ဝယ်ပြီးမှ အတုဖြစ်နေမှန်း သိလိုက်ရတဲ့ အဖြစ်မျိုးတော့ အရောက်မခံနဲ့

လက်ကိုင်အိတ်တစ်လုံးက ကိုယ့်ရဲ့ဖက်ရှင်နဲ့ ကိုယ်ရည်ကိုယ်သွေးကို အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့လည်း လက်ကိုင်အိတ်ကောင်းကောင်းလေးတွေကို ရွေးကြရတယ် မဟုတ်လား။ တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံးကို ဈေးသက်သက်သာသာနဲ့ရလို့ ဝယ်လည်းဝယ်ချင်၊ ဂျင်းမိမှာလည်း ကြောက်နေရင်တော့ ဒီနည်းတွေကိုနဲ့ အတု၊ အစစ် ခွဲကြည့်ရအောင်ပါနော်။

၁။ အသေးစိတ်အချက်တွေ

louis_vuitton_outside_stitch.0.jpg 

ချုပ်ရိုးချုပ်သားမှာ အမှားအယွင်းမရှိဘူး၊ ချည်က တင်းရင်းနေရမယ်။ အိတ်မှာ အနာအဆာ လုံးဝမရှိဘူး။

၂။ သုံးထားတဲ့ပစ္စည်းတွေ

ဇစ်၊ ဇစ်ခေါင်း၊ ကြယ်သီး စတဲ့နေရာလေးတွေကို အသေးစိတ် ကြည့်ကြည့်ပါ။ အရောင်လွင့်နေတာမျိုး မဖြစ်ရဘူး။ ဖြစ်နေရင် အိတ်အတုပဲ။

၃။ Brand နာမည်

maxresdefault (1).jpg 

တချို့တွေက ခပ်ဆင်ဆင်နဲ့ ပုံမှားရိုက်ကြတယ်။ အဲ့ဒီအခါ အလွယ်ဆုံးသိနိုင်မယ့်နည်းကတော့ Brand ရဲ့ နာမည်ပါ။ စာလုံးပုံစံ၊ စာလုံးပေါင်း စတာတွေက သိသာစေပါတယ်။

၄။ ထုပ်ပိုးတဲ့အိတ်

တန်ဖိုးကြီးအိတ် ဖြစ်တဲ့အတွက် ဆိုင်မှာ ဖြစ်သလိုမထားဘူး။ ရောင်းလိုက်ရင်လည်း dust bag လို့ ခေါ်တဲ့ ချည်အိတ်နဲ့ထုပ်ပြီးမှ ဘူးထဲထည့်ပေးတယ်။

၅။ ဘားကုတ်

hermes_real_fake_2015_03.0.0.jpeg 

နောက်တစ်ခုက အိတ်တွေမှာ ထုတ်လုပ်တဲ့ရက်စွဲ၊ serieal number တွေ ပါပါတယ်။ ဘားကုတ်နဲ့လည်း ဖော်ပြထားလေ့ရှိတယ်။ အဲ့ဒီကတ်ပြားကိုကြည့်ပြီး အွန်လိုင်းမှာ ပြန်ရှာနိုင်ပါတယ်။ အစစ်ဆိုရင် ဘားကုတ်ကို scan ဖတ်လိုက်တာနဲ့ ဝက်ဘ်ဆိုက်ထဲကို တန်းရောက်သွားရော။

Share

Loading Next Article...
က္က