In partnership with  logo
တကယ်လို့ အပြောကိုပဲ လိုချင်ရင် ယောကျာ်းတွေကိုမေးပါ။ အလုပ်တကယ် ပြီးချင်ရင်တော့ အမျိုးသမီးတွေကိုမေးပါ

အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ရင်ဘောင်တန်းနေတဲ့ ခေတ်ကြီးထဲမှာ အခုချိန်အထိ အမျိုးသမီးတွေဟာ အဖိနှိပ်ခံဖြစ်နေတဲ့နေရာတွေ ရှိနေပါတယ်။ ဘယ်လိုနှိမ့်ချမှုတွေရှိနေပါစေ အောင်မြင်အောင် ကြိုးစားခဲ့ကြတဲ့ အမျိုးသမီးတွေဟာလည်း ဒုနဲ့ဒေးပါ။ အဲဒီထဲကမှ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာ့ထိပ်သီးအမျိုးသမီးတွေရဲ့ အဆိုအမိန့်တွေက မဒီတို့ကို စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်စွမ်းရှိပါတယ်။

 

" ကြည့်နေကြတဲ့ မိန်းကလေးအားလုံးပဲ ... ကိုယ့်ကိုယ်ကိုယ် အစွမ်းရှိတယ်၊ တန်ဖိုးရှိတယ်ဆိုတာကို ဘယ်တော့မှ သံသယမဝင်ပါနဲ့။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ကမ္ဘာမှာရှိတဲ့ အခွင့်အရေးတိုင်းဟာ မိန်းကလေးတိုင်းနဲ့ သက်ဆိုင်ပါတယ်"

_ ဟီလာရီကလင်တန် (၂၀၁၆ ခုနှစ် မိန့်ခွန်းတစ်ခုမှ)

 

" အမျိုးသမီးဝါဒီဆိုတာက အမျိုးသမီးတွေကို ပိုပြီးကြံ့ခိုင်လာအောင် လုပ်ပေးတာမဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ ကြံ့ခိုင်ပြီးသားပါ။ အမျိုးသမီးဝါဒီဆိုတာက ကမ္ဘာက သူတို့ရဲ့အစွမ်းတွေကို သတိထားမိတဲ့ ပုံစံကိုပြောင်းလဲပေးခြင်းပါပဲ။

_ ဂျီ ဒီ အန်ဒါဆန်

 

" ကျွန်မအသံကို မြှင့်လိုက်တာက ကျွန်မ အော်ဟစ်နိုင်လို့မဟုတ်ဘူး။ တကယ်လို့ ကျွန်မတို့ တစ်ဝက်လောက်က အသံတိတ်နေမယ်ဆို အောင်မြင်နိုင်မှာမဟုတ်ပါဘူး "

_ မာလာလာ ယူဆွတ်ဇိုင်

 

" တကယ်လို့ အပြောကိုပဲ လိုချင်ရင် ယောကျာ်းတွေကိုမေးပါ။ အလုပ်တကယ် ပြီးချင်ရင်တော့ အမျိုးသမီးတွေကိုမေးပါ"

_ မားဂရတ် သက်ချာ

 

"ကျွန်မက ခက်ခဲကြမ်းတမ်းမှုတွေကို ခံနိုင်ရည်ရှိတယ်။ မျှော်လင့်ချက်ကြီးတယ်။ နောက်ပြီး ကျွန်မက ကျွန်မလိုချင်တာကိုသေချာသိတယ်။

အဲဒါက ကျွန်မကို ဆိုးသွမ်းတဲ့မိန်းမတစ်ယောက် ဖြစ်စေမယ်ဆိုလည်း ကျွန်မက အိုကေပါ"

_ မက်ဒေါနား

 

" အမျိုးသမီးဝါဒီဆိုတာက အမျိုးသမီးတွေကို ပိုပြီးကြံ့ခိုင်လာအောင် လုပ်ပေးတာမဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ ကြံ့ခိုင်ပြီးသားပါ။ အမျိုးသမီးဝါဒီဆိုတာက ကမ္ဘာက သူတို့ရဲ့အစွမ်းတွေကို သတိထားမိတဲ့ ပုံစံကိုပြောင်းလဲပေးခြင်းပါပဲ။

_ ဂျီ ဒီ အန်ဒါဆန်

 

အမျိုးသမီးတွေ အမြဲပြောနေတာရှိတယ်။ ယောကျာ်းတွေလုပ်နိုင်သမျှအကုန် ကျွန်မတို့ လုပ်နိုင်တယ်ဆိုပြီးတော့။ ဒါပေမဲ့ ယောကျာ်းတွေကမှ

အမျိုးသမီးတွေလုပ်နိုင်သမျှအကုန် ငါတို့လုပ်နိုင်တယ်ဆိုပြီး ပြောနေရမှာ"

_ ဂလိုရီယာ စတိုင်းနမ်

 

"ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက်က အပြင်ထွက်ပြီးတော့ ကမ္ဘာကြီးကို ခါးစောင်းတင်ထားနိုင်တာကို မြင်ချင်တယ်။

ဘဝဆိုတာ အနိမ့်အမြင့်တွေရှိတယ်။ အသားကျအောင်နေတတ်ဖို့ အရေးကြီးတယ်"

_မာယာ အန်ဂျလို

 

Share

Loading Next Article...
က္က