ရင်ဖွင့်စရာ တိုင်ပင်စရာ အကောင်းဆုံး...... ကူပြီးရန်ဖြစ်ပေးမယ့်လူဆိုတာလည်း မိန်းကလေးသူငယ်ချင်းတွေပဲ

ကိုယ့်မှာရှိနေတဲ့ သူငယ်ချင်းတွေဟာ ဘဝရဲ့ အဖိုးတန်လူသားတွေပါ။ သူငယ်ချင်းတွေထဲကမှ မိန်းကလေးသူငယ်ချင်းတွေ ဆိုတာကလည်း ညီအစ်မရင်းတွေလိုပါပဲ။ သူတို့ရှိနေပေးလို့သာ ကိုယ့်မှာ တိုင်ပင်ဖော်ကောင်းတွေ ရလာတာလေ။

 

၁။ ကိုယ့်အနားမှာမရှိဘူးဆိုရင်တောင် အဝေးကနေ ရင်ဖွင့်သမျှ နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူချင်းမတွေ့နိုင်လည်း အဆက်အသွယ်မပြတ် ရင်းရင်းနှီးနှီး နေပေးလို့ပါ။

၂။ စိတ်ဓာတ်ကျတိုင်း အမြဲတမ်း အားပေးတယ်။ အောင်မြင်မှုတွေ ရှိလာရင်ဝမ်းသားအားရ ပျော်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။

 

၃။ ကိုယ့်ကို တန်ဖိုးထားပေးတယ်။ ဂရုစိုက်ပေးတယ်။ အဲ့ဒီအတွက် စိတ်လေနေတာတွေ ရပ်တန့်သွားလို့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။

၄။ အဆင်မပြေချိန်တိုင်းမှာ ကိုယ့်ဘက်မှာ နေပေးတာလည်း သူငယ်ချင်းတွေပါပဲ။ မိန်းကလေးသူငယ်ချင်းတွေက အချင်းချင်း စည်းလုံးတယ်လေ။

 

၅။ နောက်တစ်ခုက မိန်းကလေးသူငယ်ချင်းတွေကြောင့် ပိုလှလာရတာပါ။ အဖွဲ့ထဲမှာ အလှကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်လောက် ပါနေရင် ကျေးဇူးတင်လိုက်တော့။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း လှလှလေးနေသလို သူများတွေလှအောင်လည်း ပြင်ပေးတတ်တာကိုး။

Share

Loading Next Article...
က္က