ဒီကဏန်းစတူးဟင်းလေးကတော့ ကိုရီးယား ချက်နည်းပြုတ်နည်းနဲ့ ချက်ပြုတ်ထားတာဖြစ်ပြီး ပူစပ်ပူလောင် ဟင်းရည်လေး မှုတ်သောက်လိုက်၊ ကဏန်းလက်မလေး ကိုက်လိုက်နဲ့ ထူးကဲတဲ့ အရသာကို ခံစားရစေမှာပါ။

ပင်လယ်စာတွေဖြစ်တဲ့ ပုစွန်၊ ကဏန်းတွေကို မကြိုက်တဲ့သူ ခပ်ရှားရှားနေမှာပါ။ ဈေးကြီးလို့သာ ခနခန ဝယ်မစားရင်သာ ရှိချင်ရှိမယ်။ အရသာကိုတော့ နှစ်ခြိုက်ကြပြီးသား နေမှာပါ။ ပင်လယ်စာချစ်သူတွေအတွက် ဒီနေ့မှာတော့ ကဏန်းကို ကိုရီးယားစတိုင်လ် ပူပူစပ်စပ် ချက်ထားတဲ့ ဟင်းလျာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

ဒီကဏန်းစတူးဟင်းလေးကတော့ ကိုရီးယား ချက်နည်းပြုတ်နည်းနဲ့ ချက်ပြုတ်ထားတာဖြစ်ပြီး ပူစပ်ပူလောင် ဟင်းရည်လေး မှုတ်သောက်လိုက်၊ ကဏန်းလက်မလေး ကိုက်လိုက်နဲ့ ထူးကဲတဲ့ အရသာကို ခံစားရစေမှာပါ။

ပါဝင်ပစ္စည်းများ

kkotge-590x393.jpg

ပါဝင်ပစ္စည်းအဖြစ် ပင်လယ်ကဏန်း (သို့) ရေချိုကဏန်း (၁) ပေါင်ခန့်၊ ငါးပါးနီခြောက် (၇) ကောင်ခန့်၊ မုန်လာဥအဖြူ (၅) အောင်စခန့်၊ သခွားဖရုံသီး လှီးပြီးသား (၄) အောင်စခန့်၊ ကြက်သွန်မြိတ် (၁) ပင်၊ အစိမ်းရောင် ငရုပ်ပွသီး (၁) လုံး၊ အနီရောင် ငရုပ်ပွသီး (၁) လုံး၊ ကြက်သွန်ဖြူ (၄) တောင့်၊ ကြက်သွန်နီအသေး (၁) လုံး၊ ကိုရီးယားပဲငပိအနှစ် (၂) ဇွန်း၊ ကိုရီးယား ငရုပ်သီးအနှစ် (၁) ဇွန်း၊ ငရုပ်သီး ခြမ်းကွဲမှုန့် (၂) ဇွန်း၊ ပင်စိမ်းရွက်အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

radish-590x332.jpg

အရင်ဆုံး ကဏန်းတစ်ကောင်ကို တစ်ကိုက်စာ အတုံးလေးတွေဖြစ်အောင် ခုတ်ထစ်ပေးလိုက်ပါ။ ပြီးရင် ကဏန်းအတုံးလေးတွေကို ရေအေးထဲမှာ ထည့်ဆေးပြီး ရေစိမ်ထားပေးလိုက်ပါ။ ဒယ်အိုးတစ်လုံးထဲမှာ ငါးပါးနီခြောက်လေးတွေကို ထည့်ပေးလိုက်ပါ။ မုန်လာဥအဖြူ၊ ပဲငပိအနှစ်၊ ငရုပ်သီးအနှစ်တို့ကိုလည်း ရောထည့်ပေးလိုက်ပါ။ ပြီးရင် မီးပြင်းပြင်းနဲ့ မိနစ် (၂၀) ခန့် အပူပေးလိုက်ပါ။

မိနစ် (၂၀) ပြည့်ရင်တော့ ငါးပါးနီခြောက်တွေကို ဆယ်ထုတ်လိုက်ပါ။ ဟင်းရည်အိုးထဲကို ကြက်သွန်နီ၊ သခွားဖရုံသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုပ်ပွသီး (အစိမ်း) နဲ့ ကဏန်းတို့ကို ထည့်လိုက်ပါ။ ပြီးရင်တော့ ဒယ်အိုးကို အဖုံးဖုံးထားပေးလိုက်ပါ။

 

(၁၅) မိနစ်ပြည့်ရင် အဖုံးပြန်လှပ်ကြည့်လိုက်ပါ။ ကဏန်းသားတွေလည်း ကောင်းကောင်းကျက်ပြီး မုန်လာဥလည်း အကြည်ရောင် ပေါက်နေလောက်ပါပြီ။ ဟင်းရည်အိုးကို ယောက်ချိုဇွန်းနဲ့ မွှေပေးလိုက်ပြီး ငရုပ်သီးမှုန့် ထည့်ပေးလိုက်ပါဦး။ ပြီးရင်တော့ အပေါ်ကနေ ပင်စိမ်းရွက်နဲ့ ငရုပ်သီး အနီရောင်ကို ပါးပါးလှီးပြီး ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးထဲ ခွဲထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Source: Maangchi

Share

Loading Next Article...
က္က