In partnership with  logo
နံပါတ် ၃ အချက်က တကယ့်ကို အသုံးတည့်မှာ သေချာတယ်။

အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေဟာ အလုပ်ထဲမှာ ကိုယ့်ကို ချစ်ခင်လေးစားမှုရနေဖို့ကို လိုလားကြတယ်။ ကိုယ့်ကို လူတွေ အထင်သေးမှာ၊ မလေးမစားလုပ်မှာကို ဘယ်သူမှ မလိုလားဘူးလေ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေရော အလုပ်ထဲက လူတွေအပေါ်မှာရော သြဇာညောင်းဖို့အတွက် ဒီလိုလေးတွေ ပြင်ဆင်လို့ရပါတယ်။


၁။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ကိုယ်နေဟန်ထား

19.jpg 

ခေါင်းကိုနည်းနည်းလေးမော့ပြီး ပခုံးမတ်မတ်ထား၊ လက်မောင်းတွေကို ပိုပြီးကျယ်ပြန့်အောင်ဖြန့်ထားတဲ့ ကိုယ်နေဟန်ထားလိုမျိုးဟာ testosterone ဟော်မုန်းတွေ တိုးလာစေတယ်။ အဲ့ဒီဟော်မုန်းတွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ဆက်စပ်နေပါတယ်။ ပြီးတော့ ကော်တီဇောလို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းကို လျော့ကျစေတယ်။ ကိုယ်နေဟန်ထားကို မတ်မတ်လေးနေကြည့်မယ်ဆို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရလာပါလိမ့်မယ်။ သူများတွေကလည်း ကိုယ့်ကိုသဘောကျလေးစားနေလိမ့်မယ်။

၂။ တောင့်တောင့်ကြီးမရပ်နဲ့

31.jpg 

Presentation တွေ ရှိတဲ့အခါ အတောင့်လိုက်ကြီး မတ်တပ်မရပ်ပါနဲ့။ လှုပ်ရှားမှုလေးတွေ ရှိပါစေ။ ခေါင်းငြိမ့်တာ၊ လက်ဟန်မူရာ သုံးတာလေးတွေ ထည့်ပြီးလှုပ်ရှားပါ။

၃။ ရန်သူ့ဘေးမှာထိုင်

34.jpg 

အစည်းအဝေးခန်းတွေမှာ ကိုယ်နဲ့မတည့်တဲ့လူ ပါလာရင် သူ့ဘေးမှာပဲ ထိုင်လိုက်ပါ။ မျက်နှာချင်းဆိုင်နေတဲ့လူကို မြင်ရရင် ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်ရမယ်လေ။ ဘေးမှာထိုင်နေရင်တော့ သူ့ကို မမြင်ရလို့ စိတ်အနှောင့်အယှက်ဖြစ်တာ နည်းသွားတယ်။ ပြီးတော့ ကိုယ့်ကို သတ္တိရှိ ရဲရင့်သူအဖြစ်နဲ့ သူ့ဘက်က မြင်သွားတာကြောင့်မို့လို့လည်း ရန်မစရဲတော့ဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က