မက္ကဆီကိုမှာ "lucha libre" လို့ ခေါ်တဲ့ အမျိုးသမီး နပမ်းသမားတွေ နေထိုင်ကြပါတယ်။ နပမ်းသတ်တဲ့အားကစားကို ပရော်ဖက်ရှင်အဖြစ်နဲ့ လုပ်ကိုင်ရပ်တည်နေကြသူတွေပါ။ ပြီးတော့ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး သတ်ပုတ်ကြတဲ့ အာဂမိန်းမတွေလည်း ဖြစ်ကြပါတယ်။
အသက် ၄၂ နှစ်အရွယ် Brillo de Luna ကတော့ အဲ့ဒီနပမ်းမယ်တွေထဲက တစ်ဦးပါ။ သူကတော့ ကလေး ၃ ယောက်မိခင်ဖြစ်ပြီး ပရော်ဖက်ရှင်နယ် နပမ်းသမားလည်းဖြစ်ပါတယ်။ ယောကျ်ားတွေနဲ့ယှဉ်ပြီး နပမ်းသတ် အနိုင်ယူရတာကို သူက ဂုဏ်ယူတယ်။
" ကျွန်မတို့က ကြီးမားပြီး ကြံ့ခိုင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး။ ကျွန်မတို့မှာ skill ရှိတယ်၊ ပြိုင်ပွဲတစ်ခုမှာ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာသိတယ်၊ ပြီးတော့ ကျွန်မတို့က ယောက်ျားတွေကို အနိုင်ယူနိုင်ပါတယ်" လို့ Moonbeam တဖြစ်လည်း Brillo de Luna က ဆိုပါတယ်။ သူ့ရဲ့ နပမ်းမယ်သက်တမ်း ၁၅ နှစ်အတွင်း ယောက်ျား အယောက် ၇၀ နီးပါးကို အနိုင်ယူခဲ့ပြီးပါပြီ။
မက္ကဆီကိုမှာ နှစ်စဉ် အမျိုးသမီး ၃၀၁ ဦးဟာ သတ်ဖြတ်ခံနေရပါတယ်။ အဲ့ဒီအတွက် Moonbeam တို့လို နပမ်းမယ်တွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်သွားအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေကြတယ်။ ခွန်အားသန်မာတယ်ဆိုပြီး ယောက်ျားတွေက အမျိုးသမီးတွေအပေါ် အနိုင်ကျင့်အကြမ်းဖက်တာမျိုး မလုပ်ဖို့ သူတို့က လှုံ့ဆော်နေကြပါတယ်။
Source : Womenintheworld