ချိုမြိန်တဲ့ သစ်သီးလေးတွေပေါ်မှာ ဘယ်ရီသီးအနှစ် ဆမ်းထားတော့ လျှာပေါ်က ရသာခံဆဲလ်လေးတွေကို လှုံ့ဆော်ပေးနိုင်မဲ့ အစားအစာတစ်မျိုးဆိုရင်လည်း မမှားပါဘူး။

နွေရာသီမှာ ရင်ကိုအေးမြစေမဲ့ အစားအစာလေးတွေကိုမြင်ရင် အလိုလိုစိတ်ချမ်းသာ ရပါတယ်။ ဒီနေ့မှာတော့ သစ်သီးဝလံ မျိုးစုံနဲ့ ပြုလုပ်ထားပြီး မြင်လိုက်တာနဲ့ စားချင်စိတ်ပေါက်စေမဲ့ သွားရည်စာလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။

 

အဲဒါကတော့ Banana Boat (ငှက်ပျောသီးလှေ) ဆိုတဲ့ အချိုပွဲလေးပါပဲ။ ချိုမြိန်တဲ့ သစ်သီးလေးတွေပေါ်မှာ ဘယ်ရီသီးအနှစ် ဆမ်းထားတော့ လျှာပေါ်က ရသာခံဆဲလ်လေးတွေကို လှုံ့ဆော်ပေးနိုင်မဲ့ အစားအစာတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ ပြုလုပ်နည်းကို ဆက်ဖတ်ကြည့်ပေးကြပါဦးနော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-2-28 Banana Boats(1).png 

ငှက်ပျောသီးအကြီး (၃) လုံး၊ စတော်ဘယ်ရီသီး (၂၀၀) ဂရမ်၊ ရက်စ်ဘယ်ရီသီး၊ စပျစ်သီးခြောက်၊ သကြား (၁၀၀) ဂရမ်၊ သံပုရာရည် (၁) ခွက်စာတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-2-28 Banana Boats(2).png 

အရင်ဆုံး စတော်ဘယ်ရီသီးနဲ့ ရက်စ်ဘယ်ရီသီးတို့ကို ရေစိမ်ပေးလိုက်ပါ။ (၁၂) နာရီခန့်ကြာအောင် ရေစိမ်ပေးရမှာပါ။ ပြီးရင်တော့ သစ်သီးဖျော်စက်တစ်လုံးထဲကို ဘယ်ရီသီးတွေကိုထည့်ပြီး ကြိတ်ပေးလိုက်ပါ။ ရလာတဲ့ ဘယ်ရီသီးဖျော်ရည် အနှစ်တွေကိုတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။

ဘယ်ရီသီးဖျော်ရည်ထဲကို သကြားထည့်ပြီးရင် ဒယ်အိုးတစ်လုံးထဲမှာ အချိန်တစ်နာရီခန့် ကြိုချက်ပေးလိုက်ပါ။ ဘယ်ရီသီးဖျော်ရည် ကြိုနေချိန်မှာ သစ်သီးတွေကို လှီးပေးရပါမယ်။ ငှက်ပျောသီးရယ်၊ စတော်ဘယ်ရီသီးရယ်ကို အစိတ်လေးတွေ လှီးဖြတ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲမှာ စီထည့်ထားပေးလိုက်ပါ။

ငှက်ပျောသီးကို ပုံမှန်အတိုင်း ထိပ်ကနေဖြတ်ပြီး မထုတ်ဘဲ အလည်ကနေ ဓားလေးနဲ့ခွဲပြီး ငှက်ပျောအသားကို ထုတ်ပေးပါ။ ဒါမှသာ ပြီးရင် ငှက်ပျောခွံကို ငှက်ပျောသီးလှေ (Banana Boat) လုပ်ဖို့အတွက် container အဖြစ် အသုံးပြုလို့ရမှာပါ။ ငှက်ပျောသီးအခွံကို မလွှင့်ပစ်ဘဲ သိမ်းထားဖို့ မမေ့ပါနဲ့ဦး။

 

ပြီးရင်တော့ အပေါ်ကနေ သကြားနည်းနည်းနဲ့ သံပုရာရည် ဆမ်းပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ခဏလောက် အအေးခံထားပေးလိုက်ပါ။ ငှက်ပျောသီးအခွံကို အသာလေးပြန်ဖြဲလိုက်ပြီး အဟလေးထဲမှာ သစ်သီးစိတ်လေးတွေကို အရင်စီထည့်ပေးလိုက်ပါ။ ပြီးရင် ခုနကချက်ထားတဲ့ ဘယ်ရီသီးအနှစ်ကို အပေါ်က လောင်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိပြီး စားလို့ကောင်းတဲ့ Banana Boat လေးကို အသင့်သုံးဆောင်နိုင်ပါပြီနော်။

Source: Sidechef

Share

Loading Next Article...
က္က