Valentine's Day မှာ အမှတ်တရ စုံတွဲဓါတ်ပုံလှလှလေးတွေ ရိုက်ကြမှာတော့ အသေအချာပါပဲ။

Valentine's Day နီးလာပြီဆိုတော့ ချစ်သူစုံတွဲတွေကတော့ ချစ်သူကိုဘာလက်ဆောင်ပေးရရင်ကောင်းမလဲ၊ ဘယ်သွားရင်ကောင်းမလဲဆိုတာတွေကြိုတွေးပြီး စိတ်လှုပ်ရှားနေလောက်ပြီထင်တယ်နော်။ Valentine's Day မှာ ဘာတွေပဲပေးပေး၊ ဘယ်တွေပဲသွားသွား စုံတွဲတိုင်းနီးပါး အမှတ်တရ စုံတွဲဓါတ်ပုံလှလှလေးတွေ ရိုက်ကြမှာတော့ အသေအချာပါပဲ။

Valentine's Day မှာ ပို့စ်အလန်းစားတွေနဲ့ အမှတ်တရပုံလှလှလေးတွေရိုက်ကူးနိုင်ဖို့အတွက် စမတ်ဖုန်းရဲ့အရည်အသွေးက အရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာ ဈေးအရမ်းကြီးမှ စမတ်ဖုန်းကောင်းကောင်းတစ်လုံး ရနိုင်မယ်ဆိုတဲ့ အယူအဆကမမှန်တော့ပါဘူး။ ဈေးနှုန်းအသင့်အတင့်နဲ့လည်း အရည်အသွေးကောင်းကောင်းစမတ်ဖုန်းတွေကို ရနိုင်နေပါပြီ။ အဲဒီလိုဈေးနှုန်းအသင့်အတင့်နဲ့ အရည်အသွေးကောင်းတဲ့စမတ်ဖုန်းတွေထဲမှာ Samsung ကနေအသစ်ထွက်ထားတဲ့ J2 Pro လည်းပါဝင်ပါတယ်။

 

J2 Pro မှာ အရှေ့ဘက် 5 MP Selfie ကင်မရာအတွက်ရော၊ အနောက်ဘက် 8 MP ကင်မရာအတွက်ပါ flash ထည့်သွင်းပေးထားတာကြောင့် အလင်းအမှောင်နေရာမရွေး စိတ်တိုင်းကျ ဓါတ်ပုံတွေရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ၅ လက်မအရွယ်အစားရှိ qHD sAMOLED မျက်နှာပြင်ပါဝင်တဲ့  Galaxy J2 Pro စမတ်ဖုန်းသစ်ကို အနက်ရောင်၊ ရွှေရောင်၊ ပန်းရောင် နဲ့ ငွေရောင် ဆိုပြီး အရောင် လေး ရောင် ရွေးချယ်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ Samsung အရောင်းပြခန်း နဲ့ အရောင်းဆိုင်ကြီးတွေမှာ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၁၈ ကစလို့ ဈေးနှုန်း ၁၈၂,၀၀၀ ကျပ်နဲ့ဝယ်ယူလို့ရနေပြီလို့ သိရပါတယ်။

ကဲ Valentine Day အမှီ J2 Pro နဲ့ စုံတွဲပုံလှလှလေးတွေရိုက်နိုင်ဖို့ ပို့စ်ပေးရမယ့် အိုင်ဒီယာ ၃ မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ကြည်ကြည်နူးနူးမျက်နှာချင်းဆိုင်

 

တစ်ယောက်နဲ့တစ်ယောက် အောက်ကပုံအတိုင်း နဖူးချင်းထိထားပြီး ကြည်ကြည်နူးနူးမျက်နှာချင်းဆိုင်တဲ့ ပို့စ်လေးပါ။ ယောက်ျားလေးက မိန်းကလေးကို ရွှန်းရွှန်းစားစားကြည့်နေပြီး မိန်းကလေးက မျက်လွှာလေးချထားမယ်ဆိုရင် အသက်ဝင်လှတဲ့ စုံတွဲပုံလေးကိုရမှာပဲ ဖြစ်ပါတယ်။ ဒီပို့စ်မျိုးနဲ့ရိုက်မယ်ဆိုရင် တစ်ကိုယ်လုံးပုံမရိုက်ဘဲ မျက်နှာကိုအသားပေးပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာရိုက်ကူးမှသင့်လျော်တာကိုတော့ သတိပြုရပါမယ်။ Samsung ကနေပြီး ၂၀၁၈ ခုနှစ်မှာအသစ်ထွက်တဲ့ J2 Pro စမတ်ဖုန်းရဲ့ကင်မရာနဲ့ရိုက်မယ်ဆိုရင် နှစ်ယောက်စလုံးရဲ့ အဆင်ပြေဆုံးမျက်နှာအနေအထားကို ရဖို့ 8 MP ရှိတဲ့အနောက်ဘက်ကင်မရာရဲ့ Continuous Shot နဲ့ရိုက်ယူကာ အကောင်းဆုံးပုံကိုပြန်လည်ရွေးချယ် တာမျိုးလုပ်နိုင်ပါတယ်။ ရိုက်ပြီးတဲ့နောက်မှာ Photo Editing App တစ်ခုခုနဲ့ အသည်းပုံဘောင်လေးထဲထည့်ထားလိုက်ရင် တကယ့်ကို Romantic ဖြစ်မှာပါ။

(၂) နှစ်ယောက်တွဲ အပေါ်စီး Selfie

 

ယောက်ျားလေးက မိန်းကလေးကိုလက်တစ်ဖက်နဲ့ ပွေ့ဖက်ထားပြီး မိန်းကလေးဖြစ်သူက ယောက်ျားလေးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်ထားရပါမယ်။ ယောက်ျားလေးက ကျန်လက်တစ်ဖက်နဲ့ ဖုန်းကိုမြှောက်ကိုင်ပြီး အပေါ်စီးက ရိုက်ယူရမှာပါ။ ပုံမှာပါတဲ့အတိုင်း နှစ်ယောက်လုံးက ကင်မရာကိုကြည့်ရင် ပေါ့ပေါ့ပါးပါး ရယ်မောနေမယ်ဆိုရင် ကြည်နူးစရာ စုံတွဲ Selfie လေးဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ဒီပို့စ်မျိုးရိုက်တဲ့အခါ လက်ကိုအပေါ်ကိုမြှောက်ထားရလို့ ဖုန်းရဲ့ခလုတ်ကိုနှိပ်ဖို့ အခက်အခဲရှိနေမယ်၊ Selfie Stick လည်းအသင့်မရှိဘူးဆိုရင် နည်းနည်းအခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ သင့်စမတ်ဖုန်းမှာက J2 Pro ရဲ့ 5MP Selfie ကင်မရာလို Sound & Shoot လုပ်ဆောင်ချက်ပါမယ်ဆိုရင် အသံနဲ့ အမိန့်ပေးပြီး အလွယ်တကူရိုက်ကူးနိုင်မှာပါ။

(၃) ပျော်ပျော်ပါးပါး ကုန်းပိုးစီး

 

မိန်းကလေးကို ယောက်ျားလေးက ကုန်းပိုးထားပြီး ရိုက်ကူးရမယ့်ပို့စ်ပါ။ ဒီပို့စ်ကတော့ လူငယ်ဆန်ဆန်ပျော်ရွှင်ပေ့ါပါးတဲ့ ဟန်အပြည့်ဖြစ်တာကြောင့် လူငယ်စုံတွဲလေးတွေနဲ့သာပိုမိုလိုက်ဖက်မှာပါ။

J2 Pro စမတ်ဖုန်းအကြောင်း အသေးစိတ်ပိုမိုသိရှိချင်ရင်တော့ ဒီလင့်ခ် => https://goo.gl/Ed2o61 ကနေတဆင့်သွားရောက် လေ့လာလို့ ရပါတယ်။

Share

Loading Next Article...
က္က