ကိုယ်အလေးချိန်များနေလို့ ဝိတ်လျှော့ချင်ရင် ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့ အစားအစာတွေကို လျှော့စားရမှာပါ။

ဝတယ်ဆိုတာ မကောင်းပါဘူး။ ကိုယ်အလေးချိန် များနေရင် ဝတ်ချင်တဲ့ အဝတ်အစား လှလှလေးတွေကိုလည်း ဝတ်မရ၊ ရှိပြီးသား အဝတ်အစားကောင်းတွေကိုလည်း မတော်နဲ့ တော်တော်တိုင်ပတ်ပါတယ်။ ကိုယ်အလေးချိန်များနေလို့ ဝိတ်လျှော့ချင်ရင် ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့ အစားအစာတွေကို လျှော့စားရမှာပါ။ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုလည်းနည်း၊ အရသာလည်းရှိတဲ့ အစားအစာလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ပန်းဂေါ်ဖီထမင်းကြော်ပါပဲ။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-9 (5) Low Carb Asian Cauliflower Fried Rice - YouTube(1).png 

ပါဝင်ပစ္စည်းတွေကတော့ ပန်းဂေါ်ဖီ (၁) ခြမ်း၊ သံလွင်ဆီ (သို့) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်း၊  ကြက်သွန်ဖြူ (၂) ဇွန်းရယ်၊ တရုတ်နံနံကြီး (၂) ပင်၊ ငရုပ်ပွသီး (၁) ခြမ်း၊ မုန်လာဥ (၁) လုံးနဲ့ သခွားဖရုံသီး (၁) ခြမ်း၊  ပဲငံပြာရည် (၁) ဇွန်း၊ တရုတ်ရိုးရာ Hoisan sauce (၁) ဇွန်း၊ နှမ်းဆီ (၁) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-3-9 (5) Low Carb Asian Cauliflower Fried Rice - YouTube(2).png 

အရင်ဆုံး ပန်းဂေါ်ဖီ တစ်ခြမ်းကို အပွင့်လေးတွေပဲရအောင် လှီးထုတ်ပြီး မွှေစက်ထဲမှာ ထည့်မွှေပေးလိုက်ပါ။ အမှုန့်လေးတွေ ရသည်အထိ ညက်ညက်ကြေသွားပြီဆိုရင် မွှေစက်ထဲကနေ ပန်းကန်လုံးတစ်လုံးထဲကို ပြောင်းထည့်ပေးလိုက်ပါ။

ဒယ်အိုးပြားတစ်လုံးထဲမှာ သံလွင်ဆီ (သို့) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းခန့် အရင်ထည့်လိုက်ပါ။ ပြီးရင် ညက်ညက်ကြေအောင်ထောင်းထားတဲ့ ကြက်သွန်ဖြူ (၂) ဇွန်းရယ်၊ တရုတ်နံနံကြီး (၂) ပင်ကို နုတ်နုတ်စင်းထားတာရယ်ကို ဆီသတ်ပေးလိုက်ပါ။

 

ကြက်သွန်ဖြူ ဆီသတ်ပြီးရင် ငရုပ်ပွသီး (၁) ခြမ်း၊ မုန်လာဥ (၁) လုံးနဲ့ သခွားဖရုံသီး (၁) ခြမ်းတို့ကို အတုံးလေးတွေတုံးပြီး ဆီပူအိုးထဲ ထည့်ပေးလိုက်ပါ။ ပြီးရင် ပဲငံပြာရည် (၁) ဇွန်းရယ်၊ တရုတ်ရိုးရာ Hoisan sauce (၁) ဇွန်းရယ်၊ နှမ်းဆီ (၁) ဇွန်းရယ်၊ ခုနက အမှုန့်ကြိတ်ထားတဲ့ ပန်းဂေါ်ဖီရယ်ကို ဒယ်အိုးထဲ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပေးလိုက်ပါ။

 

(၅) မိနစ်ခန့်ကြာအောင် ကြော်ပြီးရင်တော့ ပန်းဂေါ်ဖီထမင်းကြော်လေးကို ရရှိပါပြီ။ ထမင်းကြော်ဆိုပေမဲ့ ဆန်ထမင်းမပါတဲ့အတွက် ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးပြီး ဝိတ်ချချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ မိမိနှစ်သက်ရာ ဟင်းချိုတစ်ခုခုနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: MyFoodStory

Share

Loading Next Article...
က္က