In partnership with  logo
ပြီးခဲ့တဲ့အပတ်ကလည်း ကလေးဆေးရုံတစ်ခုကို သွားခဲ့တယ်။

အမေရိကန်သမ္မတကတော် မယ်လန်နီယာထရမ့်ဟာ ချစ်သူများနေ့ကို ကလေးတွေအတွက် အချိန်ပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်၊ ချစ်သူများနေ့မှာ မယ်လန်နီယာက မေရီလန်းပြည်နယ်၊ Gethesda မှာ ရှိတဲ့ National Institutes of Health's Children's Inn ကို သွားရောက်ခဲ့တာပါ။ ကလေးတွေကို အချိန်ပေးရင်းနဲ့ ချစ်သူများနေ့ကို ဖြတ်သန်းခဲ့တယ်။

 

ကလေးတွေက နာမကျန်းဖြစ်နေကြရှာတာပါ။ အဲ့ဒီနေရာမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ကလေးတွေကို မိဘတွေကလည်း အတူစောင့်ရှောက်ပေးနေကြတဲ့နေရာဖြစ်ပါတယ်။ မယ်လန်နီယာက ကလေးတွေဆီ သွားရောက်ပြီး တရင်းတနှီး တွေ့ဆုံခဲ့တယ်။ ကလေးတွေကလည်း သူ့ကိုတွေ့တော့ ပျော်နေကြတာလေ။

 

မယ်လန်နီယာက ကလေးတွေအတွက် ပို့စ်ကတ်တွေလည်း သယ်သွားခဲ့တယ်။ အသက် ၄ နှစ်မှ ၁၁ နှစ်ကြား ကလေးတွေက မယ်လန်နီယာနဲ့အတူ အသည်းပုံကွက်ကီးလေးတွေ ပြုလုပ်ခဲ့ကြတယ်။ အဲ့ဒီကလေးတွေဟာ ရှားပါးရောဂါတွေနဲ့ နာမကျန်းဖြစ်နေကြသူတွေပါ။

 

အမေရိကန်သမ္မတကတော် မယ်လန်နီယာဟာ ကလေးတွေကို ဂရုစိုက်ကြင်နာတတ်သူပါ။ ဖက်ရှင်ကျကျလည်း ဝတ်စားဆင်ယင်တတ်သူဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ကလေးဆေးရုံတစ်ခုကို သွားခဲ့တယ်။ ခုလည်း ကလေးတွေနဲ့အတူ ချစ်သူများနေ့ကို ဖြတ်သန်းခဲ့ပြန်ပါတယ်။

Source : CNN

Share

Loading Next Article...
က္က