In partnership with  logo
ကလေးဘဝတုန်းက ချစ်စရာကောင်းတယ်၊ ကြီးလာတော့ လေးစားစရာကောင်းလာတယ်

အမ်မာဝပ်ဆန်ကို သရုပ်ဆောင်တစ်ဦးအနေနဲ့သာမကဘဲ အမျိုးသမီးဝါဒီ (feminist) တစ်ဦးအနေနဲ့လည်း သိကြတယ်။ အမျိုးသမီးတွေ တန်းတူညီမျှဖြစ်ရေး ကြိုးစားနေသူပါ။ ပြီးတော့ ကုလသမဂ္ဂရဲ့ နှလုံးလှသံတမန်တစ်ဦးအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

 

သူမရဲ့ အောင်မြင်ကျော်ကြားမှုကို အသုံးချပြီး ကျား၊မ တန်းတူညီမျှမှု မရှိတဲ့ ပြဿနာတွေကို ထုတ်ဖော်နေသူလည်းဖြစ်တယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကိစ္စတွေ၊ တက္ကသိုလ်ရေးရာကိစ္စတွေ အပါအဝင် ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေအတွက် လှုပ်ရှားဆောင်ရွက်နေသူပါ။

 

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အမ်မာဝပ်ဆန်က HeForShe လှုပ်ရှားမှုကို စတင်ခဲ့တယ်။ ဒီလှုပ်ရှားမှုဟာ ကျား၊မ တန်းတူညီမျှရေးအတွက် လုပ်ဆောင်တာဖြစ်ပါတယ်။

 

HeForShe လှုပ်ရှားမှုအကြောင်းကိုလည်း နယူးယော့ခ်က ကုလသမဂ္ဂရုံးချုပ်မှာ မိန့်ခွန်းအနေနဲ့ ပြောသွားတယ်။ သူမရဲ့မိန့်ခွန်းမှာ ကမ္ဘာတစ်ဝန်းက ကျား၊မ တန်းတူညီမျှမှုမရှိရေးတွေကို အဓိကထား ပြောသွားခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် တန်းတူညီမျှမှုရှိရေးမှာ အမျိုးသားတွေနဲ့ ယောက်ျားလေးတွေရဲ့ကဏ္ဍက ဘယ်လိုအရေးပါတယ်ဆိုတာကိုလည်း ထည့်သွင်းပြောကြားသွားပြီး အမျိုးသမီးတွေနဲ့မိန်းကလေးတွေဘက်က ရပ်တည်ဖို့ကို တိုက်တွန်းသွားခဲ့တယ်။ အမ်မာရဲ့ ဒီမိန့်ခွန်းဟာ ကမ္ဘာကျော်သွားခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြက်ပါးနပ်သူအဖြစ်နဲ့ ချီးကျူးခံခဲ့ရပါတယ်။

Source : UN Women

Share

Loading Next Article...
က္က