In partnership with  logo
နာမည်ကျော် Penguin စာအုပ်တိုက်က ဖြန့်ချိပေးမှာဖြစ်ပါတယ်။

မစ်ရှဲလ်အိုဘားမား ကိုယ်တိုင်ရေးသားထားတဲ့ ဘဝအတွေ့အကြုံမှတ်တမ်းစာအုပ်ကို နိုဝင်ဘာလမှာ ထုတ်ဝေတော့မယ်လို့ ကြေညာလိုက်ပါတယ်။ သူမရဲ့ဘဝမှတ်တမ်းနဲ့ပတ်သက်ပြီး ပထမဆုံးစာအုပ်လည်း ဖြစ်ပါတယ်။

 

ဒီစာအုပ်ကို Becoming လို့ အမည်ပေးထားပါတယ်။ အဆိုပါစာအုပ်ကိုရေးသားခြင်းဟာ နက်ရှိုင်းလွန်းလှတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံတစ်ခု ဖြစ်တယ်လို့ မစ်ရှဲလ်က တွစ်တာပေါ်မှာ ရေးထားတယ်။ သူ့ရဲ့မျိုးရိုးဇစ်မြစ်တွေရယ်၊ တောင်ဘက်ပိုင်းက မိန်းကလေးတစ်ဦးအနေနဲ့ ကိုယ်ပိုင်သဘောထားဆန္ဒကို ဘယ်လိုရှာတွေ့ခဲ့တယ်ဆိုတာကို ပြောထားတယ်လို့ဆိုတယ်။

 

သူမရဲ့ခရီးလမ်းဟာ စာဖတ်သူတွေကို အားကျအတုယူစရာ ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်တယ်။  စာဖတ်သူတွေအနေနဲ့ သူတို့အားကျတဲ့ ဘယ်သူ့ကိုမဆို ဖြစ်လာဖို့အတွက် သတ္တိတွေ ရှာတွေ့နိုင်လိမ့်မယ်လို့လည်း မစ်ရှဲလ်က ပြောထားပါတယ်။

Becoming ဟာ မစ်ရှဲလ်ရဲ့ ပထမဆုံး ကိုယ်တွေ့ဘဝမှတ်တမ်းစာအုပ်လည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက American Grown: The Story of the White House Kitchen Garden and Gardens Across America စာအုပ်ကိုလည်း ထုတ်ဝေခဲ့ဖူးပါတယ်။ စိုက်ပျိုးရေးအကြောင်း ရေးသားထားတဲ့စာအုပ်ပါ။ Becoming ကိုတော့ Penguin Random House ထုတ်ဝေရေးက နိုဝင်ဘာ ၁၃ ရက်မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

Source : Rolling Stone


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က