ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လက်ဖက်စိမ်း လက်တေးလ် စိမ့်စိမ့်လေး သောက်ကြမယ်လေ။

မနက်မိုးလင်းတာနဲ့ လက်ဖက်ရည် (သို့) ကော်ဖီ ပူပူလေးတစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိတဲ့သူတွေရှိလား။ နို့အမြှုပ်လေးတွေ ဖန်ခွက်နှုတ်ခမ်းမှာ ဝေ့နေတဲ့ လက်တေးလ် (Latte) ကော်ဖီကိုကော ကြိုက်ကြလား။ ဆိုင်မှာသွားသောက်ရင် အနည်းဆုံး (၃၀၀၀) ဝန်းကျင် ပေးရမဲ့ လက်တေးလ်ကို ကော်ဖီမှုန့်နဲ့ မဖျော်ဘဲ matcha (လက်ဖက်စိမ်းမှုန့်) နဲ့ ဖျော်ထားတဲ့ လက်ဖက်စိမ်း လက်တေးလ်လက်ဖက်ရည် ဖျော်နည်းကို ကော်ဖီချစ်သူ၊ လက်ဖက်ရည်ချစ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

လက်ဖက်စိမ်းမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါဝင်တာမို့ ကော်ဖီလက်တေးလ်သောက်တာထက် လက်ဖက်ရည် လက်တေးလ် သောက်တာက ပိုပြီးအကျိုးရှိစေမှာပါ။ ပြုလုပ်နည်းကလည်း လွယ်လွယ်လေးဆိုတော့ ဒီဆောင်းပါးကို ဖတ်ပြီးတာနဲ့ ထဖျော်လိုက်လို့တောင် ရပါတယ်။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-8 Matcha Latte.png 

ပါဝင်ပစ္စည်းတွေကတော့ လက်ဖက်စိမ်းမှုန့် (matcha) (၃) ဇွန်းခန့်၊ နွားနို့ (၆) အောင်စ၊ နို့မှုန့် (၁) ဇွန်းခွဲခန့် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

po-de-matcha.jpg 

နွားနို့ (၆) အောင်စခန့်ကို ဒယ်အိုးတစ်လုံးထဲမှာ အပူပေးလိုက်ပါ။ (ပွက်ပွက်ဆူအောင် ကြိုစရာမလိုပါ။) ဒါမှမဟုတ် အိမ်မှာ မိုက်ခရိုဝေ့ဖ်မီးဖိုရှိရင် နွားနို့ကို ကြွေပန်းကန်ထဲထည့်ပြီး တစ်မိနစ်ခန့် အပူပေးနိုင်ပါတယ်။

အဝကျယ်တဲ့ ကြွေမတ်ခွက်တစ်လုံးထဲကို လက်ဖက်စိမ်းမှုန့် (matcha) ကို ထည့်ဖို့ ဇကာအသေးလေး တစ်ခုကို မတ်ခွက်နှုတ်ခမ်းပေါ်တင်ပြီး လက်ဖက်စိမ်းမှုန့်ကို စစ်ထုတ်လိုက်ပါ။

လက်ဖက်စိမ်းမှုန့် ထည့်ထားတဲ့ မတ်ခွက်ထဲကို ရေနွေးပူ (၂) အောင်စခန့်ထည့်ပြီး ဇွန်းသေးသေးလေး (သို့) ဝါးနဲ့ ပြုလုပ်ထားတဲ့ မွှေတံလေးနဲ့ မွှေပေးလိုုက်ပါ။ အနည်းဆုံး (၁၅) စက္ကန့်လောက်ကြာအောင် zigzag ပုံစံ မွှေပေးရမှာပါ။ လက်ဖက်စိမ်းရည်လေး ချောမွေ့ပြီး အမြှုပ်ထလာသည်အထိ မွှေပေးရမှာပါ။

လက်ဖက်စိမ်းရည်ခွက်ထဲကို နို့မှုန့် (၁) ဇွန်းခွဲခန့်ထည့်ပြီး မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ ခုနက နွားနို့ခွက်လေးကို လက်ဖက်ရည်ခွက်ပေါ်ကနေ ဖြည်းဖြည်းချင်း အမြှုပ်ထအောင် လောင်းထည့်ပြီး လက်တေးလ်ပုံစံဖြစ်အောင် ဖန်တီးလိုက်ပါ။ ဒါဆိုရင် စိမ့်စိမ့်လေးနဲ့ အရသာရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လက်ဖက်စိမ်း လက်တေးလ်လေးကို ရရှိပါပြီနော်။

Source: Sidechef

Share

Loading Next Article...
က္က