အသားလုံးကို တာရီယာကီစတိုင်လ် ချက်ပြုတ်ထားပြီးမှ ထမင်းပူပူလေးနဲ့ ရောစားရတာပါ။

ဒီနေ့မှာတော့ အားလုံးလည်း ခံတွင်းတွေ့စေမဲ့ ဂျပန်အစားအစာလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။ အဲဒါကတော့ တာရီယာကီ အသားလုံးထမင်းပါပဲ။ အသားလုံးကို တာရီယာကီစတိုင်လ် ချက်ပြုတ်ထားပြီးမှ ထမင်းပူပူလေးနဲ့ ရောစားရတာပါ။ ဆိုင်ကြီးတွေမှာ မဝမလင် ဈေးကြီးပေး သွားစားမဲ့အစား ကိုယ့်အိမ်မှာကိုယ် မိသားစုနဲ့အတူ ရှယ်ကြိတ်တာက ပိုအားရတယ်လေ။ ဟုတ်တယ်ဟုတ်။ ပြုလုပ်နည်းလေးကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်ကြပါဦး။



ပါဝင်ပစ္စည်းများ

Slow-Cooker-Teriyaki-Meatballs-with-Pineapple-5.jpg 

အသားလုံးပြုလုပ်ဖို့အတွက် အမဲသား (သို့) ကြက်သား (၇၅၀) ဂရမ်ခန့်၊ ဝက်သားနုတ်နုတ်စင်းပြီးသား (၂၅၀) ဂရမ်ခန့်၊ ပေါင်မုန့်အကြေသား (၁) ခွက်၊ နွားနို့ (၁/၄) ခွက်၊ ကြက်ဥ (၁) လုံး၊ ကြက်သွန်နီ တစ်ခြမ်း၊ ဂျင်းတက်နုတ်နုတ်စင်းထားတာ (၂) ဇွန်းခန့်၊ ငရုတ်သီးခြမ်းကွဲ (၁) ဇွန်း၊ ဆားအနည်းငယ်၊ ဆီ (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။ တာရီယာကီ ဆော့စ်ပြုလုပ်ဖို့ အတွက်ကတော့ ပဲငံပြာရည်အကြည် (၁/၂) ခွက်၊ ရေ (၁/၂) ခွက်၊ ဆန်ဝိုင် ရှာလကာရည် (၂) ဇွန်း၊ သကြားအညို (၁/၄) ခွက်၊ ဂျင်းတက်နုတ်နုတ်စင်းထားတာ (၁) ဇွန်းခန့်၊ ကြက်သွန်ဖြူထောင်းထားတာ (၁) ဇွန်း၊ ငရုတ်သီးခြမ်းကွဲမှုန့် (၁) ဇွန်း၊ ပြောင်းဖူးကော်မှုန့် (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။ အပေါ်ကနေ အုပ်ပေးဖို့အတွက်ကတော့ နာနတ်သီးစိတ် (၁) ခွက်၊ ပန်းဂေါ်ဖီ (၂) ခွက်၊ နှမ်းစေ့၊ ကြက်သွန်မြိတ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Slow-Cooker-Teriyaki-Meatballs-with-Pineapple-4.jpg 

အရင်ဆုံး ပေါင်မုန့်အကြေစတွေနဲ့ နွားနို့ကို ပန်းကန်တစ်လုံးထဲမှာ ရောထည့်ပြီး (၅) မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ နွားနို့ပန်းကန်ထဲကို ကြက်ဥ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးခြမ်းကွဲမှုန့်နဲ့ ဆားတို့ကို ရောထည့်ပြီး ပေါင်းစပ်မွှေနှောက်ပေးလိုက်ပါ။ ပြီးရင်တော့ နုတ်နုတ်စင်းထားတဲ့ အမဲသားနဲ့ ဝက်သားတို့ကိုပါ ရောထည့်ပြီး လက်နဲ့နယ်ပေးလိုက်ပါ။ လက်မှာဆီနည်းနည်းစွတ်ပြီး တစ်လက်မပတ်လည် အသားတုံးလေးတွေဖြစ်အောင် လုံးပေးလိုက်ပါ။

 

ဒယ်အိုးပြားအကြီး တစ်ချပ်ထဲမှာ ဆီပူပေးလိုပြီး အသားလုံးလေးတွေကို တစ်လုံးနဲ့တစ်လုံး မကပ်အောင် သတိထားပြီး ကြော်ပေးလိုက်ပါ။ အသားလုံးလေးတွေ လေးဘက်လေးတန်မှာ အကျက်ညီသွားပြီ ဆိုရင်တော့ Slow Cooker လို့ခေါ်တဲ့ ဟင်းနွှေးပေါင်းအိုးထဲကို ပြောင်းထည့်ပေးလိုက်ပါ။ Slow coker မရှိရင်တော့ ရိုးရိုးဒယ်အိုးကိုပဲ မီးပျော့ပျော့ အပူပေးပြီး အဖုံးဖုံးလိုက်ရင် ရပါတယ်။

ပဲငံပြာရည်အကြည် (၁/၂) ခွက်၊ ရေ (၁/၂) ခွက်၊ ဆန်ဝိုင် ရှာလကာရည် (၂) ဇွန်း၊ သကြားအညို (၁/၄) ခွက်၊ ဂျင်းတက်နုတ်နုတ်စင်းထားတာ (၁) ဇွန်းခန့်၊ ကြက်သွန်ဖြူထောင်းထားတာ (၁) ဇွန်း၊ ငရုတ်သီးခြမ်းကွဲမှုန့် (၁) ဇွန်း၊ ပြောင်းဖူးကော်မှုန့် (၂) ဇွန်းတို့ကို ခွက်တစ်ခွက်ထဲမှာ ရောမွှေထည့်ပြီး အသားလုံးတွေပေါ်မှာ လောင်းထည့်ပေးလိုက်ပါ။ အပေါ်မှာ နာနတ်သီးလေးတွေကိုပါ ထည့်ပေးလိုက်ပြီး အသားလုံးတွေ အကျက်ညီပြီး ဆော့စ် ပျစ်လာသည်အထိ ချက်ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ ပန်းဂေါ်ဖီနည်းနည်းထည့်ပြီး နောက်ထပ် (၁၀) မိနစ်ခန့် ချက်ပေးလိုက်ပါ။

 

ထမင်းဖြူတစ်ပန်းကန်ခူးပြီး ထမင်းပေါ်ကနေ အသားလုံးနဲ့ ဆော့စ်ကို ဆမ်းပေးလိုက်ရင်တော့ တာရီယာကီ အသားလုံးထမင်းကို ရရှိပါပြီနော်။ ထမင်းပေါ်ကနေ နှမ်းစေ့နဲ့ ကြက်သွန်မြိတ်ကိုလည်း အုပ်ပေးလိုက်ပါဦး။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က