In partnership with  logo
အဓိကအရေးကြီးတဲ့ကဏ္ဏ ၅ခု ကို လေ့လာခဲ့ကြတယ်။

သုတေသနအသစ်တစ်ခုရဲ့ ထုတ်ပြန်ချက်အရ သြစတြေးလျသူတွေဟာ အမျိုးသားတွေထက် ပိုပြီးတော့ ကျန်းမာကြတယ်လို့ သိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုင်းတာမှုပိုင်းမှာ သြစတြေးလျအမျိုးသမီးတွေဟာ ထိပ်ဆုံးအဆင့် ၅ ခုမှာ တည်ရှိနေကြပါတယ်။ အရပ်အမြင့်နဲ့ကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ၊ သွေးဖိအား၊ နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ်တွင်းအဆီရှိမှုရာခိုင်နှုန်း၊ လူနေမှုဘဝနဲ့ မိသားစုသမိုင်းကြောင်းမေးခွန်းတွေကို မေးမြန်းပြီး သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။



 

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီးတော့ ခန္ဓာကိုယ်အဆီရှိမှု ၃.၅ ဆ ပိုများကြတာကို ဒီလေ့လာမှုမှာ တွေ့ခဲ့ရတယ်။ လေ့လာမှုကိုတော့ Priceline Pharmacy က ပြုလုပ်ခဲ့တာပါ။ နိုင်ငံတစ်ဝန်းက လူပေါင်း တစ်သန်းကျော်ရဲ့ လွန်ခဲ့တဲ့ ၃နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို အခြေခံပြီး တွက်ချက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။

 

အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင် ပိုပြီးကျန်းမာနေတာ မှန်ပေမဲ့လည်း အမျိုးသမီး ၄၉ % ဟာ အဝလွန်နေကြပြီး ၁၅% ကတော့ သွေးဖိအား များပြားနေကြတာကို တွေ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သြစတြေးလျမှာမွေးဖွားခဲ့တဲ့ ယောက်ျားလေးတွေဟာ အသက် ၈၀.၄ နှစ်ထိ နေနိုင်လိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

 

မိန်းကလေးတွေကတော့ ၈၄.၅ နှစ်ထိ နေနိုင်ကြလိမ့်မယ်လို့ ခန့်မှန်းထားကြကြောင်း သြစတြေးလျနိုင်ငံ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး အသင်းက ဆိုထားပါတယ်။ လူ့သက်တမ်းဟာ ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းတွေကစပြီး တဖြည်းဖြည်းတိုးလာခဲ့ပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က