In partnership with  logo
ယောက်ျားတွေကို မုန်းတီးနေရတာမျိုးမဟုတ်ဘူး။

အမျိုးသမီးတွေဟာ အရင်တုန်းကလို ခေါင်းငုံ့ငြိမ်ခံ မနေကြတော့ဘူး။ နယ်ပယ်အသီးသီးမှာ ဦးဆောင် လှုပ်ရှားနေကြပါပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း အမျိုးသမီးတွေဟာ Feminism (အမျိုးသမီးဝါဒီ)ကို ဦးတည်လှုပ်ရှားလာနေကြပါတယ်။ တချို့ကတော့ အမျိုးသမီးဝါဒီရဲ့ ဆိုလိုရင်း ရည်ရွယ်ချက်ကို မသိကြသေးပါဘူး။

 

အမျိုးသမီးဝါဒီဆိုတာက စကားလုံးတစ်လုံးထက် ပိုပါတယ်။ အမျိုးသမီးတွေရဲ့ လူမှုရေး၊ နိုင်ငံရေး၊ ဥပဒေရေးပိုင်းနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေမှာ အမျိုးသားတွေနဲ့တန်းတူညီမျှ ဖြစ်ရေးအတွက် ဦးဆောင်လှုပ်ရှားကြတဲ့ အရာကို အမျိုးသမီးဝါဒီလို့ ခေါ်ပါတယ်။ ဒါဟာ ယောက်ျားတွေကို မုန်းတီးနေရတာမျိုး မဟုတ်ပါဘူး။ တန်းတူညီမျှရေးအတွက်သာ ဖြစ်ပါတယ်။

၁၈၇၃ ခုနှစ်က ပြင်သစ်နိုင်ငံမှာ လူမှုရေးတက်ကြွလှုပ်ရှားရေးသမား Charles Fourier က feminisme (အမျိုးသမီးဝါဒီ) ဆိုတာကို စတင်သုံးစွဲခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လက်တွေ့ဘဝနဲ့မအပ်စပ်တဲ့ အနာဂတ်ကနေ အမျိုးသမီးတွေ လွတ်မြောက်ဖို့အတွက် ဖော်ပြလိုခဲ့တာပါ။

၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလတွေမှာတော့ အမျိုးသမီးဝါဒီဆိုတဲ့ စကားလုံးကို အမျိုးသမီးတွေ မဲပေးခွင့်ရရေးမှာ သုံးလာကြတယ်။ နောက်ပိုင်းတော့ ပိုပြီး အဓိပ္ပာယ်ရှိရှိသုံးစွဲလာကြပါတယ်။ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အမျိုးမျိုးသော ခွဲခြားဆက်ဆံခံရမှုတွေကို အခြေခံပြီး အမျိုးသမီးတွေ တန်းတူညီမျှ အခွင့်အရေးရဖို့ကို ဆက်လက်လှုပ်ရှားလာကြတာ ယနေ့အထိပါပဲ။ ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေဟာ လူမျိုးရေး၊ အဆင့်အတန်း၊ လူမျိုးနွယ်စု၊ ဘာသာရေးနဲ့ လိင်တိမ်းညွှတ်မှုတို့လို ကိစ္စတွေမှာ ခွဲခြားဖိနှိပ် ဆက်ဆံခံနေရပါတယ်။ အဲ့ဒီအတွက် အမျိုးသမီးတွေအနေနဲ့ တန်းတူညီမျှ အခွင့်အရေးရဖို့၊ လုပ်ပိုင်ခွင့်ရှိဖို့အတွက် အမျိုးသမီးဝါဒီတွေ ဖြစ်နေဖို့လိုပါတယ်။

Ref : UN Women

Share

Loading Next Article...
က္က