In partnership with  logo
ဉာဏ်ပညာတွေ၊ ခွန်အားတွေ၊ ရူးသွပ်မှုတွေ၊ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ယောကျာ်းတွေနဲ့အတူ ရင်ဘောင်တန်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာကိုတွေ့နိုင်မှာပါ။

သမိုင်းတလျှောက်ကို ထုဆစ်ခဲ့သူတွေထဲမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေတာကိုတွေ့ရမှာပါ။ သူမတို့ရဲ့ ဉာဏ်ပညာတွေ၊ ခွန်အားတွေ၊ ရူးသွပ်မှုတွေ၊ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ယောကျာ်းတွေနဲ့အတူ ရင်ဘောင်တန်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာကိုတွေ့နိုင်မှာပါ။ တချို့ဆိုရင် တိုင်းပြည်ကို ဆယ်စုနှစ်တစ်ခုကျော် အုပ်ချုပ်ခဲ့ပြီး တိုင်းပြည်တိုးတက်မှု ယဉ်ကျေးမှုဖွံ့ဖြိုးမှုတွေက အမျိုးသမီးတွေဟာ ယောကျာ်းတွေထက်မနှိမ့်ကျကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ သမိုင်းတွင်ခဲ့တဲ့ တိုင်းပြည်ကို ဦးစီးခဲ့သူ အမျိုးသမီးတွေထဲက ထိပ်ဆုံး ၁၀ ယောက်ကိုဖော်ပြသွားပါမယ်။

၁။  Maria Theresa of Austria (1717-1780)

 

Maria Theresa ဟာ သြစတြီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား၊ ဘိုဟီးမီးယားနဲ့ အီတလီနိုင်ရဲ့ တစ်စိတ်တစ်ပိုင်း အပါအဝင် ဥရောပရဲ့နယ်မြေအများအပြားကို နှစ် ၄၀ ကျော် အုပ်စိုးခဲ့သူဖြစ်ပါတယ်။ သူမဟာ သားသမီး ၁၆ ယောက်ရှိပြီး နာမည်ကြီးတွေကတော့ Queen of France, Queen of Naples, Sicily တို့အပြင် Holy Roman Emperors ၂ ယောက်ပါဝင်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကြီးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပညာမသင်မနေစနစ်နဲ့အတူ ဘရပ်ဆဲလ် မှာ Royal Academy of Science and Literature ကိုတည်ထောင်ခဲ့ပြီး သိပ္ပံရှာဖွေမှုတွေကို အကူအညီပေးခဲ့ပါတယ်။ အခွန်တွေကို တိုးမြှင့်ကောက်ခံကာ ကုန်သွယ်မှုလုပ်ငန်းတွေကို ပြန်လည်ပြင်ဆင်ခဲ့တယ်။ စစ်တပ်အင်အားကိုလည်း နှစ်ဆနီးပါး တိုးချဲ့ခဲ့ပါတယ်။

၂။ Hatshepsut (1508 BC - 1458 BC)

 

ရှေးခေတ်အီဂျစ်ဘုရင်မဖြစ်ပြီးတော့ အီဂျစ်နိုင်ငံရဲ့သမိုင်းတလျှောက်မှာအအောင်မြင်ခဲ့ဆုံး အုပ်ချုပ်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ အဓိက ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဦးစီးခဲ့ပြီးတော့ Nubia , Syria , Levant စတဲ့ နေရာတွေကို စစ်တပ်တွေစေလွတ်ပြီး အရေးကြီးကုန်သွယ်ရေးလမ်းကြောင်းတွေကိုပြန်လည် ပြင်ဆင်ခဲ့ပြီး တိုင်းပြည်အတွက် ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းကို တည်ဆောက်ပေးခဲ့ပါတယ်။

၃။ Catherine the Great (1729-1796)

 

Catherine II လို့ လူသိများပြီး သမိုင်းထဲက အအောင်မြင်ဆုံးအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဂျာမန်မင်းသမီးတစ်ပါးဖြစ်ပြီး ရုရှား နိုင်ငံကို ၃၄ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ သူမဟာ Peter the Great's work ကို ရုရှားနည်းပညာတွေသာမက အနောက်တိုင်းယဉ်ကျေးမှုတွေနဲ့ ရောယှက်စေခဲ့ပြီး အကြံဉာဏ်အသစ်တွေကို လမ်းဖောက်ပေးခဲ့သူဖြစ်ခဲ့ပါတယ်။ သူမဟာ Ottoman Empire ကို စစ်ပွဲကြီး ၂ ခုမှာ အနိုင်ယူပြီး ရုရှားအင်ပါယာကို တိုက်ကြီး ၃ ခုအထိ ဖြန့်ကျက်စေနိုင်ခဲ့သူဖြစ်ပါတယ်။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမှုတွေ များစွာလုပ်ခဲ့ပြီး သူမအုပ်ချုပ်ခဲ့တဲ့ ကာလကို ရုရှားအင်ပါယာရဲ့ရွှေရောင်ခေတ် ဆိုပြီးတောင် သတ်မှတ်ထားပါတယ်။

၄။ Empress Wu Zetian (624-705)

 

Empress Wu Zetian ဟာ Tang မင်းဆက် ကာလအတွင်း တရုတ်ပြည်ကို အုပ်ချုပ်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးဧကရီ ဖြစ်ပါတယ်။ သူမရဲ့ အုပ်ချုပ်မှုပုံစံဟာ တရုတ်ပြည်ကြီးကို နယ်မြေတွေချဲ့ထွင်ပြီး စီးပွားရေးတိုးတက်စေခဲ့ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးလည်း အစအဆုံး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ သူမဟာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

၅။ Elizabeth I (1533-1603)

 

အင်္ဂလိပ်သမိုင်းမှာ အာဏာအရှိဆုံး ဧကရာဇ်တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ လက်ထပ်ထိမ်းမြားခဲ့ခြင်းမရှိတာကြောင့် Virgin Queen (အပျိုစင်ဘုရင်မ) ဆိုပြီးနာမည်တွင်ခဲ့ပါတယ်။ သူမဟာ Spanish Armada ကို အနိုင်ယူခဲ့ပြိး ၁၅၅၈ ခုနှစ်မှ ၁၆၀၃ ခုနှစ်ထိ သူမအုပ်ချုပ်ခဲ့ရာကာလကို Elizabethan Era ဆိုပြီး အမည်တွင်ခဲ့ပါတယ်။ Tudor Dynasty ရဲ့နောက်ဆုံး ဧကရာဇ်ဖြစ်တာနဲ့အညီ သူမဟာ ဘာသာတရားအရပြောင်းလဲမှုအကြီးစားလုပ်ခဲ့ပြီး အင်္ဂလန်နိုင်ငံကို Protestant country အဖြစ် ပြောင်းလဲခဲ့ပါတယ်

၆။ Indira Ghandi (1917-1984)

 

Ghandi ဟာ အိန္ဒိယနိုင်ငံရဲ့ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပါတယ်။ ၁၉၆၆ ခုနစ်ကနေ ၁၉၈၄ ခုနစ်အထိ ဝန်ကြီးချုပ်ရာထူးကို လေးကြိမ်တိုင် ဝင်ရွေးခံပြီး ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမဟာ ပါကစ္စတန်နဲ့တိုက်ပွဲကို နိုင်အောင်ကြိုးစားပေးခဲ့သူအဖြစ်နာမည်ကြီးခဲ့ပြီးး ထိုစစ်ပွဲရဲ့ အဆုံးသတ်အဖြစ်ဘင်ဂလားဒေ့ရှ်နိုင်ငံကို ဖန်တီးပေးသူဖြစ်ခဲ့ပါတယ်။  ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ နယူးဒေလီက သူမရဲ့အိမ်ရှိ ပန်းခြံထဲမှာ သက်တော်စောင့်နှစ်ယောက်ရဲ့ လုပ်ကြံမှုနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

၇။ Margaret Thatcher (1925-2013)

 

Margaret Thatcher ကတော့ ယူကေရဲ့ ဝန်ကြီးချုပ်အဖြစ် ၁၉၇၉ ခုနှစ်မှ ၁၉၉၀ အထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၂၀ ရာစုအတွင်း ဗြိတိန်နိုင်ငံရဲ့ ရာဇဝင်ထဲမှာ သက်တမ်းအကြာဆုံးတာဝန်ထမ်းဆောင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမရဲ့ စိတ်ဓာတ်မာကျောမှုကို ဆိုဗီယက်နိုင်ငံကတောင် Iron Lady ဆိုပြီး တင်စားခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ အာဂျင်တီးနားနဲ့ဖြစ်ခဲ့တဲ့ Falklands War မှာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့မှုကြောင့်လည်း နာမည်ကြီးခဲ့ပါသေးတယ်။ ဒါပေမဲ့ သူမရဲ့ စီးပွါးရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေဟာ အဝေဖန်ခံခဲ့ရပါတယ်။

၈။ Theodora (500-548)

 

Byzantine နိုင်ငံရဲ့ ဧကရီဖြစ်ပြီးတော့ Eastern Orthodox Church ရဲ့ သူတော်စင်တစ်ပါးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ဘုရင် Justinian I နဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီးတော့ ဘုရင့်ရဲ့ အယုံကြည်ရဆုံး အတိုင်ပင်ခံဖြစ်လာခဲ့တယ်။ ဘုရင့်အတိုင်ပင်ခံရာထူးကို အသုံးချကာ သူမရဲ့ ရည်ရွယ်ချက်တွေကိုအထမြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမဟာ နိုင်ငံခြားရေးကိစ္စတွေကို ကိုင်တွယ်ခဲ့ပြီးတော့ ပုန်ကန်မှုတွေကိုကြမ်းကြမ်းတမ်းတမ်းနှိမ်နင်းခဲ့ပါတယ်။ အဓိကသူမကြိုးစားခဲ့တာတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက်ပါ။ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ လူကုန်ကူးခြင်းဥပဒေတွေ ၊ ကွာရှင်းပြတ်ဆဲခြင်းဥပဒေတွေကို သေသေချာချာကိုင်တွယ်ခဲ့ပါတယ်။

၉။ Queen Victoria (1819-1901)

 

Queen Victoria ဟာ United Kingdom ရဲ့ ဘုရင်မဖြစ်ပြီးတော့ တိုက်ကြီး ခြောက်တိုက်ထိ ကျယ်ပြန့်ခဲ့တဲ့ ဗြိတိန်အင်ပါယာကို ၆၃ နှစ်ကြာ အုပ်ချုပ်ခဲ့သူလည်းဖြစ်ပါတယ်။ သူမအုပ်ချုပ်ခဲ့တဲ့သက်တမ်းဟာ ဗြိတိန်သမိုင်းတလျှောက်မှာ ဒုတိယ အကြာဆုံးဖြစ်ခဲ့ပါတယ်(ပထမအကြာဆုံးကတော့ Queen Elizabeth II ဖြစ်ပါတယ်)။ သူမအုပ်ချုပ်ခဲ့တဲ့ ကာလအပိုင်းအခြားကို Victorian Era လို့ခေါ်ခဲ့ပြီး သူမအုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဗြိတိန်နိုင်ငံသားအားလုံးနီးပါးကို မဲပေးခွင့်ကို ခွင့်ပြုခဲ့ပါတယ်။ သူမဟာ သူမရဲ့ နိုင်ငံအတွက် အလုပ်သမားဥပဒေ၊ ယဉ်ကျေးမှုဥပဒေ၊ နိုင်ငံရေး၊ စစ်တပ်အားလုံးကို ပြောင်းလဲခဲ့ပါတယ်။

၁၀။ Empress Dowager Cixi(1835-1908)

 

Empress Dowager Cixi ဟာ 1861 ကနေ 1908 ထိ ၄၇ နှစ်ကြာ Qing dynasty ကိုအုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ သူမဟာနည်းပညာတိုးတက်မှုနဲ့ စစ်ဖက်ဆိုင်ရာပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ပြီး အရာရှိတွေရဲ့အကျင့်ပျက် ချစားမှုတွေကို တိုက်ဖြတ်ခဲ့ပါတယ်။ ထို့အပြင် 1899-1901 မှာဖြစ်ခဲ့တဲ့ Boxer Rebellion အပါအဝင်အနောက်တိုင်းယဉ်ကျေးမှုတွေကိုတိုက်ထုတ်ခဲ့ပါတယ်။

Source : Big Think

Share

Loading Next Article...
က္က