောင်စုံ၊ လော်လီပေါ့သကြားလုံး (Junction City (၅) လွှာမှာ ဝယ်လို့ရ) (၁၀) ချောင်းခန့်၊ ဂျယ်လီတုံး၊ ချောကလက်တုံးအနည်းငယ်တို့ကို လိုအပ်ပါတယ်နော်။

ပြုလုပ်နည်း

အရင်ဆုံး အရွယ်တော်ပန်းကန်လုံးတစ်လုံးထဲမှာ နို့ဆီထည့်လိုက်ပါ။ ပြီးရင် ပန်းကန်လုံးငယ် (၄) လုံးထဲမှာ နို့ဆီကို အညီအမျှ ပြန်ခွဲထည့်ပေးလိုက်ပါ။ Food Coloring လေးတွေကိုတော့ နို့ဆီထည့်ထားတဲ့ ခွက်ငယ်လေးတွေထဲ ရောထည့်လိုက်ပြီး အရောင်လေးတွေကို ဖန်တီးလိုက်ပါ။ ဒါဆိုရင် အနီရောင်၊ အပြာရောင်၊ အဖြူရောင်နဲ့ နို့နှစ်ရောင်ဆိုပြီး အရောင် (၄) မျိုး ရရှိလာပါလိမ့်မယ်။

 

ရရှိလာတဲ့ food coloring လေးတွေကို ကိတ်မုန့်ဝိုင်းအလွတ် (ခရင်မ်ဖြူအုပ်ထား) ပေါ်မှာ တစ်ရောင်ချင်းစီ လိုက်ဆမ်းပေးလိုက်ပါ။ ဒါဆိုရင် နောက်ဆုံးမှာ ရောင်စုံကိတ်လေးတစ်လုံးကို ရရှိမှာဖြစ်ပါတယ်။ နောက်ပြီးရင် ကိတ်အပေါ်ကနေ မိမိနှစ်သက်ရာ လော်လီပေါ့သကြားလုံးဝိုင်း ပြားကြီးတွေ၊ ဂျယ်လီတုံးလေးတွေကို လိုက်တင်ပေးလိုက်ရင်တော့ ရိုဆန်တဲ့ ချစ်သူများနေ့ အထူးစပယ်ရှယ်ကိတ်လေးကို ရရှိပါပြီနော်။

အသည်းပုံကိတ်

maxresdefault.jpg 

ပါဝင်ပစ္စည်းများ

ပလိန်းကိတ်ဝိုင်းတစ်လုံး၊ စတော်ဘယ်ရီခရင်မ်၊ နို့ချောကလက်ချောင်းအချောင်း (၃၀) ခန့်၊ ရောင်စုံချောကလက်တုံးလေးတွေ၊ m&m တံဆိပ် ချောကလက်ဋ္ဌာပနာ သကြားလုံးလေးတွေ၊ ပန်းရောင်ဖဲကြိုးတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး ပလိန်းကိတ်ဝိုင်းတစ်လုံးကို ထက်ခြမ်းခြမ်းပြီး တစ်ခြမ်းရဲ့ ကိတ်မုန့်အသားဘက်မှာ စတော်ဘယ်ရီခရင်မ် သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ကျန်တစ်ခြမ်းနဲ့ ပြန်အုပ်ပေးလိုက်ပါ။ ခနကြာရင် ကိတ်မုန့်တစ်လုံး လုံးကို စတော်ဘယ်ရီခရင်မ် သုတ်လိမ်းပေးလိုက်ပါ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ ခနလောက် အအေးခံထားပေးလိုက်ပါ။

 

အအေးခံပြီးရင် ကိတ်မုန့်ရဲ့ဘေးမှာ နို့ချောကလက်ချောင်းလေးတွေကို လိုက်ကပ်ပေးလိုက်ပါ။ ကိတ်မုန့်အပေါ်မှာတော့ ရောင်စုံချောကလက်လုံးလေးတွေကို လိုက်တင်ပေးပြီး အလည်ခေါင်မှာတော့ m&m ချောကလက်လုံးလေးတွေကိုပါ လိုက်ထည့်ပေးလိုက်ပါဦး။ ကိတ်မုန့်ဘေးမှာ ပန်းရောင်ဖဲကြိုးလေးနဲ့ ချည်နှောင်ပေးလိုက်ရင် ချစ်သူများနေ့ အထူးကိတ်လေးကို ရရှိပါပြီနော်။

Source: CookieCupcake&Cardio

Share

Loading Next Article...
က္က