အာစင်ဝင်းဂါးအတွက် စိတ်မကောင်းဖြစ်ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရွန်းနီက ပြီးခဲ့တဲ့ (၂၀၁၁)၊ သြဂုတ်မှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့အာဆင်နယ်ပွဲက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သက်သောင့်သက်သာမရှိခဲ့ကြောင်း ပြန်ပြောင်းပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ရွန်းနီရဲ့ဟက်ထရစ်နဲ့အတူ ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး အာဆင်နယ်ကို ၈-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ဒီပွဲရလဒ်က ပရီးမီးယားလိဂ်သမိုင်းကို တော်တော်လေး လှုပ်ခတ်စေခဲ့ပြီး ပရိသတ်တွေအတွက်လည်း ဒီကနေ့ထိတိုင် မေ့လို့မရတဲ့ ပွဲအဖြစ် သတ်မှတ်ခံထားရဆဲပါ။ အဲ့ဒီပွဲအတွင်း ခံစားချက်နဲ့ ပတ်သက်လို့ ရွန်းနီက “(၂၀၁၁) သြဂုတ်မှာ ကျနော်တို့ အာဆင်နယ်ကို ၈-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်”

“ကျနော်လည်း အဲ့ဒီပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပေမယ့် ဒီပွဲကို ပြန်ကြည့်လိုက်တိုင်း ခံစားချက်တွေက ရောပြွမ်းနေပါတယ်။ အမှန်တိုင်းပြောရရင် နည်းနည်းလေး စိတ်မသက်မသာဖြစ်မိပါတယ်။ ကျနော်က အာစင်ဝင်းဂါးကို ချစ်ခင်ပြီး သူ့အပေါ်မှာလည်း အများကြီး လေးစားမှုရှိပါတယ်။ ကွင်းအတွင်းက LED ဆိုင်းဘုတ်မှာ ၈-၂ ဖြစ်နေခဲ့ပါတယ်”

“အဲ့ဒီအချိန်မှာ ယူနိုက်တက်ပရိသတ်တွေက သူ့ကို လှောင်ပြောင်နေခဲ့ကြပြီး ဒီအပေါ်မှာ ကျနော် မပျော်ရွှင်နိုင်ပါဘူး။ နာနီရဲ့ဂိုးမှာပေါ့။ သူက ဆဇက်စနီကို ကျော်ပြီး သွင်းလိုက်တာက ထပ်ပြီး သရော်လိုက်သလိုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီကနေ့ညမှာ ယူနိုက်တက်နဲ့အာဆင်နယ်တို့ အိုးထရက်ဖို့ဒ်ကွင်းအတွင်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကြဦးမှာဖြစ်ပါတယ်။ ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ဧည့်သည် အာဆင်နယ်နဲ့ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရထားတဲ့ အိမ်ရှင် ယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ဒီတပတ်အတွက် ပရိသတ်တွေကို အကောင်းဆုံး ဖမ်းစားထားတဲ့ ပွဲစဥ်တပွဲလည်းဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က