In partnership with  logo
"Girl Power" "Me Too" "No More" စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ခဲ့ကြတယ်။

ယခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ ကမ္ဘာတစ်ဝန်းမှာ အရင်နှစ်တွေကထက် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။ နှစ်စဉ် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၈ ခုနှစ်နှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ #PressForProgress ဖြစ်ပြီး နယ်ပယ်အသီးသီးကအမျိုးသမီးတွေရဲ့ကဏ္ဍ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ပါတယ်။

 

စပိန်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာတော့ အမျိုးသမီးပေါင်း ၅.၃ သန်းက လမ်းလျှောက်ပြီး ချီတက်ဆင်နွှဲခဲ့ကြတယ်။ ခရမ်းရောင်တွေကို ဝတ်ဆင်ကြတယ်။ Planned Parenthood အတွက် လှူဒါန်းတာတွေနဲ့ အမျိုးသမီးနိုင်ငံရေးသမားတွေကို စာရေးသားပေးပို့ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဆင်နွှဲခဲ့ကြပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် စည်းလုံးညီညွတ်ကြတာနဲ့ ကျား၊မ တန်းတူညီမျှရေးအတွက်လည်း လမ်းလျှောက်ချီတက်ရင်း တောင်းဆိုခဲ့ကြတယ်။

 

စပိန်မှာ ၁၉၀၉ ခုနှစ်တည်းက ကျား၊မ တန်းတူညီမျှရေးအတွက် နှစ်စဉ်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ #MeToo နဲ့ #NoMore စာတမ်းတွေကို ကိုင်ဆောင်လာကြတာလည်းတွေ့ရပါတယ်။ #MeToo ဆိုတာကတော့ လုပ်ငန်းခွင်ထဲက လိင်နှောင့်ယှက်မှုတွေကိုရပ်တန့်ဖို့ ပြုလုပ်တဲ့ကမ်ပိန်းဖြစ်ပြီး NoMore ကတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ကျူးလွန်မှုတွေ အဆုံးသတ်ဖို့ရည်ရွယ်တဲ့ ကမ်ပိန်း ဖြစ်ပါတယ်။

 

The Gurardian မှာ ဖော်ပြချက်အရ စပိန်က လူပေါင်း ၅.၃ သန်းဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ထောက်ခံဖို့ လမ်းလျှောက်ခဲ့ကြသလို လိင်ကွာဟချက်တွေအပေါ် သတိထားမိလာစေဖို့ လမ်းလျှောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ချီတက်သူတွေထဲမှာ လူသိများတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့သလို မက်ဒရစ်မြို့တော်ဝန် Manuela Carmena နဲ့ ဘာစီလိုနာမြို့တော်ဝန် Ada Colau တို့လည်း ပါဝင်ခဲ့ကြပါတယ်။ BBC ရဲ့ သတင်းမှာတော့ မင်းသမီး Penelope Cruz ဟာ ဒီလမ်းလျှောက်ပွဲမှာပါဖို့အတွက် ချိန်းထားတာတွေကိုတောင် ဖျက်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Source : Instyle


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က