In partnership with  logo
သင်ဟာ ယောကျာ်းဖြစ်သည်ဖြစ်စေ ၊ အမျိုးသမီးဖြစ်သည်ဖြစ်စေ အောက်ပါနည်းလမ်းတွေကို အသုံးချပြီး ကူညီနိုင်ပါတယ်။

၂၁ ရာစုနောက်ပိုင်းမှာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တန်းတူညီမျှမှု အခွင့်အရေးအတွက်တိုက်ပွဲဝင်မှုတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ အမျိုးသမီး အခွင့်အရေးအတွက် အနစ်နာခံ တိုက်ပွဲဝင်သူတွေ တောင်းဆိုသူတွေ ရှိလာပေမဲ့လည်း အများအားဖြင့် အဲဒီလူတွေကိုကြည့်ရင်စစ်တမ်းကောက်ကြည့်တဲ့အခါ လူမှုကွန်ရက်ပေါ်ကနေ သူတို့ရဲ့ Follower တွေအတွက် R.O.E (Return on Ego) လို့ခေါ်တဲ့ အတ္တစိတ်ပေါ်မှာ မူတည်ပြီး တောင်းဆိုနေတာကို တွေ့ရမှာပါ။

တကယ်လို့ အမျိုးသမီးတွေကို တကယ်ထိထိရောက်ရောက် ကူညီချင်တယ်၊ နည်းစနစ်တကျ အောင်မြင်စေချင်တယ်ဆိုရင် သင်ဟာ ယောကျာ်းဖြစ်သည်ဖြစ်စေ ၊ အမျိုးသမီးဖြစ်သည်ဖြစ်စေ အောက်ပါနည်းလမ်းတွေကို အသုံးချပြီး ကူညီနိုင်ပါတယ်။

၁။ ခွဲခြားမတွေးဘဲ လူကို လူလို့ပဲတွေး

123.jpg 

 ဟုတ်ပါတယ် ။ အမျိုးသမီးတွေကို လိင်ခွဲခြားဆက်ဆံတာမျိုး (Gender Discrimination ) ထက်စာရင် လူကိုလူလို့မြင်ပေးတာ

ပိုအဆင်ပြေမှာပါ။ ယောကျာ်းဖြစ်သည် ၊ မိန်းမဖြစ်သည်လို့ မခွဲခြားဘဲ ကူညီသင့်တာကို ကူညီလိုက်သင့်ပါတယ်။ အမျိုးသမီးတွေကလည်း မိမိတို့ ခန္ဓာကိုယ် ဖွဲ့စည်းမှုကြောင့် နှိမ့်ကျတယ်လို့ တွေးမထင်ဘဲ ယောကျာ်းတွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရမယ်ဆိုတဲ့ စိတ်ထားကို မွေးမြူထားသင့်ပါတယ်။ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် အပြင်လက်တွေ့လောကမှာပဲဖြစ်ဖြစ် ယောကျာ်း၊မိန်းမဆိုပြီး လိင်ခွဲခြားမနေဘဲ လူကိုလူလို့ မြင်ပြီး ကူညီပေးသင့်တာကို ကူညီလိုက်တာက ပိုအဆင်ပြေမှာပါ။

၂။ ကိုယ့်ကိုယ်ကို ဦးအောင်အားပေးပါ

ဒုတိယအချက်ကတော့ မိမိကိုယ်ကို ထောက်ခံအားပေးမှုလုပ်ပါ ၊ တနည်းအားဖြင့် ယုံကြည်မှုရှိတာကောင်းပါတယ်။ အောင်မြင်သွားတဲ့သူတွေကို ကြည့်ရင် ကိုယ့်ကိုကိုယ် ထောက်ခံအားပေးတဲ့သူ၊ ယုံကြည်တဲ့သူတွေဖြစ်နေတာကို တွေ့ရမှာပါ။ ဟုတ်ပါတယ်။ ကိုယ့်ဘဝအတွက် ကိုယ်တောင် ယုံကြည်မှု ထောက်ခံအားပေးမှုဆိုတာ မရှိရင် ကိုယ့်အတွက် ဘယ်သူမှ လာပြီးအားပေးထောက်ခံပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် ယောကျာ်းဖြစ်စေ ၊ မိန်းမဖြစ်စေ မိမိရဲ့ ပိုင်ဆိုင်ခွင့်၊ ထိုက်တန်မှု၊ မျှော်လင့်ချက် ပန်းတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့တည်ဆောက်ပြီး

ထောက်ခံအားပေးသင့်ပါတယ်။

၃။ အသုံးမဝင်တဲ့ ရှေးကဇာတ်လမ်းတွေကိုရပ်တန့်လိုက်

yahoo.jpg 

မတူညီတဲ့ လုပ်ငန်းခွင်တွေမှာ လိင်ပေါ်မူတည်ပြီး လစာ အနည်းအများကွာတယ်ဆိုတာ တကယ်တော့ ဒဏ္ဍာရီထဲမှာ ကျန်ခဲ့ပါပြီ။ နည်းပညာနယ်ပယ်ရဲ့ နာမည်ကျော် အမျိုးသမီးတစ်ဦးဖြစ်တဲ့  Marissa Meyer ဟာ သူမရဲ့ နေရာကို အစားထိုးခံခဲ့ရချိန်မှာ အစားထိုးခံခဲ့ရသူထက် လစာနည်းပါးခဲ့ကြောင်း ကောလဟလတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့  Marissa Meyer ဟာ လစာအပြင်ရှယ်ယာလျှော်ကြေးငွေတွေစုစုပေါင်း ဒေါ်လာသန်းပေါင်းများစွာ ရခဲ့ပါတယ်။ ဒါကြောင့်လုပ်ငန်းခွင်ထဲမှာ မိမိဟာမိန်းကလေးဖြစ်တာကြောင့် လစာနည်းရတာဆိုတာမျိုး မတွေးဘဲ မိမိရပိုင်ခွင့် ၊ တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်သင့်ပါတယ်။

၄။ လက်ဆွဲနှုတ်ဆက်ပါ

အစည်းအဝေးတစ်ခုအပြီးမှာ ၊ စီးပွားရေးကိစ္စစကားအပြောပြီးမှာ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပြီး လက်ဆွဲနှုတ်ဆက်တာကလည်း

အရေးကြီးတဲ့ ကိစ္စတစ်ရပ်ပါပဲ။ အမျိုးသမီးတိုင်းဟာ လက်ဆွဲနှုတ်ဆက်ဖို့ကိစ္စကို အတော်ဝန်လေးကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေကိုယ်တိုင်ကလည်း လက်ဆွဲနှုတ်ဆက်တာကို အရေးမကြီးဘူးလို့ ထင်ထားတတ်ကြပါတယ်။ ဒါပေမဲ့ လက်ဆွဲနှုတ်ဆက်တာဟာ နွေးထွေးခြင်း၊ ခင်မင်ရင်းနှီးခြင်းကို ဖော်ပြတာကြောင့် လူတစ်ဦးနဲ့ တစ်ဦးဆက်ဆံမှုမှာ အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ ပုံမှန်အားဖြင့် လက်ဆွဲနှုတ်ဆက်တဲ့အခါ လက်ဖျားပိုင်းလေးသာ ထိုးပေးခြင်း၊ တဖက်သားရဲ့လက်ကို မဝံ့မရဲ ကိုင်ကာ နှုတ်ဆက်ခြင်း စတာတွေဟာ မိမိကိုယ်အပေါ်မှာ ယုံကြည်ချက်မရှိတာကိုဖော်ပြနေပါတယ်။ တကယ်တမ်းက မိမိကိုယ်ကို ယုံကြည်မှုရှိစွာ တဖက်သားထိုးပေးလာတဲ့

လက်ဖဝါးကို သက်သောင့်သက်သာပုံစံနဲ့ ဆုပ်ကိုင်ကာ လက်ဆွဲနှုတ်ဆက်ခြင်းဟာ ၂ ဦးကြားက နွေးထွေးမှုကို ဖော်ပြနိုင်ပြီး မိမိကိုယ်အပေါ်မှာလည်း ယုံကြည်မှုကို ဖော်ပြရာကြပါတယ်။ တကယ်လို့ ပိုပြီးရင်းနှီးမှုကိုပြချင်ရင် ညာဘက်လက်ကိုသာမက ဘယ်ဘက်လက်ကိုပါအသုံးပြု ဆုပ်ကိုင်ပြီး လက်ဆွဲနှုတ်ဆက်နိုင်ပါတယ်။

၅။ မတူညီမှုတွေကို နားလည်သတိထားပါ

women-empowerment-1140x450-1080x450.jpg 

လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူတာကို သတိပြုပါ။ ထို့အတူ အောင်မြင်မှုဆိုတာကို အဓိပ္ပါယ်သတ်မှတ်ပုံခြင်းလည်း မတူပါဘူး။ တချို့လူတွေအတွက် အောင်မြင်မှုဆိုတာကို မိသားစုဆိုတာကို ရည်ညွန်းပြီး တချို့သူတွေအတွက်ကျတော့ ကိုယ့်အောင်မြင်မှုထက်အသင်းအဖွဲ့နဲ့ပြုလုပ်တဲ့ Project အောင်မြင်မှုပါ။ နောက်ပြီး CEO အဆင့်ထိ အရည်အချင်းရှိပေမဲ့ ရလာမဲ့ Stress တွေ တာဝန်ယူမှုတွေကြောင့် မလိုချင်တဲ့သူတွေရှိပါတယ်။ လူတစ်ဦးတစ်ယောက်ဆီရဲ့ အောင်မြင်မှုဆိုတာ တစ်ဦးတစ်ယောက်ခြင်းဆီမှာ ထားရှိထားတဲ့ ပန်းတိုင်တွေ အပေါ်မှာ မူတည်ပါတယ်။ အမြဲတမ်း အလုပ်နဲ့ပတ်သက်ပြီး ယောကျာ်းတွေနဲ့ မိန်းမတွေနဲ့ ကွဲပြားတဲ့အမြင်တွေရှိပြီး ကွဲပြားတဲ့ ယူဆမှုတွေရှိမှာပါ။ ယူဆမှုအပေါ်မှာ အောင်မြင်ဖို့ ကြိုးစားတာက တစ်ဦးတစ်ယောက်ခြင်းဆီနဲ့သာ ပတ်သက်ပြီး ယောကျာ်းဖြစ်လို့ မိန်းမဖြစ်လို့ဆိုပြီး ခွဲခြားမှုဆိုတာ မရှိပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်မှလည်း ဆုံးဖြတ်ဝေဖန်ပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့် ယောကျာ်းဖြစ်လို့ အောင်မြင်တယ် ၊ မိန်းမဖြစ်လို့ အောင်မြင်တယ်ဆိုတာ မရှိပါဘူး။ ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်အပေါ်မှာ ကိုယ်ဘယ်လိုအောင်မြင်အောင် လျှောက်လှမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်သာ အရေးကြီးပါတယ်။ လူတိုင်းကတော့ ပန်းတိုင်တွေ တူညီမှုမရှိတာကို သတိပြုပါနော်။

Share

Loading Next Article...
က္က