In partnership with  logo
" ဘယ်သူကမှ ပြောင်းလဲရေးသမားအဖြစ်နဲ့ မွေးလာတာမဟုတ်ဘူးဆိုတာကို သတိရပါ။ မင်းအနေနဲ့ ပြဿနာတစ်ခုကို မြင်တဲ့အခါ တစ်စုံတစ်ခု ဖြစ်လာတယ်။ ပြီးတော့ ဖြေရှင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ရဲရင့်လာတာပါပဲ"

နည်းပညာနယ်ပယ်ထဲက သြဇာကြီးမားတဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်၊ အမျိုးသမီးတွေနဲ့ ပရဟိတလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေသူ မီလင်ဒါဂိတ်စ်က လူငယ်တွေကို အားပေးစကားပြောခဲ့ပါတယ်။ ယခုလ အစောပိုင်းမှာ မီလင်ဒါနဲ့ ခင်ပွန်းသည် ဘီလ်ဂိတ်စ်တို့ဟာ ဖေ့စ်ဘုတ်ကနေ Live လွှင့်ခဲ့ပြီး မေးမြန်းချက်တွေကို ဖြေခဲ့ကြတယ်။ Live လွှင့်တဲ့ပို့စ်အောက်က comment နဲ့ မေးမြန်းမှုတွေကို မီလင်ဒါနဲ့ ဂိတ်စ်တို့က ရွေးချယ်ခဖြေကြားခဲ့ကြတာပါ။

 

အကောင်းဆုံး မေးခွန်း ၈ ခုကို မီလင်ဒါတို့နှစ်ယောက်က ရွေးချယ်ပြီး gatesnotes.com ကနေ ပြန်လည် ဖြေကြားခဲ့ပါတယ်။ " ကမ္ဘာကြီး ပိုမိုကောင်းမွန်လာဖို့အတွက် ပြောင်းလဲမှုတွေလုပ်ချင်နေတဲ့ လူငယ်တွေကို ဘယ်လိုအကြံပေးမလဲ" ဆိုတဲ့ မေးခွန်းက ထိပ်ဆုံးက ရွေးချယ်ဖြေကြားခဲ့တယ်။

 

" ဘယ်သူကမှ ပြောင်းလဲရေးသမားအဖြစ်နဲ့ မွေးလာတာမဟုတ်ဘူးဆိုတာကို သတိရပါ။ မင်းအနေနဲ့ ပြဿနာတစ်ခုကို မြင်တဲ့အခါ တစ်စုံတစ်ခု ဖြစ်လာတယ်။ ပြီးတော့ ဖြေရှင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ရဲရင့်လာတာပါပဲ" လို့ မီလင်ဒါက ဖြေကြားခဲ့ပါတယ်။

 

Marjory Stoneman Douglas High School က ငယ်ရွယ်တဲ့ယောက်ျားလေး၊ မိန်းကလေးတွေကို ဥပမာပေးခဲ့တယ်။ သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်မှုအပြီး အမေရိကမှာ သေနတ်ထိန်းချုပ်ရေးဥပဒေထုတ်ဖို့ ကျောင်းသူ၊ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုနေကြတာပါ။ ရဲရင့်မှု၊ မျှော်လင့်ချက်၊ ဆုံးဖြတ်အာမခံမှုတွေနဲ့ အသိပညာဗဟုသုတတွေသာလျှင် ကျွန်မတို့တွေရဲ့ ရပ်တည်မှုနဲ့ တောင်းဆိုမှုအတွက် ဖြစ်လာနိုင်မယ်လို့ မီလင်ဒါက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Source : Gates Notes

Share

Loading Next Article...
က္က