In partnership with  logo
အရှုံးတစ်ခုနဲ့ ကြုံရတိုင်း လက်လျှော့လိုက်မယ်ဆို ဒီနေ့မှာ အိုပရာဝင်းဖရေးဆိုတာ ရှိနေမှာတောင်မဟုတ်ဘူး။ သူ့လောက် ဆိုးရွားတဲ့လူ ရှိပါဦးမလား။

အမျိုးသမီးထုအတွက်တော့ အိုပရာဝင်းဖရေးဟာ အားကျအတုယူစရာ ၊ စံနမူနာထားစရာ ပုဂ္ဂိုလ်တစ်ဦးပါ။ အကြိမ်ကြိမ် ကျရှုံးခဲ့ပေမဲ့ အောင်မြင်မှုတွေဆီ အရောက်ချီတက်ခဲ့သူဖြစ်ပါတယ်။ အဖေဘယ်သူရယ်လို့မသိဘဲ ဆယ်ကျော်သက်မိခင်ကနေ အိုပရာကိုမွေးဖွားခဲ့တယ်။ ကလေးဘဝမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတယ်။ အဲ့ဒီလိုခက်ခဲကြမ်းတမ်းမှုတွေကနေပဲ ယနေ့ အောင်မြင်ကျော်ကြားသူဖြစ်လာအောင် အားထုတ်ခဲ့သူရယ်ပါ။ အောင်မြင်မှုအရှိဆုံး စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်တွေထဲမှာ အိုပရာဝင်းဖရေးကို ထိပ်ဆုံးက စာရင်းသွင်းရပါလိမ့်မယ်။ အောင်မြင်မှုနဲ့ ပတ်သက်ပြီး အိုပရာ ဘာတွေပြောခဲ့သလဲ?

 

အိပ်မက်တွေ

" အိပ်မက်တစ်ခုကို နားလည်သဘောပေါက်ဖို့အတွက် သော့ချက်က အောင်မြင်မှုအပေါ်မှာ အာရုံစိုက်ဖို့မဟုတ်ဘဲ အရေးပါအရောက်မှုအပေါ်ကို အာရုံစိုက်ဖို့ပါ။ ပြီးတော့ ကိုယ့်လမ်းကြောင်းပေါ်က ခြေလှမ်းသေးသေးလေးတွေနဲ့ အောင်မြင်မှု သေးသေးလေးတွေက ကြီးမားတဲ့အဓိပ္ပာယ်သက်ရောက်မှုကို ယူဆောင်လာပေးပါလိမ့်မယ်"

ကံကောင်းခြင်း

" ကျွန်မကတော့ ကံကောင်းတယ်ဆိုတာကို အခွင့်အလမ်းတွေနဲ့ ကြုံရဖို့ ပြင်ဆင်ခြင်းပဲလို့ လက်ခံပါတယ်"

 

အကောင်းဆုံးလုပ်ပါ

" ကျွန်မရဲ့ ခံယူချက်အမြင်ကတော့ ရှင်ဟာ ရှင့်ဘဝအတွက် တာဝန်ယူမှုရှိရမှာ ဖြစ်တဲ့အပြင် တစ်ချိန်တည်းမှာပဲ အကောင်းဆုံးကို လုပ်ကိုင်နေမှာဖြစ်တယ်။ အဲ့ဒီတော့မှသာ နောက်ထပ်ပြုလုပ်မှုအတွက် အကောင်းဆုံးနေရာကို ရောက်နေစေမှာပါ"

ကိုယ့်ပန်းတိုင်ကိုသိပါစေ

" ရှင်သိလား... ရှင့်အလုပ်ရှင်လုပ်နေမယ်ဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်နေပြီပဲ"

 

ဘဝကိုအောင်ပွဲခံပါ

" ဘဝကို ပိုပြီးချီးကျူးအောင်ပွဲခံလေလေ ဘဝမှာ အောင်ပွဲခံစရာတွေ ပိုများလေလေပါပဲ"

Share

Loading Next Article...
က္က