ဝယ်ပြီးတော့မှ မဝတ်ချင်တော့တာမျိုး ချောင်ထိုးထားရတဲ့တီရှပ်တွေကို ဒီလိုလုပ်ပစ်မယ်

လူတိုင်းလိုလိုမှာ တီရှပ်တွေတော့ ရှိကြမှာပါ။ ဝတ်လို့လွယ်ပြီး ပေါ့ပေါ့ပါးပါးရှိတယ်လေ။ မဝတ်ချင်တော့တဲ့ တီရှပ်တွေ၊ ဝတ်လို့မရတော့တာတွေကို acessories ဖြစ်အောင် ပုံပြောင်းပြီး ပြန်ဝတ်ကြမလား။

၁။ Headband

nosewheadband14.jpg 

ချစ်စရာကောင်းတဲ့ Headband လေး လုပ်ဖို့အတွက် လိုအပ်တာက တီရှပ်တစ်ထည်နဲ့ စိတ်ကူးစိတ်သန်းလေးပါပဲနော်။ ဥပမာတစ်ခုကို ပြောရရင်တော့ ပုံထဲကလိုမျိုးလေး ဆေးစက်လေးတွေချပြီး လုပ်ကြည့်ပါလား။ အစက်ချတာ ညီချင်ရင် ခဲတံနောက်က ခဲဖျက်နဲ့ ဆေးဘူးထဲနှစ်ပြီး အစက်လေးတွေချကြည့်ပါနော်။

၂။ ခေါင်းစည်းကြိုး

5a8c86601e000008087ac4b8.jpeg 

တီရှပ်ကို အမြောင်းလေးတွေဖြစ်အောင်ညှပ်ပါ။ ပြီးရင် ကျစ်ဆံမြီးလိုမျိုး ကျစ်လိုက်။ ခေါင်းစည်းကြိုးလေးရပြီ။ ဆံထုံးလေးတွေနဲ့ဆို အရမ်းလိုက်တာ။

၃။ လည်စည်းပုဝါ

5a8c81c01e000017087ac4b0.jpeg 

ဒါကတော့ တီရှပ်နှစ်ထည် လိုမယ်နော်။ အစွန်းနှစ်ဖက်ကို ဆက်ပြီး ချုပ်လိုက်ပါ။ ကျန်တဲ့တစ်ဖက်ကိုတော့ လိမ်ပြီးကျစ်လိုက်ပေါ့။

Source : Huff Post

Share

Loading Next Article...
က္က