ကြက်ဥကြော်ရတာတော့ လွယ်ချင်လွယ်ပါလိမ့်မယ်။ ဒါပေမဲ့ အရသာထူးြ့ခားကောင်းမွန်အောင် ဖန်တီးရတာကကော လွယ်ကူပါသလား။

လူတစ်ယောက်ရဲ့ အချက်အပြုတ်စွမ်းရည်ကို အနိမ့်ဆုံးလယ်ဗယ်အဖြစ် သတ်မှတ်ကြရမှာ ကြက်ဥကြော်တတ်ခြင်းနဲ့ ရေချိန်တိုင်းထွာလေ့ ရှိကြပါတယ်။ ဆိုလိုတာက ဘာမှ မလုပ်တတ်၊ မကိုင်တတ်တဲ့သူတောင် အနည်းဆုံးတော့ ကြက်ဥလေးတော့ ကြော်တတ်တယ်ဆိုတဲ့ သဘောပါ။ တစ်နည်းအားဖြင့် ပြောရရင် ကြက်ဥကြော်ရတာကို လွယ်ကူတယ်လို့ သတ်မှတ်ထားကြပါတယ်။

 

တကယ်တမ်းမှာလည်း ကြက်ဥကြော်ရတာက မခက်ပါဘူး။ အဲ... အရသာထူးခြား ကောင်းမွန်အောင် ကြော်တတ်ဖို့ကတော့ သိပ်မလွယ်လှပါဘူး။ ဒီနေ့မှာတော့ ကြက်ဥကို ဟပ်ဖရိုက်လည်း မကြော်၊ ခရမ်းချဉ်သီးလေး၊ ကြက်သွန်နီလေးရောပြီး မွှေကြော်လည်း မကြော်ဘဲ ဝက်ပေါင်ခြောက်နဲ့ ချိစ်နည်းနည်းရောပြီး ကြော်စားကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

DSC_2792_thumb.jpg 

ကြက်ဥ (၃) လုံး၊ ခက်ရင်းနဲ့ခြစ်ပြီး အမျှင်လေးတွေရအောင် လုပ်ထားတဲ့ ချိစ် (၁/၄) ခွက်ခန့်၊ ဝက်ပေါင်ခြောက် လက်တစ်ဆုပ်စာခန့်၊ ကြက်သွန်မြိတ်နည်းနည်း၊ ဆားနည်းနည်းနဲ့ ထောပတ် (၁) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

DSC_2803_thumb.jpg 

ဒယ်အိုးပြားတစ်လုံးထဲမှာ ထောပတ်ကိုထည့်လိုက်ပြီး အောက်ကမီးအပူ ပေးလိုက်ပါ။ ခနကြာရင် ထောပတ်တုံးအရည်ပျော်ပြီး ဆီလည်းပူလာပါလိမ့်မယ်။ ဆီပူရင် ဝက်ပေါင်ခြောက်ကို အပြားလေးတွေဖြစ်အောင် လှီးပြီး ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။

 

ကြက်ဥ (၃) လုံးကိုတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ဖောက်ထည့်ပြီး ခက်ရင်းတစ်ချောင်းနဲ့ ခလောက်ထားလိုက်ပါ။ ဝက်ပေါင်ခြောက် ကျက်လောက်ရင် ကြက်ဥကို ထည့်ကြော်နိုင်ပါပြီ။ ကြက်ဥကို အကျက်ညီအောင် သံယောက်မလေးနဲ့ ဖြန့်ပေးလိုက်ပါဦး။ ကြက်ဥကြော် မကျက်ခင်မှာ အပေါ်ကနေ ချိစ်အမျှင်လေးတွေရယ်၊ ဆားနည်းနည်းရယ် ဖြူးပေးလိုက်ပါဦး။

 

ပြီးရင်တော့ သံယောက်မလေးနဲ့ပဲ ထက်အောက်လှန်ပေးလိုက်ပါ။ (၃) မိနစ်လောက် ကြာရင်တော့ ချိစ်ဝက်ပေါင်ခြောက် ကြက်ဥမွှေကြော် ကောင်းကောင်းကျက်ပါပြီ။ ပန်းကန်ပြားတစ်ချပ်ထဲထည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်လေးကို ကပ်ကြေးလေးနဲ့ ကိုက်ထည့်ပေးလိုက်ရင် အသင့်သုံးဆောင်နိုင်ပါပြီ။ ဒီဟင်းလျာလေးကိုတော့ ပေါင်မုန့်မီးကင်နဲ့ တွဲဖက်သုံးဆောင်ရင် လိုက်ဖက်သလို ထမင်းပူပူလေးနဲ့လည်း တွဲစားလို့ရပါတယ်။

Source: Soupbelly

Share

Loading Next Article...
က္က