တရုတ်တန်းဘက်ရောက်ရင် မဖြစ်မနေ သွားစားဖြစ်တဲ့ အစားအစာက ဘဲပေါင်းခေါက်ဆွဲပါ။

တရုတ်တန်းဘက်ရောက်ရင် မဖြစ်မနေ သွားစားဖြစ်တဲ့ အစားအစာက ဘဲပေါင်းခေါက်ဆွဲပါ။ သံဈေးနားက ဦးငွေသိန်း ဘဲပေါင်းခေါက်ဆွဲတို့၊ ရွှေငါးစားတော်ဆက်က ဘဲပေါင်းခေါက်ဆွဲတို့က ကျွန်တော်တို့ ငယ်ဘဝရဲ့ အကောင်းဆုံး အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ နူးညံ့ပြီး ချိုရဲနေတဲ့ ဘဲသားပေါင်းကို ဆီချက်ခေါက်ဆွဲနဲ့ တွဲဖက်ပြီး စားသုံးချင်ရင်တော့ ကိုယ်တိုင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ducksoup.jpeg.size-custom-crop.1086x0.jpg 

ဘဲပေါင်းပြုလုပ်ဖို့အတွက် ဘဲပေါင်ရင်းသား (၄၀) ကျပ်သားခန့်၊ တရုတ်မဆလာ စားပွဲတင်ဇွန်းနဲ့ (၁/၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည် (အနောက်) လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည် (အကြည်) လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၁/၂) ဇွန်း၊ ကြက်သွန်ဖြူ (၄) မွှာ၊ ဂျင်း လက်တစ်ဆစ်ခန့်၊ ဆန်ဝိုင် စားပွဲတင်ဇွန်း (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ဆီချက်ခေါက်ဆွဲ ပြုလုပ်ဖို့အတွက်ကတော့ ခေါက်ဆွဲ (၁၅) ကျပ်သား၊ ကြက်သွန်မြိတ် (၂) စည်း၊ ကြက်သွန်ဖြူ (၆) မွှာ၊ ပဲငံပြာရည် (အကြည်) (၁) ဇွန်း၊ ကြက်သားမှုန့်အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

bbq-king-roast-duck-and-noodles.jpg 

ပန်းကန်တစ်လုံးထဲမှာ ဘဲသားကိုထည့်ပြီး နေရာအနှံ့ ခက်ရင်းနဲ့ လိုက်ထိုးပေးလိုက်ပါ။ ဘာဖြစ်လို့ အဲဒီလို လုပ်ပေးရလဲဆိုတော့ ဘဲသားနှပ်ရာမှာ အသားထဲကို အရသာတွေ အလွယ်တကူ စိမ့်ဝင်စေနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ပြီးရင်တော့ တရုတ်မဆလာ စားပွဲတင်ဇွန်းနဲ့ (၁/၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည် (အနောက်) လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပဲငံပြာရည် (အကြည်) လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၁/၂) ဇွန်း၊ ကြက်သွန်ဖြူ (၄) မွှာ၊ ဂျင်း လက်တစ်ဆစ်ခန့်၊ ဆန်ဝိုင် စားပွဲတင်ဇွန်း (၁) ဇွန်းတို့ကို ပန်းကန်တစ်လုံးထဲမှာ ရောထည့်ပြီး ဘဲသားပေါ်ကို လောင်းထည့်ပေးလိုက်ပါ။ ဘဲသားကို နွေးထွေးတဲ့ တစ်နေရာမှာ နှပ်ထားပေးလိုက်ပါ။

 

နှပ်ပြီးရင်တော့ ဘဲသားကို ရေ (၃) ခွက်နဲ့အတူ Pressure Cooker (ပေါင်းအိုး) ထဲကိုထည့်ပြီး အဖုံးပိတ်ပြီး မိနစ် (၃၀) ခန့် ပေါင်းပေးလိုက်ပါ။ ဘဲသားနူးအိပြီဆိုရင်တော့ ဆီချက်ခေါက်ဆွဲ တစ်ပွဲစာ အရင်ပြင်ကြည့်ကြပါမယ်။

ပန်းကန်လုံးတစ်လုံးထဲကို ခေါက်ဆွဲဖတ် (တစ်ယောက်စာ)၊ ကြက်သွန်ဖြူကြော် ဆီသတ်၊ ဆီချက် (စားပွဲတင်ဇွန်း (၂) ဇွန်း)၊ ကြက်သွန်မြိတ် အနည်းငယ်၊ ပဲငံပြာရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ဇွန်းဝက်) တို့ထည့်ပြီး ပြင်ဆင်လိုက်ပါ။ ပါဝင်ပစ္စည်းအားလုံးကို တူနဲ့ပဲ သမအောင် ရောနယ်ပေးလိုက်ပါ။

ပြီးမှ ဆီချက်ခေါက်ဆွဲ အပေါ်ကနေ ဘဲပေါင်းနဲ့ အနှစ်နည်းနည်း ခပ်ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ဘဲပေါင်းခေါက်ဆွဲတစ်ပွဲကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: CiCiLi

Share

Loading Next Article...
က္က