ကြက်သားကို ဗမာချက်လေးချက်လိုက်၊ ပြုတ်ကြော်လေးလုပ်လိုက်နဲ့ ချက်စားနေရတာ ပျင်းဖို့ကောင်းပါတယ်။

ကြက်သားဟင်း၊ ကြက်သားကြော်၊ ကြက်သားကင် စသည်ဖြင့် ကြက်သားကို ပုံမှန်အမျိုးမျိုးနဲ့ စားဖူးကြမှာပေါ့။ ဘာသာရေးကြောင့်၊ နတ်ကိုးကွယ်မှုကြောင့် အမဲသားနဲ့ ဝက်သားကို ရှောင်ကြဉ်ကြသူတွေရှိတော့ ကြက်သားကတော့ အိမ်ရှင်မတွေရဲ့ နေ့စဉ်ဈေးဝယ်စာရင်းထဲမှာ ပါဝင်နေနိုင်ပါတယ်။

 

ကြက်သားကို ဗမာချက်ပဲ ချက်စားနေရတာ ပျင်းလာရင် နာနတ်သီးလေးနဲ့ရောပြီး ချက်စားကြည့်ပါလား။ ချိုချိုချဉ်ချဉ် အရသာလေးနဲ့ စားလို့ကောင်းတဲ့ ကြက်သားနာနတ်ဟင်းလေးကို ချက်စားချင်သူများအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

DSC_0001_thumb.jpg 

ကြက်သားအပိုင်းမှာတော့ ကြက်ရင်အုပ်သား (၂) တုံး၊ ပဲငံပြာရည် (၂) ဇွန်း၊ နှမ်းဆီ (၁) ဇွန်း၊ ကြက်ဥ (၁) လုံး၊ ငရုပ်ကောင်းမှုန့် (၁/၄) ဇွန်း၊ ဂျုံမှုန့် (၃) ဇွန်း၊ ပြောင်းဖူးကစီမှုန့် (၃) ဇွန်း၊ ဟင်းချက်ဆီ (၂) ခွက်ခန့်တို့ကို လိုအပ်ပါတယ်။ နာနတ်သီးဆော့စ် အပိုင်းမှာတော့ နာနတ်သီးစိတ် (၁) ပန်းကန်စာ၊ နာနတ်သီးဖျော်ရည် အနှစ် (၁) ခွက်စာခန့်၊ သကြားညို (၁/၄) ခွက်၊ ပြောင်းဖူးမှုန့် (၁) ဇွန်း၊ ပဲငံပြာရည် (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

DSC_0009_thumb.jpg 

အရင်ဆုံး ကြက်ရင်အုံသားကို တစ်ကိုက်စာအတုံးလေးတွေ တုံးတစ်ပြီး ပန်းကန်တစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။ ပြီးရင် ပဲငံပြာရည်ရယ်၊ နှမ်းဆီရယ်၊ ငရုတ်ကောင်းမှုန့်ရယ်၊ ကြက်ဥရယ်ကို ဖောက်ထည့်ပြီး ရောနယ်ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ အလူမီနီယံ စက္ကူနဲ့ဖုံးပြီး ရေခဲသေတ္တာထဲမှာ (၂) နာရီခန့် အအေးခံထားလိုက်ပါ။

 

(၂) နာရီပြည့်ရင် ကြက်သားပန်းကန်ကို ရေခဲသေတ္တာထဲကထုတ်ပြီး ဂျုံမှုန့်နဲ့ ပြောင်းဖူးကစီမှုန့်ကို ရောပေးလိုက်ပါ။ ဒယ်အိုးအကြီးတစ်လုံးထဲမှာတော့ ဟင်းချက်ဆီကိုထည့်ပြီး အပူပေးလိုက်ပါ။ ကြက်သားတုံးလေးတွေကို ဆီပူထဲထည့်ပြီး ရွှေညိုရောင်ပြောင်းသည်အထိ ကြော်ပေးလိုက်ပါ။ ကြက်သားကျက်ပြီဆိုရင်တော့ တစ်ရှူးစက္ကူလေးတွေ ခံထားတဲ့ ပန်းကန်ပြားထဲထည့်ပြီး ဆီစစ်ပေးလိုက်ပါ။

 

ဒယ်အိုးတစ်လုံးထဲမှာတော့ နာနတ်သီးတုံးလေးတွေနဲ့ နာနတ်သီးဖျော်ရည် အနှစ်ကို ရောထည့်ပေးလိုက်ပါ။ ပြီးရင် သကြားညိုနဲ့ ပဲငံပြာရည်ကိုပါ ရောထည့်ပြီး (၅) မိနစ်ခန့် အပူပေးလိုက်ပါ။

 

ပန်းကန်လုံးအသေး တစ်လုံးထဲမှာတော့ ပြောင်းဖူးမှုန့်နည်းနည်းနဲ့ ရေနဲ့ကိုရောပြီး အနှစ်လေးဖြစ်အောင် ရောပေးလိုက်ပါ။ ရလာတဲ့ ပြောင်းဖူးအနှစ်ကို နာနတ်သီးဆော့စ်ထဲမှာ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ဇွန်းတစ်ချောင်းနဲ့ မွှေပေးလိုက်ပါဦး။

 

နာနတ်သီးဆော့စ်ထည့်ထားတဲ့ ဒယ်အိုးထဲမှာ ကြက်သားတုံးလေးတွေကို ရောထည့်လိုက်ပြီး ယောက်မလေးနဲ့ မွှေပေးလိုက်ပါ။ ခနလောက်ချက်ပြုတ်ပြီးရင်တော့ အသင့်သုံးဆောင်နိုင်ရုံ အနေအထား ရောက်ပါပြီ။ ထမင်းပူပူလေးနဲ့ တွဲဖက်လိုက်ရင်တော့ စားလို့မြိန်တဲ့ နေ့လည်စာတစ်နပ်ကို ရရှိပြီပေါ့။

Source: Soupbelly

Share

Loading Next Article...
က္က