စိတ်ဓာတ်ခိုင်မာတဲ့လူက ပြတ်သားတတ်ကြတယ်။ ကိုယ့်ကို အကြိမ်ကြိမ် နာကျင်အောင်လုပ်နေသူကို ကျောခိုင်းပစ်လိုက်တာပဲ။

တချို့မိန်းကလေးတွေက သူတို့ဘဝရဲ့ လက်တွဲဖော်ကို စောစောစီးစီး ရှာတွေ့ခဲ့တယ်။ အဲ့ဒီလက်တွဲဖော်နဲ့ပဲ အဆင်ပြေပြေချစ်သွားရင်း ဘဝတစ်ခုကို ထူထောင်သွားကြတယ်။ ကိုယ့်မှာတော့ အသက်သာကြီးလာတယ် လက်တွဲဖော်ကို ရှာမတွေ့သေးဘူး။ ကိုယ်ပဲ ကံမကောင်းတာလားလို့ တွေးမိနေလား။ အဲ့တာ ကံမကောင်းလို့ မဟုတ်ပါဘူးနော်။ မဒီလေးဟာ အခြားမိန်းကလေးတွေထက်ပိုပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး သေသေချာချာစဉ်းစားဆင်ခြင်နိုင်သူမို့လို့သာ အချစ်ရေးမှာ ဘဝတစ်ခုထူထောင်ဖို့ ကြန့်ကြာနေရတာပါ။



၁။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ကို လူတွေက ကြောက်ကြပါတယ်။ အထူးသဖြင့် ယောက်ျားတွေက လန့်ကြတယ်။ သူတို့နှပ်ချသမျှ လိမ်ညာသမျှ ငြိမ်ခံမယ့်လူမျိုးမဟုတ်လို့ပါ။

၂။ စိတ်ဓာတ်ခိုင်မာတဲ့လူက ပြတ်သားတတ်ကြတယ်။ ကိုယ့်ကို အကြိမ်ကြိမ် နာကျင်အောင်လုပ်နေသူကို ကျောခိုင်းပစ်လိုက်တာပဲ။ ထွက်သွားပြီဆိုလည်း ပြန်လှည့်မကြည့်တတ်တော့ ရည်းစားဟောင်းဆိုတာ မျက်နှာချင်းဆိုင်တွေ့တာနဲ့ ကိုယ့်ကိုရှောင်ပုန်းသွားတော့တာမျိုး။

၃။ သူများကိုလည်း မဟုတ်တာမလုပ်ဘူး။ ကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်အောင်နေတယ်။ ကိုယ့်ကိုလာလုပ်ရင်လည်း မခံဘူးလေ။ ဒီတော့ တချို့တွေက ကိုယ့်အနားကပ်ရမှာ ရှိန်နေပြန်ရော။

၄။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားကြတယ်။ ကိုယ့်အပေါ် ရိုင်းစိုင်းစော်ကားတာမျိုးကို သည်းမခံဘူး။ ကိုယ့်အတွက်ကိုယ်ရပ်တည်တော့ မကောင်းတဲ့ယောက်ျားတစ်ယောက်ကို အတင်းခိုကပ်မနေဘူး။

၅။ ဘယ်သူ့အတွက်နဲ့မှ ကိုယ့်ဖြစ်တည်မှုကို မပြောင်းလဲနိုင်ဘူး။ ကိုယ်မှန်တယ်ထင်ရင် အလျှော့မပေးတတ်တော့ ဆံပင်ရှည်ထားမှချစ်မယ်လို့ ပြောလာရင် ပြောတဲ့လူကို အဆက်ဖြတ်လိုက်တယ်လေ။

 

၆။ အဲ့လိုနဲ့ပဲ တဖြည်းဖြည်း ရွေးရင်း ရွေးရင်း စိတ်တိုင်းမကျတာ များလာတယ်။ အချစ်ဆိုတာနဲ့ ဝေးသထက် ဝေးလာပါတော့တယ်။

၇။ အချစ်ကို ဦးစားမပေးချင်တော့ဘူး။ အလုပ်ကို အာရုံစိုက်လိုက်တယ်။ အဲ့ဒီမှာ ရည်မှန်းချက်တွေ ပိုများလာပြီး ကိုယ်ပိုင်ဘဝကို တစ်ယောက်တည်းရပ်တည်ဖို့တွေ တွေးတဲ့အထိ ဖြစ်လာတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က