In partnership with  logo
မလိုချင်တာတွေကို ငြင်းဆန်ပါ... လိုချင်တာတွေကို ရအောင် အတူတကွ တောင်းဆိုကြိုးစားကြရအောင်

ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီးတွေရဲ့အခွင့်အရေး ရပိုင်ခွင့်၊ တန်းတူညီမျှရေးအတွက် တက်ကြွလှုပ်ရှားနေသူတွေ အများကြီးပါပဲ။ ယခုနှစ်ပိုင်းတွေကစလို့ အမျိုးသမီးတွေဟာ ကမ္ဘာကို ပိုမိုလွှမ်းမိုးလာနိုင်နေပါပြီ။ မဒီလေးတို့ကိုယ်တိုင်ကလည်း အမျိုးသမီးဝါဒီဖြစ်နေဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင်က ခွန်အားရှိနေမှ တက်ကြွကြိုးစားနေမှသာလျှင် အမျိုးသမီးတွေဟာ အခုလက်ရှိထက်ပိုကောင်းတဲ့ဘဝကို ရကြမှာပါ။ အခုပြောပြမယ့်ကိစ္စတွေမှာတော့ မဒီလေးတို့အနေနဲ့ ပါကိုပါသင့်၊ တက်ကြွလှုပ်ရှားသင့်တယ်ဆိုတာ မဒီကနေ တိုက်တွန်းလိုက်ပါရစေ။

၁။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

War_on_women_protest_ap_img.jpg 

၂၁ ရာစုကို ရောက်နေပါပြီ။ ကြောက်ရွံ့လိုက်နာမှုတွေကနေ ရုန်းထွက်ပါ။ ကိုယ့်ခန္ဓာကိုယ်ကို ပစ်မှားချင်သူတွေကို အလွယ်တကူ ကျူးလွန်ခွင့်မပေးပါနဲ့။ သူက ဘာဖြစ်နေနေ ငြင်းဆန်ပစ်ပါ။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေ ပြုလုပ်သူတွေကိုလည်း ကန့်ကွက်ရှုတ်ချရပါမယ်။ မုဒိမ်းမှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကြီးလေးတဲ့အပြစ်ပေးဖို့အတွက် ဝိုင်းဝန်းတောင်းဆိုသင့်ပါတယ်။

၂။ ပညာရေးအခွင့်အလမ်း

ပညာသင်ကြားခွင့်မရတဲ့ မိန်းကလေးတွေ သန်းပေါင်းများစွာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း မိန်းကလေးတိုင်း ပညာသင်ကြားခွင့်ရဖို့က ခက်ခဲနေတုန်းပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းမတိုင်လိုက်ရတဲ့ မိန်းကလေးတွေ အများကြီး ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက မိန်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့အတွက် တက်ကြွလှုပ်ရှားတဲ့အခါ ကိုယ့်အနေနဲ့လည်း တစ်ထောင့်တစ်နေရာက ပါဝင်သင့်ပါတယ်။ မာလာလာဆိုရင် မိန်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ တက်ကြွလှုပ်ရှားတဲ့အတွက် အသက်ဘေးနဲ့တောင် ကြုံခဲ့ရတာလေ။ ကိုယ်တိုင်လည်း ပညာရေးကို အဆက်မပြတ်လေ့လာအားထုတ်သင့်သလို တခြားသော မိန်းကလေးတွေလည်း ပညာသင်ကြားခွင့်ရရေးအတွက် ပါဝင်ဆောင်ရွက်ကြရအောင်ပါ။

၃။ အရှက်ခွဲနေမှုတွေကို ရပ်တန့်ပါ

sipaphotosthree072008-SIPAUSA.30068566000008.sm-a.jpg 

မိန်းကလေးတစ်ယောက် အရှက်ကွဲအောင် လုပ်နေကြသူတွေထဲမှာ ယောက်ျားလေးတွေတင်မကဘူး မိန်းကလေးအချင်းချင်းလည်းပါတယ်။ မိန်းကလေးချင်း အရှက်ကွဲအောင်လုပ်နေလို့ ဘာမှ ထူးလာစရာမရှိပါဘူး။ အမျိုးသမီးထုဘက်က ကိုယ်တိုင်ပါဝင်ရပ်တည်ပါ။ မိန်းကလေးချင်း စည်းလုံးနေရင် ဘယ်ယောက်ျားကမှ မစော်ကားရဲပါဘူး။ အသားအရောင်၊ ခန္ဓာကိုယ်သွင်ပြင် ၊ လူနေမှုဘဝ အရာအားလုံးဟာ သူ့တို့ဖြစ်တည်မှုနဲ့ ရှိနေကြတာလေ။ ဒါကို ပုတ်ခတ်အရှက်ခွဲတာမျိုးတွေ ကိုယ်တိုင်လည်း မလုပ်သင့်ဘူး။ သူများတွေ လုပ်နေတာ မြင်ရင်လည်း ရပ်တန့်ပစ်ရမယ်။

၄။ လိင်ကုန်ကူးမှု တားဆီးပါ

အမျိုးသမီးတွေနဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ လိင်ဈေးကွက်ထဲကို ရောင်းချခံနေကြရပါတယ်။ ဒါက ကျွန်ပြုမှုတစ်ခုသာ ဖြစ်ပါတယ်။ ကုန်ကူးခံရသူ ၁ % မှ ၂% အတွင်းကိုသာ ပြန်ကယ်တင်နိုင်ခဲ့ပါတယ်။ အရမ်းကို နည်းပါးလွန်းတဲ့ ပမာဏပါ။ ပညာသင်ကြားပြီး ပျော်ရွှင်တဲ့ဘဝကို ရောက်ရမယ့်အစား လိင်ကုန်ကူးခံလိုက်ရတဲ့ မိန်းကလေးတွေဟာ ကမ္ဘာမှာ နေ့စဉ်ရှိနေကြပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးတွေကို ရပ်တန့်သွားအောင် မိန်းကလေးတစ်ယောက်အနေနဲ့ ပါဝင်လှုပ်ရှားကြရအောင်ပါ။

၅။ အိမ်တွင်းအကြမ်းဖက်မှု

il_fullxfull.700303330_75tn.jpg 

မိန်းကလေး ၃ ဦးမှာ ၁ ဦးနှုန်းဟာ သူတို့ရဲ့ဘဝမှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံခဲ့ဖူးသူတွေဖြစ်နေကြပါတယ်။ ထုတ်မပြောကြသူတွေလည်း ရှိနေပါသေးတယ်။ လိင်၊ အသက်အရွယ်၊ ရပ်တည်မှုအခြေအနေတွေကို မစဉ်းစားဘဲနဲ့တောင် အကြမ်းဖက်မှုဟာ မဖြစ်သင့်တဲ့လုပ်ရပ်ပါ။ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သူတွေကို ကူညီပေးသင့်ပါတယ်။

Share

Loading Next Article...
က္က